safetips

ဆရာရှင့် ကျွန်မ အသက် ၃၁နှစ် ပါ အမျိုးသား ၃၂နှစ်ပါ အမေက ၆၅နှစ်ပါ ကျွန်မတို့ ၃ယောက်စလုံး covid positive ပါ အိမ်မှာ ၄နှစ်ကလေးနဲ့ ၂နှစ်ခွဲကလေး ၂ယောက်အမွှာ စုစုပေါင်း ၃ယောက်ရှိတယ်ရှင့် ကလေးတွေကို ကြည့်ပေးမယ့် လူပိုလဲမရှိတော့ ကျွန်မတို့ ဘယ်လိုမျိုး နေထိုင် ပြုမူသင့်ပါသလဲရှင့်

• ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေက ကူးစက်ခံထားရသူ ချောင်းဆိုး နှာချေတာကနေ ထွက်လာတယ်။ အမှုန်လေးတွေဖြစ်တယ်။ တီဘီတို့လို လေထဲကနေတဆင့် ကူးစက်တာ မဟုတ်ပါ။

• ပိုးရှိနေသူတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်ဝန်းကျင်မှာ ရှိနေမယ်။ လက်တွေမှာလဲ ရှိနေမယ်။ သူတို့အနီးအနားနဲ့ သုံးစွဲ ကိုင်တွယ်တဲ့ အရာတွေရဲ့ အပေါ်မျက်နှာပြင်တွေမှာ ပိုးတွေ ရှိနေနိုင်တယ်။

အဲဒါကြောင့် –

• ပိုးရှိသူတယောက်နဲ့ အတူနေရတဲ့ နေအိမ်တွေ တအိမ်သားလုံး အိမ်ထဲမှာပါ နှာခေါင်းစည်း သုံးကြရတယ်။

• မျက်နှာပြင်တွေကို ဆေးနေရမယ်။ ပိုးက ကြကြာတော့ ရှင်မနေနိုင်ပါ။ သန့်ရှင်းနည်းတွေကို လိုက်တာပါ။

• အပိုတွေလည်း မလိုအပ်ပါ။ လိုတာတွေကိုတော့ တိတိကျကျလိုက်နာရတယ်။

• ကူးစက်ခံထားရသူက ရက်ပိုင်းကြာရင် သူများကို မကူးစက်နိုင်တော့ပါ။

• တအိမ်သားလုံး ခါတိုင်းစာနေကျ အစားအစာတွေ အကုန် (၁၀၀%) စားနိုင်တယ်။ ရှောင်ရမဲ့အစားအစာ (၀%) သာရှိတယ်။

• ဒီလိုအခြေအနေမှာတော့ နှာခေါင်းစည်း ၂ ထပ်သုံးနိုင်ရင် ပိုကောင်းတယ်။

ရေးသားသူ ဒေါက်တာတင့်ဆွေ