၁၊ အဝတ်ပါးပါး ချောင်ချောင်ချိချိ ဝတ်ပေးပါ။ အခန်းကို လေဝင်လေထွက်ကောင်းပါစေ။ အဲကွန်း မနိမ့်မမြင့် ဖွင့်ထားနိုင်ပါတယ်။
၂၊ ပုံမှန် အစားအသောက် ဆက်ကျွေးပါ။ ထမင်း/အဖတ်မကျွေးတဲ့ အယူအဆဟာ မှားပါတယ်။ တိုက်ဖွိုင့် ရောဂါဆိုတာကလည်း ၅ရက်-တစ်ပတ် လောက်ဆက်ဖျားမှသံသရရှိရတာမို့ အဲဒါကြောက်လို့ အဖတ်မကျွေးတာ အဓိပ္ပါယ်မရှိပါ။ ကလေးတွေဟာ ဖျားရင်တော့ အစားလျော့တတ်ပါတယ်။ ဒါကိုလည်း စိတ်မပူသင့်ပါ။ အတင်းအကျပ် မကျွေးပါနဲ့။ သူစားချင်တာပဲ စားပါစေ။ ကလေးအန်ရင် တော့ နည်းနည်းနဲ့ ခဏခဏကျွေးပါ။
၃၊ အရည်များများတိုက်ပါ။ ဓါတ်ဆားပဲတိုက်ရမယ် မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံ များများကျွေးပါ။
၄၊ ကလေး ကစားနိုင်လို့ကစားရင် ပေးကစားပါ။
၅၊ ကျောင်းတက်အရွယ် ကလေးတွေအတွက်တော့ အိမ်မှာပေးနားသင့်ပါတယ်။ နာလန်ထမြန်ရုံမက တခြားကလေးတွေကို ကူးစက်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။
အောက်ပါအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသပါ။
၁၊ အသက် ၃ လအောက် ကလေးဖျားလျှင်
၂၊ အသက် ၃ လနဲ့ ၁ နှစ်ကြား ကလေး
တစ်ရက်ထက်ပို အဖျားကြီးလျှင်
၃၊ အသက် ၁ နှစ်အထက်ကလေး ၃ ရက်ဆက်တိုက်ဖျားလျှင်
၄၊ ဘယ်အရွယ် ဘယ်နှစ်ရက်ဖျားဖျား အရည်မဝင်၊ အရမ်းအန်၊ အသက်ရှူမြန်၊ ဆီးသွားရင်နာ၊ခြေဆစ်လက်ဆစ်ရောင်၊ နားပြည်ယို၊ အဖျားကျနေတာတောင် အရမ်းမှိန်း အရမ်းနုံး စတဲ့ အခြားလက္ခဏာတွေ တွဲဖြစ်လာလျှင်
အထက်ပါအခြေအနေတွေမှာတော့ တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ကုသပါ။
ကလေးအများစုဟာ ၃-၄ ရက်အတွင်း ဆေးဝါးထူးထူးထွေထွေမလိုပဲ ပုံမှန်ပြန်ဖြစ်ပါတယ်။
သဘာဝ နာလန်ထနိုင်ခြင်းဟာ အကောင်းဆုံးပါ။
