အခုလိုကာလမှာ ကျွန်မတို့အားလုံးမှာ အစစအရာရာဘက်ပေါင်းစုံကနေ စိတ်ပင်ပန်းစရာကြုံတွေ့နေရသလို အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း နည်းပါးလာတဲ့အတွက်အတွက်ကြောင့် နေထိုင်လာရင်းနဲ့ စိတ်ဓာတ်ကျစရာတွေ နေ့စဉ်ဘဝမှာကြုံလာရပါတယ်။ မိသားစုရေး၊ စီးပွါးရေး၊ လှုမှုရေး၊ ပညာရေး အားလုံးကို Cover ဖြစ်အောင်ဂရုစိုက်နေရသူတွေအဖို့ ကြာလာတာနဲ့အမျှ စိတ်ပင်ပန်းတာတွေ ခြေကုန်လက်ပန်းကျလာတာမျိုးတွေအနည်းနဲ့အများတော့ ရှိလာကြတာအမှန်ပါပဲ။

Cာ နိုင်ငံရေးအလှည့်အပြောင်းကြောင့် Poverty နဲ့ Job Insecurity ရာခိုင်နှုန်းကပါ တဖြည်းဖြည်းမြင့်တက်လာတာ အားလုံးလည်း သတိထားမိကြမှာပါ။ ကျွန်မက ဒီကနေတဆင့် ဒီလို Crisis ကာလမှာ ကိုယ့်ကိုကိုယ် အကောင်းဆုံး Motivated ဖြစ်အောင်လုပ်ပီးOvercome လုပ်လို့ရမယ့်နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

1) Be Healthy and Stay Strong

ပထမဆုံးကတော့ အရင်ဆုံးမိမိကိုယ်တိုင်ရော မိမိရဲ့မိသားစုပါကျန်းမာနေဖို့နဲ့ ကျန်းမာအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာပါ။ ဘယ်လောက်ပဲစိတ်ဓာတ်မာသူဖြစ်ပါစေ ကျန်းမာရေးနဲ့ပတ်သက်လာရင် အနည်းနဲ့အများတော့ စိတ်ပင်ပန်းစိတ်ရှုပ်ကြရစမြဲပါ။ အထူးသဖြင့် ဒီလိုကာလမှာ ကျွန်မတို့ ချစ်ရတဲ့မိသားစုတွေဖျားနာတာမိတ်ဆွေတွေရဲ့ Bad News ကြားခဲ့ရတာမျိုးတွေကြောင့် ဝမ်းနည်းမှုတွေကြုံရတဲ့အခါ ပိုဆိုးပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တပါး” လို့ဆိုသလိုပါပဲ ကျန်းမာနေမှ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့် ဖြစ်ခွင့်ရမှာပါ။

2) Meditation

ကိုယ်ကျန်းမာရေး (Physical Health) ကအရေးကြီးသလို စိတ်ဓာတ်ကျခြင်းရဲ့အဓိကတရားခံက စိတ်ကျန်းမားရေး (Mental Health) ပါ။ ကိုယ့်စိတ်ကိုအနားပေးဖို့အတွက် တရားထိုင်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်စေပါတယ်။ မနက်ခင်းစောစောတိုင်း တရားထိုင်တဲ့အလေ့အကျင့်ကိုမွေးမြူပါ။ မနက်ခင်းက တစ်နေ့တာရဲ့အစဖြစ်သလို Energy ကိုရယူဖို့အတွက်အကောင်းဆုံးအချိန်ပါ။ ဘယ်လောက်ပဲအလှုပ်ရှုပ်နေပါစေ မိမိစိတ်ကိုအနားယူဖို့ အချိန်တစ်ခုသတ်မှတ်ထားပါ။ Mediation နဲ့ ပတ်သတ်တဲ့ App တွေဆို Calm: Sleep & Meditation တို့ Habio တို့ကို try ကြည့်လို့ရပါတယ်။ Schedule နဲ့ Timer Alert ပါတော့ ကိုယ်လိုချင်တဲ့အချိန်သတ်မှတ်ထားလို့ရပါတယ်။

3) Listen to Positive Affirmation Podcast or Talks

ဒါကတော့ ညဘက်အိပ်ချိန်သာမက မနက်ခင်းအစမှာလည်း မိမိကြိုက်နှစ်သက်တဲ့အချိန်နားထောင်လို့ရပါတယ်။အခုချိန်မှာ Social Media ပေါင်းစုံကကြားရမြင်ရတာတွေက စိတ်ပင်ပန်းစရာတွေ Negativity အများဆုံးဖြစ်နေတာပါ။ ဒီလိုအရာတွေက ကျွန်မတို့စိတ်ကို ရိုက်ခတ်ပီး တဖြည်းဖြည်းနှစ်ဝင်လာတဲ့အတွက် Anxiety တွေ Negativity တွေမြင့်တက်လာပါတယ်။ ဒီလိုနေရာမှာ Positive Affirmation Talks or Video လေးတွေ တနေ့နည်းနည်းနားထောင်ခြင်း ကြည့်ခြင်းအားဖြင့်ကျွန်မတို့ရဲ့ အကြောက်တရားတွေ စိုးရိမ်ပူပန်မှုတွေ စိတ်ဓာတ်ကျမှုတွေနဲ့ Negative Thoughts တွေကိုလျော့ကျစေပါတယ်။တဖြည်းဖြည်းနဲ့ Positive Thoughts တွေဘက်ကို ပြောင်းလဲလာနိုင်တဲ့အတွက် နားထောင်ကြည့်ပါ။ ဒီလို Positive Affirmation လေးတွေနားထောင်ချင်တယ်ဆိုရင် YouTube, Podcast, Ted Talks တို့မှာအလွယ်တကူရှာကြည့်လို့ရပါတယ်။

4) Don’t always be alone

တယောက်တည်းနေထိုင်ခြင်းဟာဆိုလည်း အတွေးပေါင်းစုံကိုဝင်စေနိုင်ပီး စိတ်ဓာတ်ကျခြင်း စိတ်ပင်ပန်းခြင်းကိုဖြစ်စေနိုင်တဲ့အတွက် ကိုယ့်အတွက်ပျော်ရွှင်စေနိုင်မယ့်အရာတွေ လုပ်ဆောင်နိုင်ဖို့အတွက် မိသားစုနဲ့သာမကသူငယ်ချင်းတွေနဲ့ပါ စကားများများပြောဖို့ကြိုးစားသင့်ပါတယ်။ အထူးသဖြင့် မိသားစုနဲ့မုန့်တူတူလုပ်စားတာပဲဖြစ်ဖြစ် သူငယ်ချင်းနဲ့ Coffee Date တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အခုချိန်မှာ အပြင်ဘက်မှာတွေ့ရတာ Safe မဖြစ်ဘူးလို့ထင်ရင် သူငယ်ချင်းတွေနဲ့ Group Visual Meeting လေး လုပ်ကြည့်ပါ။ အခုနောက်ပိုင်း ZOOM တို့Microsoft Teams တို့လို Tools တွေအများကြီးလည်းသုံးလာကြတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖြစ်ဖို့ပိုနီးစပ်မှာပါ။

5) Be prepare yourself after the crisis is over

အဆိုးထဲကအကောင်းကိုပြောရမယ်ဆို ဒီလိုကာလဟာ မိမိကိုယ်ကိုရင်းနှီးမြုပ်နှံဖို့အကောင်းဆုံးအချိန်ကာလတခုပါ။ အားလုံးနီးပါး Work from Home Procedures ကြောင့် မိသားစုအတွက်အပြင် ကိုယ့်အတွက်အချိန်ပိုပါထွက်လာနိုင်တာကြောင့် ဒီလိုအချိန်မှာ ကိုယ့်ရဲ့ Career ကြောင့်ပဲဖြစ်ဖြစ် Education Upgrade လုပ်ခြင်တာကြောင့်ပဲဖြစ်ဖြစ် စလုပ်ဖို့အကောင်းဆုံးကာလတခုပါ။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ကိုယ်ဝါသနာပါရာကို အာရုံစိုက်ကြည့်ပါ။ အထူးသဖြင့် Digital Arts ကိုစိတ်ဝင်စားလား၊ တခြား Language တခုကိုထပ်သင်ယူချင်လား၊ Career Certificate တခုကိုထပ်ယူချင်လား ဆိုတာကို ဆုံးဖြတ်ပီး လေ့လာသင်ယူကြည့်ပါ။ မြန်မာပြည်အတွင်းမှာတင်မဟုတ်ဘဲ Oversea Institution တွေဖြစ်တဲ့ Coursea တို့ Udemy တို့ဆီကပါ Free and Paid Online Platform တွေကို Support ပေးထားတာဖြစ်လို့ကိုယ်လေ့လာချင်တဲ့အရာကို အချိန်တိုအတွင်းလေ့လာလို့ရနိုင်မှာပါ။ အသစ်တခုကိုလေ့လာသင်ယူခြင်းဟာလည်း ကျွန်မတို့ကို Motivation တခုဖြစ်စေမှာပါ။ ဒါမှလည်း အခြေအနေအားလုံးတည်ငြိမ်သွားတဲ့အခါ ကျွန်မတို့ရဲ့ New Journey or New Career အတွက် အဆင့်သင့်ဖြစ်နေစေမှာပါ။

ကျွန်မမျှဝေပေးတာလေးတွေက အားလုံးအတွက် တထောင့်တနေရာကနေ အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။ အားလုံးတည်ငြိမ်သွားတဲ့အခါ စိတ်သစ်လူသစ် အားမာန်အပြည့်နဲ့ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ Stay Strong and Be motivated ပါ။