ညဘက်ဘယ်လိုမှအိပ်မရဖူး။ မိုးလင်းပေါက် အိပ်မပျော်ဖူး။ ဖုန်းမကြည့်ပေမယ့်လည်း အိပ်မရဖူး ဆိုတာ အခု လူငယ်တော်တော်များများမှာ ဖြစ်နေတာတွေ့ရပါတယ်။

အဓိက ရန်သူကတော့ ကိုယ့်ရဲ့ စိတ်၊အတွေးတွေက ဦးနှောက်ကို အနားမပေးတာပါ။ အတွေးများနေတာ ၊ အတွေးလွန်နေတာတွေကြောင့် အိပ်ချိန်မှန်အိပ်မရတာ၊ အစားအသောက်ပျက်လာတာ၊ ကိုယ်အလေးချိန်ရုတ်တရက်ကျသွားတာ၊တက်လာတာ ၊ ခေါင်းမကြည်တာ၊ နေ့ခင်းနေ့လည်အရမ်းအိပ်ချင်တာ၊ စိတ်ရှုပ်တာတွေဖြစ်တတ်ပါတယ်။

ဒီကာလမှာ စိတ်ရော လူရော လန်းဆန်းနေဖို့ Covid ကိုရော ကြံကြံခံနိုင်ဖို့ အိပ်ရေးဝဖို့ကအရေးအကြီးဆုံးလို့ထင်ပါတယ်။ ဒါကြောင့် အခု ညတိုင်းအတွေးလွန်နေသူတွေအတွက် နည်းလမ်းတွေပြောပြချင်ပါတယ်။

– အကောင်အထည်ဖော်ပါ။

တွေးနေတဲ့ အတွေးတွေကို အပြင်မှာတကယ်လုပ်ပါ။ ဥပမာ အခုအခြေအနေနဲ့ဆို လူကြီးမိဘတွေ မတော်တဆ သေသွားမှာ ကို ကြောက်ကြပါတယ်။ သေသွားရင်ဘယ်လို လုပ်ရမလဲဆိုပြီးတွေးမယ့်အစား ကိုယ်စိုးရိမ်ကြောင်းဖွင့်ပြောပါ။ လမ်းမပျောက်အောင် နည်းလမ်းမေးပါ။ နွေးနွေးထွေးထွေးပွင့်ပွင့်လင်းလင်းနေပါ။ ဒီအချိန်မှာ မနေပေးလိုက်ရရင်၊ မချစ်ပေးလိုက်ရရင် နောင်တအရဆုံးဖြစ်သွားမှာပါ။

-ဇာတ်ကားလျော့ကြည့်ပါ။

ဝမ်းနည်းစရာ၊ကြောက်စရာနဲ့ သွေးထွက်သံယိုတွေကို ဒီကာလမှာရှောင်ပါ။ စိတ်ကူးယဉ်စရာဖြစ်တဲ့ ဇာတ်ကားတွေကို မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ဇာတ်ကားတွေကို ကြည့်ပါ။ ကိုယ့်အတွက် စိတ်ထွက်ပေါက်မဖြစ်ရင်မကြည့်ပါနဲ့။

-ညနေဖက် ၊ ညပိုင်း ရေချိုးပါ။

ညနေပိုင်းရေချိုးထားရင် နှစ်ခြိုက်စွာအိပ်ပျော်နိူင်ခြေပိုများပါတယ်။ ဒါကြောင့် ညနေခင်းပြောင်းချိုးကြည့်ပါ။

-နာရီဝက်တစ်နာရီစောအိပ်ပါ။

ပုံမှန်အိပ်ချိန် ၁၁ ဆို ၁၀နာရီကရင်းအိပ်ပါ။ ဖုန်းမသုံးဘဲ တကယ်အိပ်သလို အကုန်စိတ်လျော့ပြီး အိပ်ကြည့်ပါ။  အကျင့်ဖြစ်အောင် ပြန်ကျင့်ပါ။

-Lofi Music နားထောင်ပါ။

မိုးရွာတာလေးတွေ၊ ကတ်ဆက်ခွေပုံစံလေးတွေနဲ့ Medication Music တွေထက် ပိုကြိုက်တာမို့ နားထောင်ကြည့်ဖို့ Recommend ပေးပါရစေနော်။

– အတွေးတွေကိုပြောပြပါ။

ကိုယ်တွေးနေတာ ဘယ်လိုအတွေးဖြစ်ဖြစ် မိသားစု၊ သူငယ်ချင်းတွေကိုပြောပြပါ။ တစ်ယောက်ယောက်ကဘဲဖြစ်ဖြစ် နှစ်သိမ့်ပေးရုံနဲ့တင် သက်သာပါတယ်။ ဒါကြောင်း ဘယ်သူ့ကို မဆိုပြောပြဖို့ ဝန်မလေးနဲ့နော်။

-မနက်ပိုင်းဆက်မအိပ်ပါနဲ့။

4နာရီ5နာရီလောက်မှ အိပ်ပျော်ရင်တောင် မနက်၊နေ့လည်ထိ ဆက်မအိပ်ပါနဲ့။ လူလည်းနုံးတဲ့ အပြင် အိပ်ရေးမဝပါဖူး။ အစားအသောက်နဲ့ ပျက်ပါတယ်။ ဘယ်အချိန်အိပ်အိပ်ထနေကျအချိန်ပြန်ထပါ။

-အစာစားပါ။

မနက်စာမစားတာ၊ ညစာမစားတာ၊ အာဟာရမပြည့်တာက ညအိပ်မပျော်တာကိုဖြစ်စေပါတယ်။ စားချိန်မှန်စားပါ။ ဗိုက်ပြည့်အောင်စားပါ။ မနက်စာလဲ မပြတ်အောင်စားပါ။ ဒါဆို ညအိပ်တဲ့အချိန် အိပ်မပျော်တာ၊ ဗိုက်မဝတာမျိုး မဖြစ်တော့ပါဖူးနော်။

အခုပြောသွားတဲ့ နည်းလမ်းတွေအကုန်လုံးသုံးကြည့်ပါ။ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။ အတွေးတွေတွေးမိပြီး အိပ်မရရင် ကိုယ်တိုင်ရော ဘယ်လို နည်းလမ်းတွေ သုံးတတ်လည်းဝေမျှပေးခဲ့နော်။ အဆင်ပြေကြပါစေရှင်။