ယခုအချိန် ခေါင်းကိုက် ခြေလက်ညောင်း ဖျား ချောင်းဆိုး လည်ချောင်းနာ ဖြစ်သူများနှင့် အတူနေမိသားစုဝင်တို့အတွက် ဆောင်ရွက်သင့်သည်များ (For asymptomatic and mild symptoms patient)
​နေ့ ၁ မှ နေ့ ၅ အတွင်း
ကိုယ်ခံစနစ်ကောင်းမွန်ပြီး ဗိုင်းရပ်ကို အမြန်ပြန် တိုက်ထုတ်နိုင်ရန် အောက်ပါအချက် ၃ ချက်ကို ဆောင်ရွက်သင့်ပါသည်။

( WHO recommendation for asymptomatic and mild disease)
၁ အာဟာရနှင့် ဖြည့်စွက်ဆေးဝါး
၂ ရေ များများသောက်ပေးခြင်း
၃ လက္ခဏာ သက်သာဆေးသောဆေးများသောက်ခြင်း
တို့ဖြစ်ပါတယ်။


၁။ အသီးအရွက် အသား ငါး အသီးအနှံများ ညီညွတ်မျှတအောင်စားပါ။
အစားပျက်သူများ အစာပျော့ပျော့စားပါ။
ဖြည့်စွက်ဆေးဝါးများသောက်လိုကသောက်နိုင်သည်။ အချို့ လေ့လာမှုများအရ နာလံထ မြန်သည်၊ ခံစားရမှုများ သက်သာသည်ကို တွေ့ရသည်။
၁-က ။ ဖြည့်စွက်ဆေးဝါးများ၊ တနေ့လျှင်
၁- Vitmain C 500 mg
၂- Zinc 100mg
၃ -Vit D3 1000 မှ 4000 IU
၄ – Vitamin B Complex
၅- quercetin 250 mg-500mg တနေ့ ၂ကြိမ်
၁-ခ အချို့ ဌာနများမှ စမ်းသပ်ပြီး သောက်နိုင်သည့်ဖြည့်စွက်ဆေးဝါးများ မှာ
၁- CoQ 10
၂ – L Carnitine 100 mg
၁- ဂ တက္ကသိုလ် တခု မှ ဖြည့်စွက်သောက်သင့်သည့်ဆေးများမှာ- ဆရာဝန်နှင့်တိုင်ပင်ပြီးသောက်ရန်
၁-က မှ ဆေးများနှင့် အောက်ပါဆေးများ
၁ – melatonin 3 mg ည တလုံး
၂- Asiprin 75 mg အစာစားပြီး တ လုံး
၃ – Ivermectin 150-200 ug / kg as single dose
၄- Famotidine 20 mg အစာမစားမီ တလုံး


မှတ်ချက်၊ ဖြည့်စွက်ဆေးများတွင် ပါဝင်သော ဓါတ်များမှာ အသီးအရွက် အသီးအနှံများတွင်လည်းပါဝင်ရျ် အသီးအရွက်အသီးများများစားလေ့ရှိသူများ သောက်ရန် လိုအပ်ချင်မှ လိုအပ်ပါမယ်။


၂။ ကျောက်ကပ် နှင့် နှလုံး အားနည်းသူများ ခြေထောက်ယောင်နေသူများမှ အပ ရေကို တနေ့ ၂ လီတာ မှ ၃ လီတာ သောက်ပေးနိုင်သည်


၃။ ခံစားရသော လက္ခဏာများအတွက်
၃- ၁ ကိုယ်လက်ကိုက်၊ ခေါင်းကိုက်၊ ဖျား လျှင်
paracetamol 500 mg တနေ့ တလုံး ၃ ကြိမ်

၃-၂ နှားစေး၊ချောင်းဆိုး လျှင်
Cetrizine 10 mg တနေ့ ၁ လုံး

သို့မဟုတ် Loratidine 10 mg တနေ့ ၁ လုံး

၃-၃ လည်ချောင်းနာ သလိပ် ဝါ လျှင်
Azithromyci 500 mg တနေ့ တလုံး ၃ ရက် မှ ၅ ရက်
သို့မဟုတ်
Levofloxacin 500 mg တနေ့ တလုံး ရရက် မှ ၁၀ ရက်
Co Amoxiclav 375/625 mg တနေ့ ၃ ကြိမ် ၅ ရက် မှ ရ ရက်

၃-၄ ချွဲ သလိပ် ကပ်လျှင်
Musol 200 mg တနေ့ ၁ လုံး ၃ ကြိမ်
သို့မဟုတ်
Muclear 600 mg တနေ့ ၁ လုံး ၁ ကြိမ်
( ရေ ဆူ ဆေးပြား )

၃-၅ အစာအိမ် မထိခိုက်ရန်
Famotidine 20 mg
သို့မဟုတ်
omeprazole 20 mg
pantoprazole 20 mg တနေ့ ၁ကြိမ်/ ၂ ကြိမ် သောက်နိုင်သည်။

Mild disease လူနာတွေ ဂရုစိုက်မှ moderate to severe disease မကူးဘဲ အသက် အန္တရာယ် လွတ်ကင်းပါလိမ့်မယ်။

ရေးသားသူ – ဒေါက်တာမိုးအောင်ကျော်နိုင်