လူရော စိတ်ရော အရမ်းပင်ပန်းလာရင် အရာရာ အဆင်မပြေတော့ဘူး လူက ခြေကုန်လက်ပမ်းကျလာပြီး ရပ်တည်ရ ခက်ခဲလာပါတယ်။
ကျွန်မ အပါအဝင်လူတိုင်းက စိတ်ရော ကိုယ်ပါ ပင်ပန်းတတ်ကြပါတယ်။ လုပ်စရာအလုပ်တွေ ၊ စဉ်းစားစရာတွေ များလာတဲ့ အခါမှာသာ မက လုပ်စရာ မရှိတော့တဲ့ အချိန်ထိ ပင်ပန်းမှုကို ခံစားဖူးကြမှာပါ။
ဒီလို အကုန်လုံးကို လွှတ်ချချင်တဲ့ ပင်ပန်းမှုမျိုး ဖြစ်လာတဲ့ အခါမှာ ကိုယ့်ကိုကိုယ် ဘယ်လို နည်းလမ်းတွေနဲ့ အနားယူရမလဲကို ဝေမျှပေးသွားပါမယ်။
1. Facebook သုံးတာရပ်လိုက်ပါ။
2. အရင်ဆုံး အိပ်ရေးဝတဲ့ အထိ အိပ်လိုက်ပါ။ နိူးစက်မထားပါနဲ့နော်။
3. အိပ်ရာကထလာရင် ရေချိုးတာဖြစ်ဖြစ် ၊ မျက်နှာသစ်တာဖြစ်ဖြစ်လုပ်ပါ။
4. ရေချိုးတဲ့ အချိန်မှာ Favorite Song တွေဖွင့်ဖို့မမေ့နဲ့နော်။
5. Skin care ကိုအချိန်ပေးပြီးလုပ်ပါ။
6. စားချင်တဲ့ အစားအသောက်ချက်စား၊ မှာစားလိုက်ပါ။
8. သူငယ်ချင်းတွေနဲ့အတူ စကားပြောပါ။
9. တစ်ယောက်တည်းနေတတ်ရင် ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်လုပ်ပါ။
10. ဖုန်းထဲမှာရှိတဲ့ Photo Album ထဲက မလိုတာတွေ Clean လုပ်ပါ။
11. ကော်ဖီ၊ ချောကလက် ၊ နွားနို့ ပူပူလေးတစ်ခွက်သောက်ပါ။ အသီးအနှံစားပါ။
12. သီချင်းဆိုပြီး အသံသွင်းကြည့်ပါ။
13. ကိုယ်ချစ်တဲ့သူတွေနား သွားချွဲပါ။
14. နေအလင်းရောင်ရှိတဲ့နေရာ ၊ အခန်းမှာဘဲနေပါ။
15. TV သွားကြည့်ပါ။
16. တရားထိုင်ပါ။
17. Youtube က Workout တွေလိုက်လုပ်ကြည့်ပါ။
18. အပင်ရေလောင်းတာတို့ ၊ ပေါင်းသင်တာတို့လုပ်ပါ။
19. သဘာဝတရားကြီးကို ဓာတ်ပုံရိုက်ပါ။
20. ခေါက်ဆွဲပြုတ်ကို အသီးအရွက်အသားထည့်ပြီးပြုတ်စားပါ။
အခု ကျွန်မ ပြောသွားတဲ့နည်းတွေက စိတ်အရမ်းရှုပ်နေတဲ့ အချိန် ၊ ပင်ပန်းတယ်လို့ခံစားရတဲ့ အချိန်တွေမှာ လုပ်လေ့ရှိတဲ့အရာတွေပါ။
ဒါမျိုးအချိန်တွေမှာ အလုပ်အကြောင်း၊ ပြသာနာတွေ အကြောင်းမတွေးဘဲ တစ်နေ့လောက် အချိန်ပေးပြီးနားပါ။
ရမ်းလွယ်ကူတာကြောင့် စိတ်ရောလူရော ပင်ပန်းတဲ့ အခါမှာ ဒါမျိုးလေးတွေ လုပ်ကြည့်ဖို့ မမေ့နဲ့နော်။
သင်ရော စိတ်ပင်ပန်းလာတဲ့အခါ ဘာတွေလုပ်လေ့ရှိလဲ? ပြောပြပေးသွားလို့ရပါတယ်နေ်
