နွေရာသီ ရောက်လာတဲ့အခါ ရာသီဥတုက ပုံမှန်ထက်ပိုပြီး ပူပြင်းလာတယ်။ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကြောင့်လည်း ခန္ဓာကိုယ်မှာ ရေဓာတ်တွေ၊ ဆားဓာတ်တွေ ဆုံးရှုံးပြီး အပူလျှပ်တာဖြစ်စေ နိုင်တယ်။အပူလျှပ််တာကို သေချာဂရုမစိုက် ဘဲ ပေါ့ပေါ့ဆဆနေရင် လေဖြတ်ခြင်းဖြစ်ကာ ဦးနှောက်နဲ့အခြားအရေးကြီးတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထိခိုက်စေနိုင်မှာဖြစ်ပါ ယ်။
ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံး သွေးကြောရောဂါရှိတဲ့သူမျိုးတွေ၊ နေပူထဲမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရသူတွေ အနေနဲ့ပိုပြီး ဂရုစိုက်ရမှာဖြစ်တယ်။ ရှေ့ပြေး လက္ခဏာတွေက အပူချိန်များမယ်။ချွေးထွက် မယ်။ ရေငတ်မယ်။ သွေးခုန်နှုန်းမြန်ကာ နှလုံးခုန်နှုန်းမြန်တာ၊ ပူချစ်နေတာမျိုးဖြစ် တတ်ပါတယ်။ ဒါကိုရှေးဦးသူနာပြုစုစောင့် ရှောက်နည်းတွေနဲ့ ရေစိုအဝတ်ပတ်ပေးပြီး၊ အပူကျဆင်းအောင်လုပ်ပေးဖို့လိုပါတယ်။
အပူလျှပ်တာကို ဖြစ်စေတဲ့အကြောင်း ရင်းတွေက လေထုအရည်အသွေးညံ့ဖျင်းတဲ့ အတွက်အပူလျှပ်တာကို ဖြစ်နိုင်ခြေပိုပြီးများ ပြားလာလို့ ကတ္တရာတွေနဲ့ ကွန်ကရစ်တွေ ဟာ နေ့အချိန်မှာ အပူကိုစုပ်ယူထားပြီး ည ချိန်မှာ တဖြည်းဖြည်းပြန်လည်ထုတ်ပေးတဲ့ အတွက် ညမှာပိုပြီးအပူမြင့်စေပါတယ်။ အပူ နဲ့ပတ်သက်ပြီး ကလေးငယ်တွေသက်ကြီး ရွယ်အိုတွေက အပူလျှပ််တာကိုပိုပြီးဖြစ်စေ နိုင်တယ်။ သူတို့က အခြားသူတွေလိုအပူကို လျင်လျင်မြန်မြန် ထိန်းညှိနိုင်ခြင်းမရှိတဲ့ အတွက်ကြောင့်ဖြစ်တယ်။ ကျန်းမာရေး
မကောင်းသူတွေ ရောဂါအခံရှိတဲ့သူတွေ နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတွေနဲ့ သွေးပေါင်တက်တဲ့သူတွေ၊ ဆီးချိုရောဂါ၊ စိတ်ရောဂါစတဲ့သူတို့တွေအနေနဲ့လည်း အပူနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။
အပူချိန်မြင့်မားလာတဲ့အချိန်မျိုးမှာ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အပူဒဏ် ကြောင့် အားအင်ကုန်ခမ်းတာတွေ၊ ချွေးထွက် လွန်တာတွေ၊ အပူကြောင့်သတိလစ်တာ တွေဖြစ်စေနိုင်တယ်။ အပူပြင်းတဲ့အခါမျိုးမှာ ချွေးထွက်လွန်ပြီး ကိုယ်ခန္ဓာအတွင်းမှာ ရေ ဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေတဖြည်း ဖြည်း ဆုံးရှုံးလာနိုင်တယ်။ အဲဒီလိုဖြစ်နေချိန် မှာဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆနေမိရင်အသက် အန္တရာယ်မစိုးရိမ်ရပေမဲ့ များလာခဲ့ရင် သတိလစ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
အပူလျှပ်တာ ဖြစ်နိုင်ခြေများသူတွေက နေပူထဲမှာအလုပ်လုပ်တဲ့သူတွေ၊ သက်ကြီး ရွယ်အိုတွေ၊ အရက်သောက်သုံးသူတွေ၊ အဝ လွန်တဲ့သူတွေ၊ နာတာရှည်ရောဂါအခံရှိတဲ့ သူတွေ၊ သွေးကျဆေးသောက်သုံးရသူတွေ၊အတက်ပျောက်ဆေး သောက်ရသူတွေအ နေနဲ့ အပူလျှပ်တာကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နေပူထဲမှာအလုပ်လုပ်နေ တဲ့သူဆိုရင် တစ်နာရီအလုပ်လုပ်ပြီးရင် ၁၅ မိနစ်လောက်နားကာ ရေဓာတ်၊ ဆားဓာတ် ပြန်ဖြည့်ပေးပါတယ်။ ရေ၊ ဆားဓာတ်ဖြည့် ပေးတဲ့နေရာမှာ ရိုးရိုးဓာတ်ဆားရည်ကပို ကောင်းပါတယ်။
အပူလျှပ်တဲ့လက္ခဏာတွေ ခန္ဓာကိုယ် အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိမြင့် တက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ အရေပြား တွေ စိုစွတ်နေတဲ့အခါ ချွေးလုံးဝမထွက်တော့ ဘဲ အရေပြား ခြောက်သွေ့နေရင် ကိုယ့်ရဲ့ အသားကို ထိလိုက်တဲ့အခါ မီးသွေးလိုပူနေ ပြီး နီရဲနေတဲ့အတွက် သွေးစီးဆင်းမှုမရှိတော့ ပဲအသားအရေက ဖြူဖပ်ဖြူရော်မျိုးဖြစ်နေနိုင်သလို ချွေးထွက်လွန်ပြီး အားအင်ကုန် ခန်းသလိုဖြစ်နေတာ၊ ပင်ပန်းနွမ်းနယ်နေတာ ရေခဏခဏငတ်နေတာ၊ ခေါင်းထဲမူးဝေနေ တာ၊ ပျို့အန်တာတွေ စတဲ့လက္ခဏာတွေ အနေနဲ့ဖြစ်စေနိုင်တယ်။ စမ်းသပ်လိုက်တဲ့ အခါမျိုးမှာ အသက်ရှူနှုန်းမြန်တာ၊နှလုံးခုန် နှုန်းမြန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အပူလျှပ််တာရဲ့ နောက်ဆက်တွဲအနေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပျို့အန်တာ၊ အစားစားချင်စိတ်မရှိတာ၊ ဝမ်းလျှောတာမျိုး လည်း ဖြစ်စေနိုင်တယ်။ နောက်တစ်ခုက ကြွက်တက်တာမျိုးလည်း ဖြစ်စေနိုင်တယ်။တကယ်လို့ အပူလျှပ်တဲ့လက္ခဏာတွေရှိတယ် ဆိုရင် ဓာတ်ဆားရည်ပါတဲ့ အချိုရည်သောက် ပေးသင့်ပါတယ်။ နေပူထဲမှာ အလုပ်လုပ် ရတဲ့ဆိုရင် ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။
အပူလျှပ်တာကို ကာကွယ်နိုင်ပါတယ်။ အပူလျှပ်တာ ကာကွယ်နိုင်ဖို့ အဝတ်အစားတွေကို ပွပွချောင်ချောင် ဝတ်ဆင်သင့်တယ်။နေရောင်ခြည်ထဲကို သွားမယ်ဆိုရင် နေရောင်ခြည်ကို ကာကွယ်တဲ့ ဦးထုပ်ဆောင်းကာ အကျႌလက်ရှည်ဝတ်တာ ၊နေရောင်ကာခရင်မ် သုံးပြီးမှနေပူထဲထွက်တာ၊ နှစ်နာရီကြာပြီးတိုင်း တစ်ကြိမ်ပြန်လိမ်းတာ (သို့)သနပ်ခါး လိမ်းတာ မနက် ၁၀ နာရီက ၃ နာရီအ တွင်း ရေကူးတာ၊ ရေချိုးတာ၊ နေပူထဲမှာလှုပ်လှုပ် ရှားရှား အားကစားလုပ်တာကို ရှောင်ရ မှာပဲဖြစ်တယ်။ ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေကို နေပူထဲမှာ၊ ကားထဲမှာအချိန် ကြာကြာထားတာကို ရှောင်ရမှာဖြစ်တယ်။အပူပြင်းတဲ့အခါ အပူလျှပ်နိုင်ခြေများပြီး တကယ်လို့ မကုသဘဲ ထားရင် အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊
နှလုံးကို သွေးရောက်ရှိတာနည်းပြီး ဦးနှောက်၊ နှလုံးရဲ့ဇီဝဖြစ်စဉ်တွေအတွက် ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
အပူလျှပ်ခြင်းဆိုတာမြင့်မားတဲ့ အပူချိန် နဲ့ ထိတွေ့ပြီးရင် ဖြစ်ပွားတဲ့အချိန်တစ်ခုဖြစ်တယ်။ သူက ရေဓာတ်ခန်းခြောက်မှုနဲ့တွဲဖက် ဖြစ်ပွားတတ်တယ်။ရေဓာတ်နည်းရင် ရေငတ် ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိမကောင်းခြင်းဖြစ်နိုင် ပါတယ်။ ဆားဓာတ်လျော့နည်းရင် ပျို့အန် ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်းဖြစ်စေ တယ်။ လက္ခဏာတွေက စိတ်ရှုပ်ထွေးခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ခေါင်းမူးခြင်း၊ သတိမေ့ ခြင်း၊ပင်ပန်းလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ အန်ခြင်း (သို့) ဝမ်းလျှောခြင်း၊အသားအရေ ဖြူဖျော့ဖျော့ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ကုသဖို့လိုအပ်ပါတယ်။
အပူလျှပ်ပြီဆိုရင် ပူတဲ့နေရာက ရှောင် ကြဉ်ပြီး အေးမြတဲ့နေရာတစ်ခုမှာ အနားယူ သင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင် အနီး အနားက အေးမြတဲ့ သစ်ပင်ရိပ်အောက်မှာနေ သင့်ပါတယ်။ အရည် (ဓာတ်ဆားရည်) များ များ သောက်သင့်တယ်။ ကော်ဖီနဲ့အရက် ရှောင်သင့်တယ်။ ကျပ်တည်း၊ ချွေးစိုတဲ့အဝတ် အစားတွေ ချွတ်သင့်တယ်။ ရေချိုးနိုင်တယ်။အေးစေတဲ့ပန်ကာ (သို့) ရေခဲစိမ်တဘက် တွေကို အသုံးပြုနိုင်ပါတယ်။ ၁၅ မိနစ် လောက်နေတဲ့ထိ အကျိုးမရှိရင်အရေးပေါ် ကျန်းမာရေးကုသမှုခံယူသင့်ပါတယ်။မယူရ ရင် သေစေနိုင်ပါတယ်။ အပူလျှပ်ခြင်းကပြန် ကောင်းလာပြီးရင် ပူချိန်မှာပြင်းတဲ့ရာသီဥတု နဲ့ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပုံမှန်မဖြစ် မချင်း မပြုလုပ်သင့်ပါ ဘူး။ ရေဆာရင်ရေပဲ သောက်သင့်ပါတယ်။ အရက်၊ ဘီယာ မသောက်သင့်ပါဘူး။အရက်နဲ့ဘီယာက ခန္ဓာ ကိုယ်တွင်းက ရေဓာတ်ကိုအချိန်တိုအတွင်း ညစ်နွမ်းစေလို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
ကော်ဖီက ကဖင်းဓာတ်ပိုများတဲ့အတွက် ဆီးပိုသွားနိုင်တာကြောင့် ရေဓာတ်ပိုခန်း ခြောက်စေနိုင်လို့ ရှောင်သင့်ပါတယ်။ ဆုံးရှုံး သွားတဲ့ရေဓာတ်ကို ပါးစပ်ကသောက်ခြင်း၊လက်မှရေနဲ့သတ္တု၊ ဆားဓာတ်များပြန်သွင်းစေခြင်းနည်းနဲ့ ပုံမှန်ဇီဝကမ္မအခြေအနေ ရောက်ရှိအောင် ထိန်းညှိပေးနိုင်ပါတယ်။မြို့ ပြမှာနေတာက လေရဲ့အရည်အသွေးညံ့ဖျင်း ကာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေပိုများပါတယ်။ အဓိကအသက်အန္တရာယ်ရှိတဲ့မွေးကင်းစ ကလေးငယ်၊ ကလေးငယ်နဲ့အသက် ၆၅ နှစ် အထက်လူကြီးတွေဟာ အပူရှပ်ခြင်းဒဏ် မခံစားနိုင်၊ သေဆုံးနိုင်လို့လျင်မြန်စွာထိန်းညှိပေးဖို့လိုအပ်ပါတယ်။
