နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာများလား။ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း ဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ၊ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ်။
ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ
ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦးနဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ်။
ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ
ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကတော့ အများကြီးပါပဲ။
မှိုတွေ ပေါက်ဖွားတာ
အပင်တွေက ဝတ်မှုန်တွေ ထုတ်လွှတ်တာ
ဝတ်မှုန်ကူးတာ
မြက်ပင်တွေ စတာတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။
ဓာတ်မတည့်မှု ဖြစ်ရင်
နှာစေးတာ
ချောင်းဆိုးတာ
မျက်ရည်ယိုတာ
လည်ချောင်းယားယံတာ
ကောင်းကောင်း အိပ်မပျော်တာ
နေ့စဉ် လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်တာ
စွမ်းဆောင်ရည် ကျဆင်းတာ
ရေရှည်မှာ ထိပ်ကပ်နာရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက ၄ ရက် တစ်ပတ်ကျော် ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။
ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ
ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ က ဘာတွေများဖြစ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေကို ရှောင်ပါ
အိမ်ထဲမှာ တတ်နိုင်သမျှ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေ မရှိနေအောင် ဂရုစိုက်ပါ။ ပြင်ပက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ ဝတ်မှုန်တွေ အိမ်ထဲရောက်မလာအောင် ပြတင်းပေါက်တွေကို ပိတ်ထားပါ။ လေထုထဲမှာ
ကွန်းထဲက ဇကာတွေကို သေချာလေး ပုံမှန် သန့်ရှင်းပေးပါ။ ဒီလို သန့်ရှင်းပေးတာက ဓာတ်မတည့်မှုကို ကာကွယ်ရာ ရောက်ပါတယ်။ နောက်ပြီး လေစစ်ဇကာတွေကို အနည်းဆုံး ၃ လ တစ်ကြိမ် လဲလှယ်ပေးပါ။ ဒါကြောင့် အဲကွန်းကို ပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်ပါ
အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပါ
လေထုထဲမှာ ပြည့်နှက်နေတဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အိမ်ပြင်ကို ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာလေး တပ်ဆင်ပေးပါ။ အိမ်ပြန်ရောက်ရင်တော့ မတ်ခ်ကို ချွတ်ပြီး သေချာလေး စွန့်ပစ်ပါ။
