အလိုလိုကိုလုံခြုံသွားတာမျိုး၊ စိတ်ချသွားတာမျိုး၊ နွေးထွေးသွားတာမျိုးတို့ခံစားနေရမယ်ဆိုရင် ချစ်ခြင်းတွေ ပြည့်ဝနေပါတယ်ဆိုတာကိုလက်ခံလိုက်ပါနော်။
အိမ်ထောင်ရေးလေးတွေတိုင်းရဲ့ စတင်ရာကတော့ချစ်ခြင်းတွေကပဲ စတယ်လို့ဆိုနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့သူတွေဖြစ်တဲ့အအတွက် ဘဝရဲ့ရှေ့ဆက်မယ့်နေ့လေးတွေတိုင်းကို အတူတူ ဖြတ်သန်း ဖို့ရွေးချယ်လိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။ အခုတစ်ခါပြောပြပေးချင်တာကတော့ မိန်းမကိုတကယ်ချစ်တဲ့ ယောကျ်ားတစ်ယောက်မှာရှိရှိသင့်တဲ့အမူအကျင့်လေးတွေပါ။
တချို့သူတွေကအပြုအမူလေးတွေနဲ့ပြတတ်တယ်။ ယောကျ်ားတွေ ဆိုတာကတော့တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးနော်။ ဒီအချက်လေးကိုတော့ အရင်ဆုံး ကြိုသိထားရမှာပါ။ တချို့သူတွေက သိပ်ချစ်တဲ့အကြောင်းကို အပြုအမူလေးတွေစကားလုံးလေးတွေနဲ့ ပြောပြတတ်ပေမယ့် တချို့လူတွေကတော့မပြတတ်ပါဘူး။ အပြုအမူ လေးတွေနဲ့ချစ်ကြောင်းပြတတ်တဲ့သူတွေအတွက်ကတော့သိသာနေပေမယ့်အပြုအမူလေးတွေမပြလို့မချစ်ဘူးလို့တော့မထင်လိုက်ပါနဲ့နော်။ ယောကျာ်းတွေကသူတို့တကယ်မချစ်တဲ့မိန်းမ တစ်ယောက်ကိုအိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှာ မဟုတ်ပါဘူး။
အရာတိုင်းကိုသိချင်တယ်။ ချစ်ခြင်းတွေမှာကတော့ သိချင်စိတ်များကျပါတယ်။ မိန်းမဘာဝတ်တယ်။ ဘယ်သွား တယ်။ ဘာစားတယ်ဆိုတာတိုင်းကို လိုက်မေးနေတယ်။ သူငယ်ချင်းနဲ့သွားတွေ့တယ်။ မိတ်ဆွေနဲ့တွေ့တယ်ဆိုရင် အသေးစိတ်မေးမြန်းတတ်တာမျိုးကို ပြုလုပ်တတ်ပါတယ်။ တချို့ယောကျာ်းတွေကတော့ ချစ်တာတော့ တကယ်ချစ်ပါတယ်။ ဒီလိုတွေ လိုက်မမေးတတ်ဘဲ အပြည့်အဝယုံကြည်ပေးတာမျိုးလည်းရှိပါတယ်။ ဒီလိုပြောလို့ မေးတာကမယုံကြည်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးနော်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့အပြုအမူတွေကမတူညီဘူး ဆိုတာကိုသိသာစေလိုတဲ့အတွက်ပါ။
ခံစားရတယ်။ မိန်းကလေးတွေဆိုတာကတော့ခံစားချက်တွေကို လိုက်ခံစားတဲ့နေရာမှာ တကယ့်ဆရာမကြီးပဲ ဖြစ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကိုတကယ်ချစ်တာလားဆိုတာကို ဒီအတိုင်းကြီးခံစားရပါတယ်။ ယောကျ်ားအနားမှာ ရှိရင်အလိုလိုကိုလုံခြုံသွားတာမျိုး၊ စိတ်ချသွားတာမျိုး၊ နွေးထွေးသွားတာမျိုးတို့ ခံစားနေရ မယ်ဆိုရင် ချစ်ခြင်းတွေပြည့်ဝနေပါတယ်ဆိုတာကိုလက်ခံလိုက်ပါနော်။ ချစ်ခြင်းတွေဆိုတာကတော့ အပြုအမူ လေးတွေ စကားလုံးလေးတွေထက်စိတ်ထဲခံစားရတဲ့ခံစားချက်ကတော့အသေချာဆုံး အချက်ပဲဖြစ်တာမို့လို့ပါ။ အိမ်ထောင်ရေးလေးမှာရှိတဲ့အိမ်ထောင်ဖက်တိုင်းတစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းတွေ ပြည့်ဝပြီးနေ့ရက်လေး တွေတိုင်းသာယာကြည်နူးစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
