သွေးကင်ဆာ အမျိုးအစား များစွာရှိပါတယ်။ သွေးနီဥကင်ဆာ၊ သွေးဖြူဥကင်ဆာ စတာတွေ ရှိပြီး အခုပြောမယ့် ကင်ဆာကတော့..”” သွေးဖြူဥကင်ဆာတစ်မျိုးပဲ ဖြစ်ပါတယ်။သွေးဖြူဥ အမျိုးအစား တစ်မျိုးဟာ အဆမတန် ပွားများလာပြီး ရိုးတွင်းချဉ်ဆီထဲမှာ ကင်ဆာဆဲလ်တွေအဖြစ် ရှိနေတတ်ပြီး ပိုမိုများပြားလာတဲ့အခါမှာ ကင်ဆာဆဲလ်တွေဟာ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါတယ်။
ဖြစ်စေသော အကြောင်းရင်းများ
ဖြစ်စေတဲ့အကြောင်းအရင်းကတော့ တိတိကျကျ မသိရသေးပါ။ သို့သော် အများစု ဖြစ်တတ်တဲ့ လူတွေကတော့အသက် ၆၅ နှစ်ကျော်သူများ ၊အာဖရိကန်၊ အမေရိကန်လူမျိုးများ၊မျိုးရိုးရှိသူများ စတဲ့လူတွေမှာ အဖြစ်များပါတယ်။
အဖြစ်များသော လက္ခဏာများ
အများစုဖြစ်လေ့ရှိတဲ့ရောဂါ လက္ခဏာတွေကတော့-အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊နွမ်းနယ်မောပန်းခြင်း၊အင်အားချိနဲ့ခြင်း၊ကိုယ်အလေးချိန် သိသာစွာကျဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။သွေးဖြူဥကင်ဆာဖြစ်ကြောင်း သေချာဖို့သွေးစစ်တာ၊
ကျောက်ကပ် စစ်ဆေးတာ၊ ဆီးစစ်တာ၊ဓာတ်မှန်ရိုက်တာ၊CTရိုက်တာ၊MRI ရိုက်တာ စတဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။
ကုသခြင်း
ကုသရာမှာတော့ –ဆေးပေးကုသခြင်း၊ခွဲစိတ်ကုသခြင်း၊ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း စသည်တို့ ပါဝင်ပါတယ်။ဒါ့အပြင်အာဟာရပြည့်၀ မျှတအောင် စားသောက်ခြင်း၊ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊အားဆေးများ သောက်သုံးခြင်း၊ဗီတာမင်များသောက်သုံးခြင်း၊အသီးအနှံများကို ပိုမိုစားသုံးပေးခြင်း စတာတွေ ပြုလုပ်ပြီး ရောဂါကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
Translated by Dr. Aung Zin Ko
