nnkqna

(၁) ဆီးချိုရောဂါရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ????

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၂-၃ လုံး စားပါ (သွေးချိုပေါ်မူတည် ၍ အလျှော့အတင်း ရှိနိုင်သည်)

2. အသား (အရေခွံမပါ) – ၅-၁၀ ကျပ်သားစားပါ

3. ကြက်ဥ အကာ ၃-၄ လုံး

4. ပဲ – ခွက် တဝက် လောက် စားပါ

5. အရွက် – စားနိုင်သလောက် စားပါ

6. အသီး (နာနတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ဒူးရင်းသီး ကလွဲရင်) – ဆီးချို ပုံမှန်ထဲ ရှိပါက ခွက် တဝက် ကနေ တစ်လုံး အထိ စားနိုင်သည်။ (အစာကြီး နှင့် ခြားစားပါ)

7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) (သို့မဟုတ်) အာဟာရမှုန့် (Glucerna, Gen-DM, Diabetasol, Glucomeal) စတာတွေ ကို အညွှန်းအတိုင်းဖျော်ပါ။ အစာကြီး နဲ့ ခြား သောက်ပါ။ အကယ်၍ လူနာ အဖတ်မစားနိုင်ရင် ဒါတွေကို အဖတ်အစား အရည် အနေနဲ့ တိုက်နိုင်သည်။ ကိုယ့်သဘော နဲ့ ကိုယ် အပျစ်ဖျော်တာ အကျဲ ဖျော်တာ မလုပ်သင့်ပါ။ တနေ့ ၁-၂ ခွက် သောက်ပါ။ အရေးကြီးတာ က ထမင်းတွေ အချိုတွေ အများကြီး စားပြီး ဒါတွေ ပါ ထပ်စားရင်တော့ ဆီးချို တွေ ပိုတက်နိုင်ပါတယ်။

8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man, Supradyn)မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။

မှတ်ချက်- vitamin C,D သောက်ရမလား ????

– ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။

​အာဟာရမှုန့် နာမည် နှင့် အားဆေးနာမည် တွေ ရေးပေးထားခြင်းမှာ တစ်ဦးချင်းလာမေးလွန်း ပြန်မဖြေနိုင်တော့ ၍ ထည့်ပေးထားဖြင်းသာဖြစ်သည်။

(၂) ကျောက်ကပ်ရောဂါရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ????

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၃ မှ ၅ လုံး စားပါ

2. အသား (အရေခွံမပါ) – ၅- ၇ ကျပ်သားစားပါ

3. ကြက်ဥ အကာ ၂-၃ လုံး

4. ပဲ – ခွက် တဝက် လောက် စားပါ

5. အရွက် – ပါလေရုံ၊ တော်သင့်ရုံ စားပါ။ (သွေးအဖြေ ပေါ်မူတည်ပါသည်)

6. အသီး ခွက် တဝက် ကနေ တစ်လုံး အထိ စားနိုင်သည်။ (သွေးအဖြေ ပေါ်မူတည်ပါသည်)

7. အာဟာရမှုန့် (Nephrisol (ကျောက်ကပ်မဆေးရသေးပါက) Nephrisol-D (ကျောက်ကပ်ဆေးနေပါက) ရှိရင် သောက်ပါ။ စတာတွေ ကို အညွှန်းအတိုင်းဖျော်ပါ။ အကယ်၍ လူနာ အဖတ်မစားနိုင်ရင် ဒါတွေကို အဖတ်အစား အရည် အနေနဲ့ ၅-၆ ကြိမ် အထိ တိုက်နိုင်သည်။ ကိုယ့်သဘော နဲ့ ကိုယ် အပျစ်ဖျော်တာ အကျဲ ဖျော်တာ မလုပ်သင့်ပါ။ ပုံမှန်အစာစားနိုင်ရင် တနေ့ ၁-၂ ခွက် သောက်ပါ။

8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man)၊ မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။

မှတ်ချက်- vitamin C,D သောက်ရမလား ????

– ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။ ​

အာဟာရမှုန့် နာမည် နှင့် အားဆေးနာမည် တွေ ရေးပေးထားခြင်းမှာ တစ်ဦးချင်းလာမေးလွန်း ပြန်မဖြေနိုင်တော့ ၍ ထည့်ပေးထားဖြင်းသာဖြစ်သည်။ကုန်ပစ္စည်း ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။

(၃) ကင်ဆာရောဂါ ရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ????

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၄-၆ လုံး စားပါ

2. အသား (အရေခွံမပါ) – ၇-၁၀ ကျပ်သားစားပါ

3. ကြက်ဥ အပြည့် တစ်လုံး အကာ ၃-၄ လုံး

4. ပဲ – ၁ ခွက် လောက် စားပါ

5. အရွက် – စားနိုင်သလောက် စားပါ

6. အသီး – ၁-၂ လုံးစားပါ။

7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) တပါတ် ၅ ရက် ၊ မလိုင်ပြည့် တို့ ၁ ပါတ် ၂ ရက် (သို့မဟုတ်) အာဟာရမှုန့် (Neo-mune, Prosure) စတာတွေ ကို အညွှန်းအတိုင်းဖျော်ပါ။ အကယ်၍ လူနာ အဖတ်မစားနိုင်ရင် ဒါတွေကို အဖတ်အစား အရည် အနေနဲ့ 5-6 ကြိမ် တိုက်နိုင်သည်။ ကိုယ့်သဘော နဲ့ ကိုယ် အပျစ်ဖျော်တာ အကျဲ ဖျော်တာ မလုပ်သင့်ပါ။ ပုံမှန် အစာစားနိုင်ရင် တနေ့ ၁-၂ ခွက် သောက်ပါ။

8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man)၊ မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။

မှတ်ချက်- vitamin C,D သောက်ရမလား ????

– ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။ ​

အာဟာရမှုန့် နာမည် နှင့် အားဆေးနာမည် တွေ ရေးပေးထားခြင်းမှာ တစ်ဦးချင်းလာမေးလွန်း ပြန်မဖြေနိုင်တော့ ၍ ထည့်ပေးထားဖြင်းသာဖြစ်သည်။ကုန်ပစ္စည်း ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။

(၄) အသက်အရွယ်ကြီးပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ????

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ

– တရုတ်ပန်းကန်လုံး ၃-၅ လုံး စားပါ (ပျော့တာရွေးကျွေးရန်)

2. အသား (အရေခွံမပါ) – ၅-၇ ကျပ်သားစားပါ

3. ကြက်ဥ အပြည့် တစ်လုံး အကာ ၃-၄ လုံး

4. ပဲ – ခွက် တဝက် လောက် စားပါ

5. အရွက် – စားနိုင်သလောက် စားပါ

6. အသီး – ၁-၂ လုံးစားပါ။

7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) တပါတ် ၅ ရက် ၊ မလိုင်ပြည့် တို့ ၁ ပါတ် ၂ ရက် (သို့မဟုတ်) အာဟာရမှုန့် (Ensure, Appeton 60 plus, ovaltine Gold) စတာတွေ ကို အညွှန်းအတိုင်းဖျော်ပါ။ အကယ်၍ လူနာ အဖတ်မစားနိုင်ရင် ဒါတွေကို အဖတ်အစား အရည် အနေနဲ့ 5-6 ကြိမ် တိုက်နိုင်သည်။ ကိုယ့်သဘော နဲ့ ကိုယ် အပျစ်ဖျော်တာ အကျဲ ဖျော်တာ မလုပ်သင့်ပါ။ ပုံမှန် အစာစားနိုင်ရင် တနေ့ ၁-၂ ခွက် သောက်ပါ။

8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man)၊ မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။

မှတ်ချက်- vitamin C,D သောက်ရမလား ????

– ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။ ​

အာဟာရမှုန့် နာမည် နှင့် အားဆေးနာမည် တွေ ရေးပေးထားခြင်းမှာ တစ်ဦးချင်းလာမေးလွန်း ပြန်မဖြေနိုင်တော့ ၍ ထည့်ပေးထားဖြင်းသာဖြစ်သည်။ကုန်ပစ္စည်း ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။

(၅) ပုံမှန် လူငယ်၊ လူလတ် ပိုင်းကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ????

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၅-၆ လုံး စားပါ (ပျော့တာရွေးကျွေးရန်)

2. အသား (အရေခွံမပါ) – ၁၀-၁၅ ကျပ်သားစားပါ

3. ကြက်ဥ အပြည့် တစ်လုံး အကာ ၃-၄ လုံး

4. ပဲ – ၁ခွက် လောက် စားပါ

5. အရွက် – စားနိုင်သလောက် စားပါ

6. အသီး – ၁-၂ လုံးစားပါ။

7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) တပါတ် ၅ ရက် ၊ မလိုင်ပြည့် တို့ ၁ ပါတ် ၂ ရက် ကို တနေ့ ၁-၂ ခွက် သောက်ပါ။8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man)၊ မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။

မှတ်ချက်- vitamin C,D သောက်ရမလား ???? – ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။ ​

အာဟာရမှုန့် နာမည် နှင့် အားဆေးနာမည် တွေ ရေးပေးထားခြင်းမှာ တစ်ဦးချင်းလာမေးလွန်း ပြန်မဖြေနိုင်တော့ ၍ ထည့်ပေးထားဖြင်းသာဖြစ်သည်။ကုန်ပစ္စည်း ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။

(၆)အရက် သောက်လို့ရလား????

အခု ကာလ က အာဟာရ ပြည့်အောင် စားရမယ့် အချိန်ပါ။ကျွန်တော်တို့ အာဟာရပညာရပ်မှာ အရက် (alcohol) ဟာ Energy yielding non nutrient (ကယ်လိုရီသာပါဝင်ပြီး အာဟာရတန်ဖိုးမရှိ) တဲ့ အရာ တခု ဖြစ်ပါတယ်။ နောက်တခု က အရက် (alcohol) နှင့် စပ်ဆက် ပစ္စည်းတွေ ဖြစ်တဲ့ vodka, Gin, Beer စတာတွေဟာ ရေဓါတ်ဆုံးရှူံး (Dehydration) စေပါတယ်။ဒါကြောင့် ကိုဗစ်မဖြစ်နေသည့်တိုင်အောင် မသောက်သင့်ပါ။ အာဟာရ ချို့တဲ့စေပြီးနောက်ဆက်တွဲ မှာ ကိုယ်ခံအားကျလာစေပါတယ်။

(၇) ကိုဗစ်-၁၉ ဖြစ်လို့ ကိုယ်ပူပြီး နေမကောင်းဖြစ်ရင် ထမင်းကျွေးလို့ရလား?

ဖြစ်နေတာ က ကိုဗစ်-၁၉ ပါ။ တိုက်ဖွိုက် (Typhoid) မဟုတ်ပါ။ ထမင်းကျွေးလို့ရပါတယ်။ လူနာစားနိုင်ရင် အာဟာရ ရှိတာ မှန်သမျှ အကုန်ကျွေးရပါမယ်။လူနာက ကောင်းကောင်းစားနိုင်ရင် သူစားချင်တာ မှန်သမျှ သန့်ရှင်း လက်ဆပ်ရင် ကျွေးပါ။ အသား၊ ပဲ၊ နို့၊ ကြက်ဥ စတာ တွေကို ပိုကျွေးပါ။ လူနာ က အစာပျော့ပဲ စားနိုင်ရင် ဆန်ပြုတ်၊ မြူစွမ်၊ ကြာဇံပြုတ်၊ ခေါက်ဆွဲပြုတ် (readymade ကို မဆိုလိုပါ) စတာတွေကို ကြက်သားများများ+ ကြက်ဥ ထည့် ပြုတ်ပြီး ကျွေးပါ။ ဆီ ထည့်ပြုတ်ပါ။ (လက်ဖက်စားဇွန်း ၁-၂ ဇွန်းစာ)လူနာ က အရည် ပဲ သောက် နိုင်တယ် ဆိုရင် လဲ အာဟာရများတဲ့ နို့၊ အာဟာရမှု့န်ကျွေးပါ။ တိုက်ပါ။ ဒါကြောင့် ကိုဗစ်-၁၉ ကြောင့် နေမကောင်းဖြစ်ရင် ထမင်းမကျွေးရဘူး ဆိုတာ လုံးဝ မှားပါတယ်။

(၈)Azithromycin (အများအခေါ် Azithro) ကို အနံ့ပျောက်ရင်၊ ချောင်းဆိုးရင် သောက်ရလား?

မသောက်ရပါ။ အနံ့ ပြန်ရဆေးလဲ မဟုတ်ပါ။ပိုးသတ်ဆေးဖြစ်ပါတယ်။တော်ရုံ ချောင်းဆိုးနေရုံဆို ချောင်းဆိုးပျောက်ဆေး သာသောက် ပါ။ ချောင်းစို (သလိပ်ထွက်ရင်) – Mucolytic သောက်ပါ (musol, solmux, wood (blue), bisolvan)

ချောင်းခြောက် – Antitussive (Wood (red), chericof, Attusin)

ပိုးသတ်ဆေး မလိုအပ်ပါ။ပိုးသတ်ဆေး ကို ပဲကြီးလှော်စားသလို ကိုယ့်သဘာ နဲ့ ကိုယ် သောက်နေလို့ မဖြစ်ပါဘူး။ ဆေးယဉ်ပါး ပိုးတွေ ဖြစ်လာရင် ပိုဒုက္ခများပါတယ်။

(၉) ရေချိုးလို့ရလား၊ ခေါင်းလျှော်လို့ရလား?

– ရပါတယ်

– ကိုယ်အပူချိန် တက်နေရင် ရေပတ် တိုက်တာ လုပ်ပေးရပါမယ်။ (ရေခဲရေ၊ ရေပူ မသုံးရ၊ ပုံ မှန်ရေ သာ သုံးပါ)

– ရေချိုးလို့ရပါတယ်။ ချိုးပါ။

-ခေါင်းလျှော်မယ်ဆိုရင် ရေသေချာ ခြောက်အောင် သုတ်၊ dryer နဲ့ ခြောက် အောင် မှုတ်ပါ။ ပုံမှန် အချိန်မှာ တောင် ခေါင်းသေချာ ခြောက်အောင်မသုတ်ရင် နှာဆေးတာ ဖြစ်တတ်ပါတယ်။

မေတ္တာရပ်ခံချက် – ကျေးဇူး ပြု၍ အခု ကာလ မှာ ကျန်းမာရေး ဝန်ထမ်းတွေ ကို မမေးခင် သူတ်ု့ ရေးထားတဲ့ စာတွေ အရင် ဖတ်ပါ။ ကိုယ်သိချင်တာ တခု ချင်းစီ စာသေချာ လိုက်မဖတ်ပဲ မေးနေပါက တကယ့် အရေးကြီး လူနာ ကိစ္စတွေ ဖြေဖို့ကို ပါ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။နောက်တခု ကတ်သီး ကတ်သတ် မေးခွန်း တွေ မမေးပါနဲ့

– ရေ ဘယ်အချိန် ချိုးရမလဲ တို့ (ရိုင်းရိုင်းပြောရရင် လူချိုးတဲ့ အချိန် ချိုးပါ)

– ဆေးခြောက် ရှူလို့ ရလားဆိုပြီး မေးတာတွေတောင် ရှိပါတယ်။

(၁၀) အနံ့ပျောက် (Olfactory Dysfunction in Covid-19) နေလို့ ဘာစားရမလဲ၊ ဘာဆေးသောက်ရမလဲ????

– အနံ့ ပြန်ရဆေး ဆိုတာ မရှိပါ။

– အနံ့ မရသေးပေမယ့်၊ oxygen ကောင်းတယ်။ ကိုယ်မပူတော့ဘူး။ ချောင်းမဆိုးတော့ဘူး ဆို ရင် သိပ်စိတ်ပူစရာမလိုပါ။ အနံ့ က သူ့ဟာနဲ့ သူ ပြန်ရလာပါလိမ့်မယ်။ လေ့လာတွေ့ရှိချက်များ အရ ၁၀ ရက် ကနေ ၂ လ အထိ အနံ့ ပျောက် နိုင်သလို၊ စာတမ်းတခု မှာ ဆိုရင် ၆ လ အထိ အကြာထိ အနံ့ ပုံမှန် မရတဲ့ လူနာတချို့လဲ တွေ့တယ် ဆိုထားပါတယ်။

– အစားအသောက် ကတော့ ထွေထွေ ထူးထူး ရွေးစားစရာ မလိုပါ။ အာဟာရဖြစ်တာ မှန်သမျှ စားပါ။ (အာဟာရရှိ အောင် ဘယ်လိုစားရမလဲ အရင် ပို့စ်တွေမှာ ရေးပေးထားပါတယ်။ ရှာဖတ်ကြည့်ပါ)အရေးကြီး တာ က အနံ့ရချင်ဇော နဲ့ အလွန်တရာ အနံ့ပြင်းလွန်း တဲ့ အရာ တွေ ကို မရှုပါနှင့်။ အနံ့ခံ အာရုံကြော (olfactory nerve) တွေ ကို ပို ပျက်ဆီးစေနိုင်ပါတယ်။

ရေးသားသူ ဒေါက်တာ ညီညီကျော်

https://t.me/drnyinyikyaw

https://www.facebook.com/drnyinyikyaw