Self-Care-Social-Share

၁။ မန္တလေးခရိုင်ကို Stay at Home အဖြစ်ကြေညာ Quarantine သီးခြားခွဲထားခြင်း

Quarantine ကို Compulsory separation လို့လည်းခေါ်တယ်။ မဖြစ်မနေ သီးခြားခွဲထားခြင်း။ သီးခြားခွဲသင့်သူတွေ။ နေရာ။ ဘယ်လောက်ကြာ။ မလိုက်နာရင်အရေးယူခြင်း (ထောင်ချနိုင်တယ်)။ Quarantine Laws and Regulations ဥပဒေတွေရှိတယ်။ ဥပဒေမရှိသေးရင် အစိုးရက အမိန့်ထုတ်နိုင်တယ်။ နိုင်ငံအလိုက် မတူတတ်ပါ။

Isolation ဆိုတာက ကူးစက်ရောဂါရှိသူ (သံယရှိသူ) ကို ခွဲထားတာ။ တခြားလူတွေကို မကူးစေအောင်။ ဥပမာ သလိပ်ထဲ ပိုးပါနေတဲ့ တီဘီလူနာ။ ဝက်သက်။ ရေကျောက် စသည်။

ကိုရိုနာဗိုင်းရပ်စ်အတွက်

• အဲလိုခွဲထားတဲ့နေရာမှာ လူတွေ လှုပ်ရှားသွားလာ ဝင်ထွက်ခွင့် ပိတ်ပင်ထားရတယ်။

• ခွဲထားသူတွေကို ကုတင်တလုံးနဲ့တလုံး ၆ ပေခွါထားသင့်တယ်။

• မဖြစ်မနေ (စားသောက်တာ၊ ရေအိမ်သာ) သွားလာလှုပ်ရှာတာကိုလည်း တယောက်နဲ့တယောက် ၆ ပေ ကွာစေရမယ်။

• လိုအပ်တဲ့ ဆေးစစ်မှုရှိတယ်။

• သာမန်ဖြစ်တာအတွက် ဆေးလိုနိုင်တယ်။

• တာဝန်ကျကျန်းမာရေးဆောင်ရွက်သူတွေက PPE ခေါ် ကာကွယ်ရေးဝတ်ရုံ လိုနိုင်တယ်။ အနည်းဆုံး နှာခေါင်းစည်း၊ လက်အိတ်နဲ့ ဂေါင်းစ် ခေါ် ကိုယ်ဝတ်ရုံ။

• သန့်ရှင်းရေးသုံးတွေ သီးခြားစီ ပေးထားသင့်တယ်။

• အဆောင်သန့်ရှင်းရေး စနစ်ကျရမယ်။ အမှိုက် အညစ်အကြေးစွန့်တာ စနစ်ကျရမယ်။ ပိုးသန့်ပေးနေရမယ်။

• လိုအပ်သူတွေကို ကူးစက်လူနာဆောင်ကို ပို့ပေးရမယ်။

၂။ ဆရာရှင့် Home Quarantine ဆို Covid-19 ကို ဘယ်အတိုင်းအတာလောက်အထိ ထိန်းချုပ်နိုင်မလည်းရှင့်။

Home Quarantine & Home Isolation အိမ်မှာသာ နေထိုင်းခြင်း စည်းမျဉ်း

• Stay at home အိမ်မှာသာနေပါ

ယူအက်စ်အေ တချို့ပြည်နယ်တွေမှာ Shelter-in-place အစီအစဉ် အမိန့်ထုတ်ထားတယ်။ မလုပ်မဖြစ်တာကလွဲရင် မလုပ်ပါနဲ့။ မလုပ်မဖြစ် စီးပွးရေး၊ မလုပ်မဖြစ် အလုပ်အကိုင်၊ မလုပ်မဖြစ် အစိုးရတာဝန်။ မိသားစုအတွက် ဆေးရရှိမှု၊ ဆေးရုံ ဆေးခန်းသွားရခြင်း၊ မိသားစုသုံး မရှိမဖြစ် အရာများရယူခြင်း၊ ဘဏ်အလုပ်၊ စာတိုက်အလုပ်၊ ဓါတ်ဆီဖြည့်ခြင်း။ အဝတ်လျှော်ရခြင်း။ အနီးအနားလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ အပြင်ထွက်ရတိုင်း တခြားလူတွေနဲ့ ၆ ပေအကွာမှာသာရှိပါစေ။ တခြားမှာနေကြတဲ့ မိသားစုတွေကို စောင့်ရှောက်ပေးခြင်း။ နာမကျန်း အိုမင်းမစွမ်းသူတွေကို စောင့်ရှောက်ပေးခြင်း။ အီးလန်းနင်း ခေါ် ဂူဂယ်လ်ကလပ်စ်ရုမ်း ခေါ် အွန်လိုင်း သင်ယူခြင်း သင်ကြားပေးခြင်း။

• Social Distancing လူတွေနဲ့ ဝေးဝေးနေပါ

အိမ်ပြင်ထွက်ရရင် လမ်းညွှန်ချက်မှာ လူတယောက်နဲ့ တယောက် ၆ ပေအကွာ။ သာရေး နာရေး လူမှုရေးပွဲတွေ ရှောင်ပါ။ ဘုရားပွဲ နတ်ပွဲ ရာသီပွဲတွေ ရှောင်ပါ။ ရုပ်ရှင် ပွဲလမ်းသဘင်တွေ ရှောင်ပါ။ အားကစားပွဲတွေ ရှောင်ပါ။ ဟောပြောပွဲတွေ ရှောင်ပါ။ အလှူ၊ မင်္ဂလာဆောင် မွေးနေ့ ဘာနေ့ ညာနေ့။

လူဘယ်လောက်များတာကို လူစုလူဝေးခေါ်မလဲ။ အဓိပ္ပါယ်ဖွင်ဆိုချက်တွေ မတူပါ။ လူ ၅၀၀၀၊ ၁၀၀၀၊ ၅၀၊ ၁၀ ယောက်။ တကယ်တော့ တယောက်ထက်ပိုရင် ဗဟုဝုဒ်။ မိသားတစုတည်း။ အိမ်ခန်းတခန်းတည်း။ လင်မယားနှစ်ယောက်တည်း။ ဧကစာရီ တယောက်တည်း။

စျေးသွားဝယ်တာ မဝယ်မဖြစ်မှသာ သွားလာပါ။ ကြိုတင် ဝယ်ယူစုဆောင်းထားပါ။ အလုပ်ရုံ၊ ရုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦတွေ သွားလာတာကို လျော့သင့်၊ ပိတ်သင့်တဲ့အချိန် ရှိလာပါမယ်။

အိမ်မှာနေထိုင်ရင်း အကျိုးဖြစ်စေမှာတွေကို တီထွင်ကြံဆ လုပ်နေသင့်ကြတယ်။ ဘာသာတရားကတော့ ကိုယ့်သဘော။ စာဖတ်ပါ။ ဧည့်ခန်းမှာ ဟင်းဆင်နတိုက်ဇာပုလင်းနဲ့ တစ်ရှူး ထားပါ။ ဧည့်သည်ကို ကမ်းပေးပါ။ ဧည့်သည်ပြန်တိုင်း သင့်တဲ့နေရာ ပစ္စည်းတွေကို သန့်ရှင်းပါ။ သန့်ရှင်းရေးစည်းမျဉ်းတွေကို တသက်လုံး လိုက်နာကြပါ။

ကောလာဟလတွေ မဖတ်နဲ့။ မရေးနဲ့။ မယုံနဲ့။ အသိပညာမှန်တွေ ရကြပါစေ။ ရောဂါကပ်ဘေး ဝေးကြပါစေ။

ရေးသားသူ ဒေါက်တာတင့်ဆွေ