ဒဏ်ရာပေါ် ရေခဲအိတ်ကပ်သင့်သလား ရေနွေးအိတ်ကပ်သင့်သလား
ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင်စောင့်ရှောက်ကုသမှုမှန်ကန်ဖို့တော်တော်လေးအရေးပါပါတယ်။ ဒဏ်ရာကိုသေချာဂရုစိုက်မှနောက်ဆက်တွဲပြဿနာတွေရန်ကနေ ကင်းဝေးမှာပါ။ ဒဏ်ရာအနာတရဖြစ်ကြတဲ့အခါရေခဲကပ်တာရှိသလိုရေနွေးအိတ်ကပ်တာလည်းရှိကြပါတယ်။ အခုဆောင်းပါးလေးထဲမှာရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာတို့ရဲ့ အနာအပေါ် သက်ရောက်ပုံလေးတွေကို မျှဝေပေးပါရစေ။ ရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာကို သီးခြားစီအသုံးပြုလို့ရပါတယ်။ အတူတူတွဲဖက်ပြီးတော့ သုံးတာမျိုးတော့ အားမပေးပါဘူး။ ဒီနည်းလမ်း ၂ ခုစလုံးက အနာကျက်ဖြစ်စဉ်ကို တိုးတက်စေတာတော့ အမှန်ပါပဲ။ တစ်မျိုးချင်းစီက…
