၅၀/၃၀/၂၀ စည်းမျည်း
ငွေကို စည်းစနစ်တကျ စီမံခန့်ခွဲတဲ့နည်းပါ။ အရမ်းရိုးရှင်းလို့ အသုံးပြုရလွယ်ကူပါတယ်။
ဒီစည်းမျဥ္းဟာ အင်မတန်ထိရောက်မှု ရှိတဲ့ စီမံခန့်ခွဲနည်းတစ်ခုဖြစ်ပါတယ်။တချို့တွေလဲ သိပြီးသားဖြစ်ပါလိမ့်မယ်။
၅၀ / ၃၀ / ၂၀ စည်းမျဥ္းဆိုတာဘာလဲ ?
ကိုယ်ရဲ့ ဝင်ငွေကို အပိုင်း ၃ ပိုင်း ခွဲထားရပါတယ်။ ဒါကတော့ လိုအပ်တာ အတွက် ၅၀% ၊ လိုချင်တာ အတွက် ၃၀ % ၊ စုဆောင်း ငွေအတွက် ၂၀ % ပဲဖြစ်ပါတယ်။
တနည်းအားဖြင့် Needs 50% / Wants 30% / Savings 20% ဆိုပြီးခွဲခြမ်းလိုက်တာပါ။
ဥပမာ ဝင်ငွေဟာ ၁ သိန်းဆိုရင်
လိုအပ်တာ အတွက် သုံးဖို့ ၅၀၀၀၀
လိုချင်တာဝယ်ဖို့ ၃၀၀၀၀
စု ဖို့က ၂၀၀၀၀ ဆိုပြီး ခွဲချလိုက်တာပါ။
လိုအပ်တာအတွက် ၅၀ % (Needs)
၅၀ % ကတော့ မဖြစ်မနေ လိုအပ်တာတွေအတွက် အသံူးပြုရမှာပါ။ အိမ်အသုံးစားရိတ် ၊ ဖုန်းbill ၊ သွားလာရေးစာရိတ်၊ လူမှုရေး၊ ကလေးပညာရေး ၊ကျန်းမာရေးစတာတွေအတွက်ပါ။ဒါ့အပြင် ခရီးစားရိတ် ၊ပြန်ဆပ်ရမဲ့ ချေးငွေ စတာတွေလဲပါဝင်ပါတယ်။လိုအပ်ချက်ဆိုတာ ရှောင်လွွှဲလို့မရတဲ့ အသုံးစားရိတ်၊ကုန်ကျစားရိတ်တွေဖြစ်ပါတယ်။
လိုချင်တာအတွက် ၃၀%(Wants)
ဒါကတော့ ကိုယ်သုံးချင်တာသုံးဖို့ပါ။ လိုအပ်တာနဲ့ လိုချင်တာ ဟာ အမြဲတမ်းခွဲခြားဖို့တော့မလွယ်ကူပါဘူး။တစ်ယောက်နဲ့တစ်ယောက်ဟာလဲ မတူကြတဲ့အတွက် လိုအပ်တာ၊ လိုချင်တာတွေဟာ မတူကြပါဘူး။ လိုချင်တာ ဆိုတာကတော့ ဘဝရှင်သန်ဖို့အတွက်အရေးတကြီး မလိုပဲ မလုပ်လဲ တယ် ၊မဝယ်လဲရတဲ့ အရာတွေပါ။များသောအားဖြင့်တော့ ပျော်ရွွှင်မှုအတွက်သာဖြစ်ပါတယ်။
ဥပမာ Shopping ထွက်ခြင်း၊ အပျော်ခရီးသွားခြင်း၊ ဝါသနာပါတာလုပ်ဆောင်ခြင်း၊ မုန့်စားခြင်း ၊ရုပ်ရှင်ကြည့်ခြင်း စတာတွေပါဝင်ပါတယ်။
ဒီအတွက် ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကိုသံူးပါ။
စုဆောင်းဖို့အတွက် ၂၀ %(Savings)
ရှေ့က သုံးလိုက် တဲ့ ၈၀ % လောက်ကုန်သွားပြီမဟုတ်လား ။ ဒီမှာတော့ စုဆောင်းရပါမယ်။စုဆောင်းငွေဆိုတာ အနာဂတ်အတွက် ကြိုတင်စုထားတဲ့ငွေကို ဆိုလိုတာပါ။အရေးပေါ်ကိစ္စတွေပေါ်လာရင်လဲ အသုံးပြုနိုင်ပါတယ်။ ကိုယ်ဟာ တသက်လုံးအလုပ်မလုပ်နိုင်ပါဘူး။ အိုနာသေ ဆိုသလိုပဲ မသေခင် အိုတဲ့အချိန်မှာ သုံးဖို့ရာလဲ လိုအပ်ပါသေးတယ်။ဒီအတွက် တော့ ၂၀ ရာ ိုင်နှုန်းကိုစုဆောင်းပါ။
50/30/20 Rule လို့ခေါ်တဲ့ စည်းမျဉ္းဟာ အပိုင်းသံူးပိုင်းသာပါဝင်ပါတယ်။ မိသားစုဝင်များပြီး ဝင်ငွေနည်းတဲ့မိသားစုအတွက်က ၂၀ရာခိုင်းနှုန်းစုဖို့ဆိုတာတကယ်မလွယ်ကူပါဘူး။စုနိုင်သလောက်လေးစုဖို့တော့ တိုက်တွန်းပါရစေ။
ဒီစည်းမျဥ္းဟာ ရိုးရှင်းတဲ့ ပုံစံဖြစ်တဲ့အတွက်ကြောင့် အသုံးပြုရလွယ်ပါတယ်။
ရှာလိုက်သုံးလိုက်နဲ့ လက်ထဲ ဘာမှမကျန်တဲ့အဖြစ်မျိုးတော့ မဖြစ်ပါစေချင်ပါဘူး။၁၀၀၀ ကျန် ၁၀၀၀ စုပါ။ ၁၀၀၀၀ ကျန်ရင် ၁၀၀၀၀ စုပါ။
ရင်းနှီးမြှုပ်နှံတာတွေမလုပ်နိုင်ခင် ငွေပို ငွေလျှံရှိဖို့အရင်စုဆောင်းရတာပါ။
ဒီတော့ Needs/Wants/ Savings ( လိုအပ်တာ၊ လိုချင်တာ ၊ စုဆောင်းငွေ )ဆိုတဲ့အပိုင်းသုံးခု အတိုင်း ငွေကြေးကို စီမံခန့်ခွဲကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။
credit-Money Plus
photo credit