childcovid

အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

 ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ် 
  (ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တော်တော်ရှားပါတယ် အဖျာကြီးပြီး ရက်ကြာရင် စဉ်းစားရပါမယ်)

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်
ပါရာစီတမောတိုက်ပါ
၁၅ မီလီဂရမ် / ကီလိုဂရမ် (15mg/kg)
ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီတခါ တိုက်လို့ရပါတယ်
ပုံမှန်တိုက်ဖို့မလိုပါဘူး
တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင်မသုတ်ပါနဲ့
အင်္ကျီမလဲပါနဲ့ ချွေးက ခန္ဓာကိုယ်ရဲ့ အပူကိုစုပ်ယူခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အောက် ( အစက်ချဆေး Drop )
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/ 𝐁𝐚𝐛𝐲𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/𝐍𝐚𝐩𝐚 𝐝𝐫𝐨𝐩 အလားတူတွေရှိပါတယ်100mg/ml ပါပါတယ် ၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️ ၁ နှစ်က ၅ နှစ်
အရည် (𝐒𝐲𝐫𝐮𝐩 𝐨𝐫 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧) တွေရှိပါတယ်
120mg/5ml နဲ့ 250mg/5mlဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜/𝐏𝐫𝐨𝐠𝐞𝐬𝐢𝐜/𝐒𝐚𝐫𝐚/𝐍𝐚𝐩𝐚 စသည်ဖြင့် တံဆိပ်မျိုးစုံ ရှိပါတယ်

➡️ ၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ် တပြား 500mg ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ
(15mg/kg) တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံး
တခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ

🤧 နှာစေး နှာခေါင်းပိတ်ရင်
Cetrizine Syrup ( 𝐂𝐞𝐭𝐫𝐢𝐧𝐞/ 𝐀𝐝𝐞𝐳𝐢𝐨/ 𝐎𝐫𝐦𝐢𝐬𝐭)အလားတူတွေရှိပါတယ်
1ml မှာ 1mg ပါပါတယ် ၂နှစ်အောက်ကလေးအတွက် ပမာဏမဖေါ်ပြထားပါ

➡️ မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအောက် – 1𝑚𝑙 ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား – 1.5𝑚𝑙 ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား – 2.5𝑚𝑙 ၂ ကြိမ်

  ဆေးပြား 10𝑚𝑔/𝑡𝑎𝑏 ဆိုရင် 
  ၁-၃ နှစ်ကြား           - တစိတ် ၁/၄ - ၂ ကြိမ်
  ၃-၅ နှစ်ကြား           - ၁/၃ - ၂ကြိမ် 
  ၅ နှစ် အထက်         - ၁/၂ - ၂ ကြိမ် ပေးပါတယ် 

😖 နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (𝐏𝐡𝐲𝐬𝐢𝐨𝐝𝐨𝐬𝐞 𝐨𝐫 𝐒𝐞𝐚𝐰𝐚𝐭𝐞𝐫 𝐬𝐩𝐫𝐚𝐲)
မကြာခဏ ထည့်ပေးနိုင်ပါတယ်

➡️ ဝယ်မရရင် – ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့်
လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

💩 ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ – 𝐌𝐏𝐅
လိမ္မော်အရသာ – 𝐏𝐡𝐚𝐫𝐨𝐥𝐢𝐭/ 𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥/ 𝐄𝐥𝐞𝐜𝐭𝐫𝐚𝐥/𝐄𝐥𝐞𝐜𝐭𝐫𝐨𝐫𝐮𝐬𝐡 (ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ၊ ဆေးလိုမ​သောက်ရပါ
ရေဆာတိုင်း ရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည်/ဆန်ပြုတ်ကျဲကျဲ ဆားခတ်ပြီး သောက်နိုင်ပါတယ်

🤮 အန်ရင် Domperidome အအန်ပျောက်ဆေး တကြိမ်သောက်လို့ ရပါတယ်

➡️ အစက်ချဆေးဆိုရင် 0.02-0.04mg/5kg တွက်လို့ရပါတယ် (𝐕𝐨𝐧𝐞𝐭𝐚/ 𝐃𝐞𝐟𝐥𝐮𝐱 စသည်ဖြင့် )

➡️ အရည် ဆိုရင် 0.02-0.04mg/5kgနဲ့တွက်လို့ရပါတယ် (𝐌𝐨𝐭𝐢𝐥𝐢𝐮𝐦 𝐬𝐲𝐫𝐮𝐩/ 𝐂𝐨𝐬𝐲 စသည်ဖြင့် )

 ဆက်တိုက်အန်၊ အစာမဝင်ရင် ဆေးရုံတက်ပါ

👶🦠 ကလေးကိုဗစ်ဖြစ်ရင် လူကြီးကို ကူးနိုင်ပါတယ်
အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

👩🏻‍🦰 🍼 မိခင်ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (𝐅𝐚𝐜𝐞 𝐒𝐡𝐢𝐞𝐥𝐝) ပါတတ်ပါ

(က​လေးအထူးကု ပါ​​​မောက္ခ ​​ဒေါက်တာဦး​စောဝင်း ​ရေးသားသည်)