အိမ်ထောင်တစ်ခုမှာ ဝင်ငွေဆိုတာ အရေးကြီးပါတယ်..
ဘာဖြစ်လို့လဲဆိုရင် ဝင်ငွေရှိနေမှပဲ မိသားစုတစ်ခု အိမ်ထောင်တစ်ခု ရပ်တည်နိုင်လို့ပါပဲ..
ယောကျာ်းကပိုရှာနိုင်တယ်..မိန်းမက ပိုရှာနိုင်တယ်ဆိုတာကအရေးမကြီးပါဘူး..
တချို့ကပြောတယ်..
ယောကျာ်းမို့ ပိုရှာရမဲ့ဆိုပေမဲ့
ယောကျာ်းဖြစ်လို့ . ပိုရှာရမယ်ဆိုတာလည်းမဟုတ်သေးဘူး..
ရချင်ရမယ် ..မရချင်မရဘူး..
မိန်းမမို့လို့..ရှာစရာမလိုဘဲထိုင်စားလို့ရတယ်လို့လည်း ပြောလို့မရပြန်ပါဘူး..မိန်းမတွေလည်း သင့်တော်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေရှာနိုင်တာပဲ ဖြစ်ပါတယ်..
သားသမီးတွေ ရှေ့ရေးနဲ့မိသားစုဘဝရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဘယ်သူကပိုပေးနိုင်တယ်ဆိုတာထက်..
နှစ်ယောက်လုံးမှာ တာဝန်ရှိတယ် ဆိုတဲ့ စိတ်နဲ့ ဖြည့်ဆည်းပေးနိုင်တယ်ဆို ပြီးတာပဲလို့ ကျွန်မကတော့မြင်တယ်..
အိမ်ထောင်တစ်ခုမှာမျိုးသမီးနဲ့အမျိုးသား..ဘယ်သူ့ဝင်ငွေပိုများတယ်.. ဘယ်သူကပိုပေးနိုင်တယ်
ဆိုတာ အရေးမကြီးပေမယ့် တာဝန်ယူမှုကတော့ အတူတူပဲဖြစ်ရပါလိမ့်မယ်..
ကျွန်မ..သိတဲ့အမျိုးသမီးတစ်ယောက်ဆိုရင်သူ့ယောက်ျားက ကိုယ်တိုင်ဘာမှမလုပ်ဘဲ အမျိုးသမီးလုပ်စာကို နှစ်ပေါင်းများစွာထိုင်စားနေတဲ့..သူ ဖြစ်ပါတယ် အမျိုးသမီးလုပ်သူက..ကလေးတွေ
ရဲ့ကျောင်းစရိတ်အတွက်ရှာရတယ် ယောက်ျားရဲ့လက်ဖက်ရည်ဖိုး.. ကွမ်းဖိုး.. ဆေးဖိုးကအစ..သူက..ပေးနေရပါတယ်
အိမ်ရောက်တော့ပန်းကန်ဆေးတာ..
ထမင်းချက်တာကအစ.. အမျိုးသမီးကပဲလုပ်ရတယ် အလုပ်ပိတ်ရက်ကျလို့ရှိရင် ရှိသမျှအဝတ်တွေအကုန် စုလျှော်
ရတယ်..ကလေးနေမကောင်းလို့ဆေးခန်းပို့ရတာလည်းသူပဲ..ကလေးကျောင်းကခေါ်ရင် အလုပ်ကခွင့်ယူပြီး လိုက်တွေ့ရတာလည်း သူပဲ..
အပြင်အလုပ်လုပ်ပြီးပိုက်ဆံမရှာတဲ့ ယောကျာ်းဟာ.. အိမ်မှာထိုင်နေရင်းအိမ်မှု ကိစ္စကို
ကူညီလုပ်ကိုင်ပေးသလားဆိုတော့လည်း..မဟုတ်ပါဘူး..ဟင်းမချက် စျေးမဝယ်..ပန်းကန်မဆေး..ကလေးကျောင်း မပို့မကြို..ကလေးမထိန်း..
မိန်းမရဲ့အလုပ်ရှင်ကပေးထားတဲ့ ဖုန်းကို မိန်းမဆီက ဟန်ပြယူပြီး လက်ဖက်ရည်ဆိုင်သွားထိုင်နေတဲ့လူမျိုးဖြစ်ပါတယ်..
အမျိုးသမီးကအလုပ်ကြိုးစားတော့ သူ့အလုပ်ရှင်က ကြည်ဖြူတယ်..ငွေစုပေးတယ်.. ငွေလေးတစ်သိန်း နှစ်သိန်းလောက်စုမိလာတော့ တစ်သက်လုံးဘာမှ..မလုပ်ဘဲထိုင်နေခဲ့တဲ့ ယောက်ျားလုပ်သူဟာ ဆိုင်ကယ် ကယ်ရီ
ဆွဲချင်တယ်လို့ဖြစ်လာပါလေရော..
မိန်းမစုထားတဲ့ငွေရားကလေးကိုမျက်စောင်းထိုးလာပြီ.. အမျိုးသမီးက..ဒီငွေကလေးကိုစုထားခဲ့တာဟာ သူ့ရပ်သူ့ရွာကမိသားစုတွေကို လိုအပ်တဲ့အခါထောက်ပံ့
ပေးချင်တဲ့အတွက်ဖြစ်တယ် .. နေထိုင်မကောင်းဖြစ်တာမျိုးလို အရေးပေါ်အသုံးစရိတ်ပေါ်လာတဲ့အခါမှာသုံးနိုင်အောင်အတွက်ဖြစ်တယ်..
အခုတော့
လက်ကြောမတင်းတဲ့..ယောက်ျားကို တစ်ပတ်ရစ်ဆိုင်ကယ်..ဝယ်ပေးရဖို့ဖြစ်လာပါတယ်
လတိုင်းစုနေကျ..ပိုက်ဆံကိုလည်းမစုတော့ဘဲ ဆိုင်ကယ်ဖိုးကိုသာ..လစဥ်..သူ့လခထဲက..နှုတ်သွားပါပေါ့ ဆို..ဖြစ်လာပါတယ်
တကယ်တော့..သူလုပ်ချင်တဲ့အလုပ်တစ်ခုအတွက် အမျိုးသမီးရဲ့အလုပ်ရှင်ကို..အပူကပ်ခိုင်းတာကတော့ အတော်ဆိုးတာပဲလို့..တွေးမိပါတယ် ..အလုပ်လုပ်ချင်တဲ့စိတ် ပေါ်လာတာကိုချီးကျူးရမှာဖြစ်ပေမဲ့..အစကတည်းက..ဒီလိုလုပ်ချင်ခဲ့တယ်ဆိုရင် ရပ်ကွက်ထဲမှာဆိုင်ကယ်ကယ်ရီတွေအများကြီး..ပေါ်မလာခင်ကတည်းက..ကိုယ်တိုင်
နည်းလမ်းရှာလုပ်သင့်တာပေါ့
အခု..မိန်းမငွေစုမိထားတယ်ဆိုတာကိုသိတော့မှ ဒီငွေနဲ့သူက အလုပ်လုပ်ချင်တယ်ဆိုတာဟာ..မိန်းမအပေါ်မှာအနိုင်ကျင့်ရာကျတယ်လို့ကျွန်မကတော့မြင်ပါတယ်..
သူလုပ်ချင်တဲ့အလုပ်အတွက်..သူ့ဘာသူ နည်းလမ်းရှာသင့်ပါတယ်..
ဆိုင်ကယ်ကြီးလက်ထဲရောက်လာပြီးမှ..ဆွဲရတာအဆင်မပြေပါဘူး..မလုပ်တော့ဘူးဆိုရင်
ဒီအကြွေးကို ဒိုင်ခံဆပ်ရမဲ့..သူကမိန်းမပဲဖြစ်နေပြီလေ
အလုပ်ရှင်က ဆိုင်ကယ်ဝယ်ဖို့ ငွေထုတ်မပေးလိုက်ပါဘူး..အဲဒီ အမျိုးသားကို မယုံကြည်လို့ဖြစ်ပါတယ်..
ဒီတော့အလုပ်ရှင်ကို မကျေမနပ်ဖြစ်ပါတယ်..
လူတွေမှာကကိုယ့်အရေး ကိစ္စနဲ့ကိုယ်ဖြစ်ပါတယ် ကိုယ့်ရဲ့လိုအင်ဆန္ဒတစ်ခုကိုမဖြည့်ပေးနိုင်တဲ့အတွက် ဟိုလူ့အပေါ်..ဒီလူ့အပေါ်မကြည်မလင်..မကျေမနပ်ဖြစ်တယ်ဆိုတာဟာ လူကြီးဆန်တဲ့စိတ် မဟုတ်ပါဘူး..
ဒီလိုပဲ အိမ်ထောင်တစ်ခုပြုပြီးမှ လူတကာကိုလိုက်ပြီး ကလေးတွေနို့ဟပ်သလို..
အပူကပ်နေတဲ့သူတွေရှိကြတယ် အစ်ကိုအစ်မတွေကိုအပူကပ်တယ် ..မိအို ဘအိုတွေကိုအပူကပ်တယ် အနီးနားမှာရှိတဲ့အလုပ်ရှင်တွေကိုအပူကပ်တယ်..
ဒီလူ..ဒီလူတွေဟာကိုယ့်ရဲ့ပြဿနာ.. လိုအင်ဆန္ဒနဲ့မိသားစုကိစ္စတွေကိုဖြေရှင်းပေးဖို့..လုံးဝ..တာဝန်မရှိကြပါဘူး..သူတို့မှာလည်းကိုယ့်လိုပဲဖြေရှင်းရမယ့် ကိစ္စတွေရှိနေမှာပါပဲ..
အိမ်ထောင်ဆိုတာ…တာဝန်ပါ
တာဝန်မယူနိုင်ဘူးဆိုရင်..အစကတည်းက အိမ်ထောင်မပြုဖို့ပါပဲ ..
အမျိုးသားဖြစ်ဖြစ်..အမျိုးသမီးဖြစ်ဖြစ်..
ကိုယ့်တာဝန်ကို ကျေအောင်မထမ်းနိုင်ရင် အပြစ်ဖြစ်တာပါပဲ..
အိမ်ထောင်ရေးလည်း မသာယာနိုင်ပါဘူး..
အရွယ်ရောက်လို့အိမ်ထောင်ပြုတယ်.. သားတွေသမီးတွေရဲ့မိခင်ဖခင်တွေပဲဖြစ်လာခဲ့ပြီဆိုရင် ကိုယ့်မိသားစုပြဿနာကို သူများခေါင်းပေါ်လိုက်တင်ပေးနေဖို့ထက် ကိုယ်တိုင်သာဖြေရှင်းဖို့ရှိတာပါပဲ..
အိမ်ထောင်တစ်ခုမှာ လင်နဲ့မယားရဲ့ဝင်ငွေဆိုတာထက် တာဝန်သိတတ်မှု..တာဝန်ယူတတ်မှုကပိုပြီးအရေးပါ..ပါတယ်..