ဒီရက်ပိုင်းအဖြစ်များတဲ့ ခံတွင်းထဲက အပူနာလေးများအကြောင်း
ခံတွင်းထဲမှ အပူနာလေးများ မကြာခဏ ပေါက်ဖူးကြပါလိမ့်မည်။ လျှာ၊ ပါးစောင်၊ အပေါ်အောက်နှုတ်ခမ်း အတွင်းဘက်တို့မှာ အဖြစ်များတတ်ပါသည်။ နှစ်ရက် သုံးရက်ခန့်နာပြီး တစ်ပတ်အတွင်း ပျောက်သွားတတ်ကြသည်။ ထိုအနာလေးများကို မြန်မာများက အပူနာဟုခေါ်ပြီး မိမိခန္ဓာကိုယ်အတွင်း အပူအပုပ်များ၍ ဖြစ်သည်ဟု ယုံကြည်ကြပါသည်။…
