Artificial intelligence က digital internet လောကကို လွှမ်းမိုးလာတာကြောင့် လုပ်ငန်းရှင်တွေကလည်း သူတို့ လုပ်ငန်းတွေကို online ပေါ် မှာ grow ဖြစ်စေဖို့အမှီလိုက်လာရပါတယ်။ AI တွေက အရမ်း powerful ဖြစ်လာလို့ HubSpot ကလည်း AI-Powered tool တွေကို HubSpot portal ထဲမှာ users တွေ efficient ဖြစ်ဖြစ် အသုံးပြုလို့ရအောင် လောလောလတ်လတ်ဖန်တီးထားပါတယ်။ HubSpot ရဲ့ AI-Powered Content Assistant နဲ့ဆို နေ့စဥ်လုပ်ငန်းဆောင်တာတွေ efficient ဖြစ်ဖြစ် လုပ်နိုင်လို့ သင့်လုပ်ငန်းကိုလည်း grow ဖြစ်စေမှာပါ။
Content ဟာ visitors တွေ leads တွေက ကိုယ့်လုပ်ငန်းအကြောင်းကို အလွယ်တကူသိစေရန်နှင့် revenue တွေများများ ဝင်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ Content တွေဖန်တီးရတာဟာ အချိန်လည်းကုန်သလို လူလည်းပင်ပန်းပါတယ်။ HubSpot ရဲ့ AI content assistant ဟာ productivity နဲ့ creativity ကို မြှင့်တင်နိုင်ရန်အတွက် OpenAI ရဲ့ GPT မော်ဒယ်ကို အသုံးပြုထားတာပါ။ ChatGPT မှာ Content တွေ generate လုပ်စရာမလိုပဲ HubSpot portal ထဲမှာတင် generate လုပ်နိုင်လို့ marketers တွေ sales teams တွေနဲ့ service professionals တွေအတွက် အလုပ်ရှုပ်သက်သာစေသလို အလုပ်ရဲ့အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
HubSpot ရဲ့ Content assistant tools တွေဟာ သင်နဲ့ရင်းနှီးပြီးသား HubSpot products တွေနဲ့ integrate လုပ်ထားပြီး ၊ blogs တွေ social posts တွေ marketing emails တွေအတွက် Content နဲ့ ကော်ပီတွေ ဖန်တီးရန်အတွက် manual ရေးလိုက် AI နဲ့ ရေးလိုက် လုပ်လို့ရတော့မှာဖြစ်ပါတယ်။ Content assistant tools တွေကြောင့် Content တွေရေးဖို့ ဦးနှောက် မခြောက်တော့သလို၊ tools တွေ အကြား ခဏခဏပြောင်းရတဲ့ ဒုက္ခတွေရှိတော့မှာမဟုတ်တော့ပါဘူး။
HubSpot ရဲ့ AI-Powered Content Assistant နဲ့ content ideas တွေ blog guidelines တွေ generate လုပ်လို့ရမယ်။ paragraph လိုက် ရေးခိုင်းလို့ရတဲ့အပြင် titles တွေ conclusions တွေပါ ရေးခိုင်းလို့ရပါတယ်။ ကိုယ့် content ကို rewrite လုပ်ခိုင်းလို့ရတဲ့ အပြင် summarize လည်း လုပ်ခိုင်းလို့ရပါသေးတယ်။ ကိုယ့် brand’s voice နဲ့ အညီ tone ကို ပြောင်းပြီးရေးခိုင်းလို့လည်း ရပါသေးတယ်။ ဥပမာ သင့် brand’s voice က helpful & optimistic ဖြစ်တာလား၊ professional & formal ဖြစ်တာလား စသည်ကို describe လုပ်တဲ့ prompts ကို ထည့်ပြီး ရေးခိုင်းလို့ရတာပါ။
HubSpot ထဲမှာ AI-Powered Content Assistant နဲ့ အသုံးပြုလို့ရတဲ့ features တွေကို အောက်မှာ ရှင်းပြပေးသွားမှာမလို့ ဆက်ပြီးဖတ်ပေးပါဦး။
AI Content Assistant for Social
Content creation ဟာ social marketers တွေရဲ့ day-to-day process မှာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Content assistant ကို အသုံးပြုခြင်းဖြင့် social posts တွေကို ပိုမိုမြန်ဆန်လွယ်ကူစွာ ရေးသားနိုင်စေမှာဖြစ်ပါတယ်။ Content assistant ဟာ စာရေးခြင်းနဲ့ကုန်ရမဲ့ အချိန်တွေကို အလိုအလျောက်ရေးပေးလို့ Content တွေဖန်တီးရန်အတွက် သင်ရဲ့အတွေးအမြင်တွေ၊ ထင်မြင်ယူဆချက်တွေနဲ့ creativity တွေအတွက် အချိန်ပိုရစေပါတယ်။
ဒီ feature နဲ့ social captions တွေကို generate လုပ်လို့ရမှာပါ။ social posts တွေကို content assistant နဲ့ အသုံးပြုဖို့ဆိုရင် social composer ထဲကိုဝင်ပြီး မိုးကြိုးသွားပုံ icon ကိုနိုပ်ပါ။ textbox လေးပေါ်လာရင်တော့ ကိုယ်ရေးချင်တဲ့ social post အကြောင်းကို အသေးစိတ်ထည့်ရေးပေးရပါတယ်။ သင်ရေးချင် တဲ့ topic တွေ သင့် brand’s voice tone တွေ hashtag နဲ့ emoji တွေကို describe လုပ်တဲ့ prompts ကိုထည့်ရေးလို့ရပါတယ်။ သင့် input ပေါ် မှုတည်ပြီး အမျိုးမျိုးသော social posts အကြောင်းအရာတွေကို generate လုပ်လို့ရပါတယ်။ paragraph ကို အရှည်ရေးချင်လား၊အတိုရေးချင်လား၊ အပေါ် မှုတည်ပြီး generate လုပ်လို့ရတဲ့ option လည်းရှိပါတယ်။ ဒီ feature အသစ်ကို Marketing Hub Professional နဲ့ Enterprise plan တွေမှာအသုံးပြုနိုင်ပါပြီ။
AI content assistant for Gmail Chrome Extension
AI content assistant နဲ့ဆို personalized လုပ်ထားတဲ့ sales emails တွေ cold outreach တွေ follow-up emails တွေကို စက္ကန့်ပိုင်းအတွင်း generate လုပ်လို့ရပါပြီ။ personalized လုပ်ထားတဲ့ sales emails တွေ ဟာ သာမန် emails တွေ ထက် leads generate လုပ်ရာမှာ ပိုပြီး effective ဖြစ်ပေမဲ့ အချိန်အရမ်းကုန်ပါတယ်။ ဒီ feature နဲ့ ဆို prospects တွေကို personalized လုပ်မဲ့အကြောင်းအရာတွေကို research လုပ်ဖို့ အချိန်ပိုရပါတယ်။
Google mail မှာ Email တစ်စောင်ကို AI content assistant နဲ့ ပို့ချင်ရင် “write an email for me” ဆိုတာလေးကိုနိုပ်ရမှာပါ။ “write an email for me” ပေါ်ဖို့ဆိုရင် သင့်ရဲ့ personal email ကို HubSpot account နဲ့ အရင်ဆုံး integrate လုပ်ထားရပါမယ်။ “write an email for me” ကိုနိုပ်လိုက်ရင် content ကို generate လုပ်ရမဲ့ content assistant modal လို့ ခေါ် တဲ့ text box လေးပေါ် လာမှာပါ။ text box တစ်ခုချင်းဆီမှာ placeholder တွေပါလို့ သင်ရေးချင်တဲ့ Email ပေါ် မှုတည်ပြီး prompt ကို ရွေးချယ်ပြီးထည့်ပြီး သင့် brand ရဲ့ voice tone နဲ့ကိုက်ညီတဲ့ box မှာ အမှန်ခြစ်ပြီး generate လုပ်ပေးရပါမယ်။ ဒီ feature အသစ်နဲ့ sales emails တွေကို AI content assistant နဲ့ အလွယ်တကူရေးနိုင်ပါပြီ။
Highlight commands in knowledge base
ဒီ feature နဲ့ knowledge base article က ရေးလက်စ drafts စာတွေကို rewrite လုပ်လို့ရမယ်၊ summarize လုပ်လို့ရမယ်၊ စာကို expand လုပ်လို့ရမယ်၊ brand’s voice tone ကို ပြောင်းလို့ရမယ်။ highlight commands လုပ်တယ်ဆိုတာကတော့ ကိုယ်ရေးနေတဲ့ content ရဲ့စာကို cursor နဲ့ select လုပ်လိုက်တာပါ။ အဲ့လို လုပ်လိုက်တာနဲ့ မိုးကြိုးသွားပုံ icon လေးပေါ်လာမှာပါ။ ထို icon ကို click လိုက်တာနဲ့ ကိုယ် highlight လုပ်ထားတဲ့စာကို ပြင်ရေးလို့ရမဲ့ option တွေပါတဲ့ menu တစ်ခုပေါ်လာမှာပါ။ ထို option တွေကတော့ Rewrite ရယ် Expand ရယ် Summarize ရယ် Change tone တို့ပဲဖြစ်ပါတယ်။ option တစ်ခုကို ရွေးလိုက်တာနဲ့ content assistant က generate လုပ်ပေးတဲ့ စာသားတွေပေါ် လာရင် rewrite လုပ်မလား၊ insert လုပ်မလား၊ ရွေးပြီး ကိုယ်သဘောကျတဲ့ content ဆိုရင် အသုံးပြုလို့ရပါပြီ။ အတိုချုပ်ရှင်းပြရရင် highlight commands လုပ်တယ်ဆိုတာကတော့ ကိုယ်သဘောမကျတဲ့ content ကို paraphrase လုပ်တာပါပဲ။ ဒီ feature အသစ်ကို Service Hub Professional နဲ့ Enterprise plan တွေမှာအသုံးပြုနိုင်ပါပြီ။
