ကျွန်တော်တို့တွေဟာ ကိုယ့်အနားကလူတွေရဲ့ အရေးပါမှုကို သတိမထားမိဘဲ အမှုမဲ့အမှတ်မဲ့နေမိတတ်ကြပါတယ်။
အကယ်ရျ် ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ ချစ်သူတွေ မရှိများ မရှိခဲ့ရင် ကျွန်တော်တို့တွေဟာ အတွေးလွန်ခြင်း၊ အထီးကျန်အားငယ်ခြင်းတွေနဲ့ ပိတ်မိနေမှာပဲ ဖြစ်ပါတယ်။
သူတို့တွေရှိနေတဲ့အတွက်..
(1) နွေးထွေးမှုတွေ၊ maslowပြောတဲ့ belonging needsတွေ ပြည့်ဝစေပါတယ်၊
(2) စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ထွက်ပေါက်ဖြစ်စေတယ်၊ စိတ်ညစ်စရာတွေကို အာရုံလွှဲမိစေတယ်၊
(3) စိတ်ဒဏ်ရာတွေ၊ griefတွေအတွက် အထိုက်အလျောက်ကူညီပေးတဲ့ အားဆေးတွေလိုဖြစ်စေတယ်၊
(4) တစ်ယောက်တည်းဖြစ်တဲ့အခါ လုပ်မိတဲ့ အပြုအမူအမှားတွေလျော့စေမယ်၊
(ဥပမာ- self harmလုပ်မိတာ၊ စိတ်ညစ်တိုင်းအရက်လှိမ့်သောက်တာစသဖြင့်)
လေ့လာတွေ့ရှိချက်တွေအရ ချစ်သူ၊ သူငယ်ချင်းတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရရှိခဲ့သူတွေက မရရှိသူတွေထက် အသက်ပိုရှည်ကြောင်းတွေ့ရှိရပါတယ်။
ဒါ့အပြင် mental health professionတွေ တညီတညွတ်တည်းပြောကြတဲ့ well beingထဲက social well beingဟာလည်း မိသားစုဝင်၊ သူငယ်ချင်း၊ ချစ်သူတွေနဲ့ ကောင်းမွန်သောဆက်ဆံခြင်းက ရရှိနိုင်ပါတယ်၊
အကယ်လို့သာ သူတို့မရှိခဲ့ရင် well being ထဲက social well beingဟာ lackဖြစ်နေမှာပဲ ဖြစ်ပါတယ်၊
တစ်ဖက်ကလည်း toxic personတွေနဲ့ surroundမလုပ်မိဖို့လိုပါသေးတယ်။
ဒါကြောင့် ကျွန်တော်အနေနဲ့ပြောချင်တာကတော့ ကိုယ့်အနားမှာအမြဲရှိနေပေးနေတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ ချစ်သူတွေကို ကျေးဇူးတင်ဖို့ နောက်မကျသေးပါဘူးနော်။
ကိုယ့်ဘက်ကလည်း positiveတွေကို မိမိပတ်ဝန်းကျင်ကလူတွေကို ပေးသလို၊ ကိုယ့်ကိုပြန်ပေးနိုင်တဲ့ လူတွေနဲ့ဆက်ဆံရင်း ပျော်ရွှင်ကျန်းမာတဲ့ societyလေး တည်ဆောက်နိုင်မှာ အမှန်ပါပဲခင်မျာ…
အားလုံးကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်ရင်း အဆင်ပြေပါစေ…
လူငယ်တွေ စိတ်ဖိစီးစိတ်ဓာတ်ကျခြင်း၊ Relationshipနဲ့ပတ်သတ်သော စိတ်ခံစားချက်ပြဿနာများအပြင် emotional support အကူအညီလိုအပ်ရင်လဲ Hug Myanmar မှာ စိတ်ခွန်အားဖြစ်စေတဲ့ စာတွေကို ဝင်ရောက် ဖတ်ရှုလို့ရပါတယ်နေ်
