သင့်ရဲ့အလုပ်မှာ Productivity ကောင်းကောင်းနဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် သင့်မှာရှိတဲ့စွမ်းရည်တွေကို အလုပ်ချိန်မှာ ကောင်းကောင်းအသုံးချတက်ဖို့လိုပါတယ်။ အလုပ်တစ်ခုလျင်လျင်မြန်မြန်နဲ့ ကောင်းမွန်စွာပြီးမြောက်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ၊ စည်းမျဉ်းတွေ၊ အာရုံစူးစိုက်မှု နဲ့ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေလိုအပ်ပါတယ်။

ဒါကြောင့် သင့်ရဲ့အလုပ်မှာ Productivity ကောင်းကောင်းနဲ့ လုပ်နိုင်ဖို့ အကောင်းဆုံးစည်းမျဉ်းတွေကို ဖော်ပြပေးချင်ပါတယ်။​

Start each day with a list of tasks and set clear priorities that you need to complete and whenever you complete any task, you feel like a winner.

သင်လုပ်ဆောင်ရမယ့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အရေးကြီးဆုံးအရာကနေ စပြီး List လုပ်ပါ။ အဲ့လိုလုပ်ဆောင်တဲ့အခါမှာလည်း လုပ်ငန်းဆောင်တာတွေထဲကမှ အရေးကြီးဆုံးအရာကို ဦးစားပေးသတ်မှတ်ပါ။ သတ်မှတ်ထားတဲ့လုပ်ငန်းဆောင်တာတွေကို အချိန်မှီပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် သင့်ကိုယ်သင် စည်းမျဉ်းသတ်မှတ်ထားဖို့လည်းလိုပါတယ်။ List ထဲကလုပ်ငန်းဆောင်တာတစ်ခုစီ ပြီးမြောက်သွားတိုင်းမှာ Personal Pride အနေနဲ့ သင့်ကိုယ် သင် တန်ဖိုးထားတတ်တဲ့ခံစားချက်ကို ခံစားမိလာပါလိမ့်မယ်။​

Work all the time when you Work

သင်အလုပ်ကိုရောက်ပြီဆိုတာနဲ့ Co-workers တွေကို နှုတ်ဆက်ပြီး သင့်ရဲ့တနေ့တာအလုပ်ကိုချက်ချင်းစတင်ပါ။ အလုပ်ချိန်မှာ သင့်ရဲ့ Co-workers တွေနဲ့ Chatting Time ကို တက်နိုင်သမျှလျော့ချပြီး သင့်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း အားသွန်ခွန်စိုက်လုပ်ဆောင်ပါ။​

Focus and Concentration on your work

သင့်ရဲ့အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေမှာ အာရုံစူးစိုက်မှုအပြည့်ထားပြီးလုပ်ဆောင်ရန်လိုအပ်ပါတယ်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် သင့်‌အနေနဲ့ Electronic Device တွေ၊ Social Media Distraction တွေရဲ့ အနှောင့်အယှက်တွေကိုလည်း ကောင်းစွာထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။

သင်သတိထားရမယ့်အချက်ကတော့ သင်အသုံးချလိုက်တဲ့ အချိန်တိုင်းက Amount Of Time တင်မဟုတ်ဘဲ Value of Work ဖြစ်ဖို့၊ Productivity ကောင်းကောင်းနဲ့ အချိန်မှီပြီးမြောက်စေရန်လိုအပ်ပါတယ်။