၁။ ဆရာ ကျွန်တော်အနံပြန်ရပြီး ၂၁ ရက်ရှိပါပြီ မက်မပါဘဲသူများကိုကူးနိုင်သေးလားခင်ဗျား မိသားစုနဲ့အတူချင်လို့ပါ
၂။ ဆရာ မင်္ဂလာပါရှင့် မေးခွင့်ပြုပါဆရာ ယခု FB ပေါ်မှာ လူတွေအများ share နေကြတဲ့ Covid အနံပျောက် လူနာက အနံ့ပြန်ရပြီး ၁၂ ရက်ကြာသည်အထိ သူတပါးကို ပိုးကူးစေတယ် ပြောနေကြလို့ပါဆရာ ဥပမာ Day 14 မှာ အနံ့ရတယ်ဆို နောက် ၁၂ ရက် ထပ်ပေါင်းရမယ့်သဘောမျိုး တွေရလို့ပါဆရာ ဒီလမ်းညွှန်ချက်က မှန် မမှန် သိပါရစေဆရာရှင့် ကျေးဇူးပါ ဆရာရှင့်
အဲလိုခပ်ဆင်ဆင်တွေ အမေးမခံရတဲ့နေ့မရှိ။ ကိုဗစ်ကူးစက်ခံရသူများသလောက် လိမ်တာတွေများတယ်။ လာဦးမယ်။ ဆေးသုတေသနမရှိတာတွေကို မပြောရ။ လိုက်နာရန်လို။ ခိုင်မာတိကျတာတွေကို အကိုးအကေားအထောက်အထားနဲ့ တင်ပါတယ်။ FB ပေါ်ကဆိုရင် ၉၀% မှားပြီ။ အချိန်ပိုတွေ အတော်ကုန်ရတယ်။
၃။ မင်္ဂလာပါဆရာ တခုလောက်ထပ်မေးချင်လို့ပါဆရာ အခု covid19 ကူးစက်ခံရသူတွေထဲမှာ covid19 ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးတဲ့သူတွေလဲ ကူးစက်နေပါတယ် အဲ့လိုကူးစက်ခံရခဲ့ရင် ကာကွယ်ဆေးထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူရောဂါလက္ခဏာခံစားရတာအတူတူဘဲလား ကာကွယ်ဆေးထိုးထားပြီးသူကရောဂါအနည်းငယ်ဘဲ ခံစားရတယ်လို့ ပြောနေကြတာမှန်ပါသလားဆရာ နောက်တခုက ရောဂါပိုးကူးစက်ပြီးတဲ့သူတိုင်း နောက်ထပ်ထပ်ပြီးကူးစက်နိုင်သေးလားဆိုတာလေး သိချင်လို့ပါဆရာရှင့်
၄။ ဆရာခင်ဗျ covid 19 virus က အကူးခံရသူထံမှ ဘယ်နှရက် (ဘယ်နှစ်ရက်) နေရင် အခြားသူထံပြန်ကူးနိုင်ပါသလဲခင်ဗျ။
ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေ ကူးစက်ခံရတဲ့သတင်းတွေရှိတယ်။ တရုပ်နဲ့ ထိုင်းမှာလည်းရှိတယ်။ သုတေသနတွေဆက်လုပ်နေတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါက အသစ်အဆန်းဖြစ်တယ်။ စဖြစ်တဲ့ ၂၀၁၉ ဒီဇင်္ဘာလကတည်းက ဆေးသုတေသနတွေ နိုင်ငံတွေ အများကြီးမှာ လုပ်နေကြတယ်။ အပြည့်အစုံ မသိနိုင်ကြသေးပါ။ ပျောက်ပြီဆိုသူတွေ ဆေးရုံပြန်တင်ရတာမျိုး ရှိထားတယ်။ တခါကူးစက်ခံထားရသူမှာ ခုခံအား ခေါ် ရောဂါပြီး မပြီး မသေချာသေး။
Period of infectiousness for COVID-19 ခေါ် ဘယ်ကာလမှာ သူများကို ကူစက်နိုင်သလဲ။ အခုထိ လေ့လာမှုတွေအရ ရောဂါလက္ခဏာတွေစဖြစ်ပြီးနောက် (၁၀) ရက်အထိ ကူးစက်နိုင်တယ်။ အနည်းအကျဉ်း လူနာတွေကနေ (၂၀) ရက်အထိကူးစက်တာတွေ့ရတယ်။
SARS-CoV-2 RNA ကိုစစ်ဆေးတော့ အသက်ရှူလမ်း အထက်ပိုင်း + အောက်ပိုင်းမှာ နေမကောင်းဖြစ်ပြီးနောက် ရက်သတ္တပတ်တွေကြာအထိ တွေ့ရတယ်။ အဲဒါက MERS-CoV နဲ့ SARS-CoV တူတယ်။ ဒါပေမဲ့ RNA တွေ့တိုင်း ကူးစက်နိုင်တယ်လို့ မပြောနိုင်ပါ။ SARS-CoV-2 နဲ့ တခြား ကရိုနာဗိုင်းရပ်စ်တွေဖြစ်ကြတဲ့ MERS-CoV, SARS-CoV တွေဟာ၂ ရက်ကနေ ၁၄ ရက်အတွက် သူတပါးကို ကူးစက်နိုင်တယ်။COVID-19 viral shedding and the period of infectiousness တခြားလူတွေကို ကူးစက်နိုင်တဲ့ကာလ
၅။ ဆရာရှင့် ကျမအသက် (၄၇)နှစ်ပါ ဆီးချိုရောဂါရှိပါတယ် သွေးတွင်းအဆီဓာတ်လဲများပါတယ် သမားတေ်နှင့်ကုသမှု့ခံယူပြီး ဆေးကိုအချိန်မှန်သောက်ပါတယ် တနှစ်ကျော်ကြာပါပြီး။ စစ်အာဏာသိမ်းပြီး ၄လပိုင်းတွင် ရက်မမှတ်မိ ကျမ နှာမွှန်ပြီးကိုယ်ပူတယ်ခန္ဓာကိုယ်ကနှုံးချိပြီးခေါင်းးလဲမူးလို့ ဆေးခန်းပြခဲ့ပါတယ်ဆေးခန်းကဆရာဝန်ကဆေး ၃ရက်စာ ပေးလိုက်လို့ ဆေးမှန်မှန်သောက်ပြီးကိုယ်လဲမပူ တေ့ဘူးနှာလဲမမွှန် တေ့ပဲ အနံ့လဲမရတေ့လို့ ကျမဆီးချိုကုသနေနေသမားတေ်ထံဖုန်းဆက်ပြီး အနံ့မရတေ့လို့ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲဆိုပြီးမေးမြန်းဆွေးနွေးခဲ့လို့ သမားတေ်က မစိုးရိမ်ဖို့နဲ့ပေးထားတဲ့ ဆေးကိုမှန်မှန်သောက်ရန်နှင့်ဘီတာမင်စီ (500)mg ကိုမနက်တလုံးညတလုံးသောက်ပြီးအင်တာဗွန်စီအားဆေးကို တနေ့တလုံးသောက်ခိုင်းပြီး မိသားစုနှင့်သီးခြားခွဲနေနေမှာပြီး အသက်ရှုကြပ်ရင်အောက်စီဂျင်ရှုဖို့မှာကြားခဲ့ပေပေကျမအသက်ရှုကြပ်တဲ့ထိမဖြစ်ပဲ အနံ့ပျောက်တာ၁၀ရက်ကြာတေ့ အနံ့ပြန်ရလာပါတယ် အဲ့ဒီအချိန်တုန်းက ဆေးရုံလဲပိတ်ထားသောကြောင့် ကျမကိုဗစ်ကူးစက်ခံရသလား မခံရသလားမစစ်ဆေးခဲ့ရပါဘူးရှင့် ကျမသိချင်တာက ကိုဗစ်ကူးစက်ခံရပြီး ပျောက်ကင်းသွားရင်နောက်ထပ် ကူးစက်ခံရနိုင်ပါသလား
ကိုဗစ် စစ်လို့ (+) ပြသူတွေ
• နောက် ၁၀ ရက်အထိသာကူးစက်နိုင်တယ်။
• နောက်တခုက သာမန်လက္ခဏာစတင်ခံစားရပြီးနောက် ၁၀ ရက်။
• နောက်တခုက ဆိုးတဲ့ရောဂါလက္ခဏာတွေ စတင်ခံစားရပြီးနောက် ၂၀ ရက်။
• နောက်တခုက လက္ခဏာပျောက်ပြီးနောက် ၁၀ ရက်။
• လေ့လာမှုတခုက ၉ ရက်။ ကိုဗစ် ရောဂါလက္ခဏာမပေါ်ဘဲ ပိုးဝင်ထားသူကနေလည်း တခြားလူတွေကို ကူးစက်နိုင်တယ်။ သုတေသနတခုအရ အသင့်အတင့်သူဆိုးသူတွေကနေလည်း ဆိုးဆိုးဝါးဝါး ခံစားရသူတွေနဲ့မခြား သူများကို ကူးစက်နိုင်တယ်။
Isolation period ခေါ် သီးခြားခွဲထားခြင်းကို ရောဂါလက္ခဏာစဖြစ်ပြီးနောက် (၁၀) ရက်အထိကြာတယ်။ အဖျားမရှိပြီးနောက် အနည်းဆုံး (၂၄) နာရီကြာ။ (အဖျားကျဆေးကြောင့် ကျနေတာ မပါဝင်) HIV ကိုယ်ခံအားကျနေတဲ့လူနာတွေအတွက် အများဆုံး (၂၀) ရက်။ CDC အဆိုအရ Quarantine period ခေါ် သီးခြားခွဲထားခြင်းကာလ (၁၄) ရက်။
ရေးသားသူဒေါက်တာတင့်ဆွေ
