Phobia ဆိုတာကတော့ တစ်စုံတစ်ခုကို အကြောက်လွန်တဲ့ရောဂါပါ။ သူများတွေအတွက် ပုံမှန်ဆိုပေမယ့် ကိုယ့်အတွက်တော့ သာမန်ကြောက်တာထက်ပိုပြီး အလွန်အကြူးကြောက်တာမျိုး ဖြစ်နေတယ်ဆိုရင် ဒါဟာ Phobia (အကြောက်လွန်စိတ်ရောဂါ) ဖြစ်နေလိုပါ။

လူတိုင်းမှာ အနည်းဆုံး Phobia တစ်ခုစီ ရှိကြပါတယ်။ ကိုယ့်မှာရှိနေတဲ့ Phobia ကို သိသေးတာနဲ့ မသိသေးတာပဲရှိပါတယ်။ ဒီနေ့တော့ အားလုံးဗဟုသုတ‌ရအောင် အဖြစ်များတဲ့ Phobia ‌တွေအကြောင်း စာရင်းပြုစုပေးထားပါတယ်။ ဒါဟာ အကုန်မဟုတ်ပါဘူး။ အဖြစ်များတာတွေကိုပဲ ထုတ်နုတ်ပေးထားတာပါ။ ကိုယ့်မှာ ရှိ၊ မရှိ ရှာကြည့်ပေးပါဦး။

1. Nyctophobia – အမှောင်ကြောက်တာ
2. Acrophobia – အမြင့်ကြောက်တာ
3. Claustrophobia – နေရာကျဉ်းကျဉ်းတွေကို ကြောက်တာ
4. Venustraphobia – အရမ်းလှတဲ့မိန်းမတွေကို ကြောက်တာ
5. Cacophobia – ရုပ်ဆိုးတဲ့လူတွေကို ကြောက်တာ
6. Obesophobia – ဝိတ်တက်မှာကြောက်တာ
7. Hydrophobia – ရေထဲဆင်းဖို ကြောက်တာ
8. Pyrophobia – မီးကြောက်တာ
9. Catoptrophobia – မှန်တွေကို ကြောက်တာ
10. Ataxophobia – ရှုပ်ပွနေတာကို ကြောက်တာ
11. Mysophobia – ညစ်ပတ်နေတာကို ကြောက်တာ
12. Noctiphobia – ညဘက်ရောက်သွားမှာ ကြောက်တာ
13. Heliophobia – နေရောင်ကိုကြောက်တာ
14. Coulrophobia – ဂျိုကာကို ကြောက်တာ
15. Ophidiophobia – မြွေကြောက်တာ
16. Arachnophobia – ပင့်ကူကြောက်တာ
17. Philophobia – ချစ်ရမှာကြောက်တာ
18. Gamophobia – လက်ထပ်ရမှာကြောက်တာ
19. Androphobia – ယောင်္ကျားတွေကို ကြောက်တာ
20. Gynophobia – မိန်းမတွေကို ကြောက်တာ
21. Tonitrophobia – မိုးကြိုးကြောက်တာ
22. Astraphobia – လျှပ်စီးနဲ့ မိုးချိန်းသံကိုကြောက်တာ
23. Lilapsophobia – မုန်တိုင်းကြောက်တာ
24. Ombrophobia – မိုးရွာတာကြောက်တာ
25. Scolionophobia – ကျောင်းကြောက်တာ
26. Bibliophobia – စာအုပ်ကြောက်တာ
27. Autophobia – တစ်ယောက်တည်းနေရမှာ ကြောက်တာ
28. Koinoniphobia – လူပြည့်လျံနေတဲ့အခန်းကို ကြောက်တာ
29. Agoraphobia – လူစည်ကားတဲ့နေရာတွေ ကြောက်တာ
30. Glossophobia – လူတွေနဲ့ စကားပြောရမှာ ကြောက်တာ
31. Dystychiphobia – မတော်တဆမှု‌တွေကို ကြောက်တာ
32. Nosocomephobia – ဆေးရုံကြောက်တာ
33. Hemophobia – သွေးတွေမြင်ရမှာကို ကြောက်တာ
34. Phonophobia – ကျယ်တဲ့အသံတွေကို ကြောက်တာ
35. Sedatephobia – တိတ်ဆိတ်မှုကို ကြောက်တာ
36. Trypophobia – အပေါက်သေးသေးလေးတွေကြောက်တာ
37. Trypanophobia – အပ်ထိုးသွင်းခံရမှာကို ကြောက်တာ
38. Bathmophobia – လှေကားကြောက်တာ
39. Microphobia – ပစ္စည်းသေးသေးတွေ ကြောက်တာ
40. Megalophobia – ကြီးမားတဲ့အရာတွေကို ကြောက်တာ
41. Amaxophobia – ကားစီးရမှာ ကြောက်တာ
42. Aerophobia – လေယာဉ်ပျံစီးရမှာ ကြောက်တာ
43. Tachophobia – မြန်တာကို ကြောက်တာ
44. Photophobia – စူးကနဲဖြစ်သွားတဲ့အလင်းကို ကြောက်တာ
45. Chronomentrophobia – နာရီကြောက်တာ
46. Somniphobia – အိပ်ဖိုကြောက်တာ
47. Aichmophobia – ချွန်တဲ့အရာတွေကို ကြောက်တာ
48. Pathophobia – ရောဂါဖြစ်မှာကို ကြောက်တာ
49. Necrophobia – သေခြင်းကို ကြောက်တာ
50. Iatrophobia – ဆရာဝန်တွေကို ကြောက်တာ
51. Pedophobia – ကလေးကြောက်တာ
52. Zoophobia – တိရိစ္ဆာန်တွေကို ကြောက်တာ
53. Botanophobia – အပင်တွေကို ကြောက်တာ
54. Insectophobia – အင်းဆက်တွေကြောက်တာ
55. Equinophobia – မြင်းတွေကို ကြောက်တာ
56. Ornithophobia – ငှက်တွေကို ကြောက်တာ
57. Cynophobia – ခွေးကြောက်တာ
58. Elurophobia – ကြောင်ကြောက်တာ
59. Chromophobia – အရောင်တွေကိုကြောက်တာ
60. Leukophobia – အဖြူရောင်ကြောက်တာ
61. Melanophobia – အမည်းရောင်ကြောက်တာ
62. Algophobia – နာကျင်မှာ ကြောက်တာ
63. Atelophobia – မပြီးပြည့်စုံမှာကို ကြောက်တာ
64. Atychiphobia – ကျရှုးမှာကို ကြောက်တာ
65. Genuphobia – ဒူးခေါင်းမြင်ရမှာ ကြောက်တာ
66. Pogonophobia – မုတ်ဆိတ်မွှေးတွေကို ကြောက်တာ
67. Phasmophobia – သရဲကြောက်တာ
68. Cyberphobia – ကွန်ပြူတာတွေကို ကြောက်တာ
69. Lockiophobia – ကလေးမွေးရမှာ ကြောက်တာ
70. Examinophobia – စာမေးပွဲကို ကြောက်တာ

ဟိုတလောက အမျိုးသမီးတစ်ယောက် အသီးတွေကို ကြောက်နေတာနဲ့ပက်သက်ပြီး အပိုတွေပြောနေသလို၊ လုပ်ကြံနေသလိုထင်ပြီး လှောင်ပြောင်သရော်နေကြသူတွေ၊ တိုက်ခိုက်နေကြသူတွေကို တွေ့ခဲ့ပါတယ်။ တကယ်တော့ အသီးကြောက်တဲ့စိတ်ရောဂါဆိုတာ ရှိပါတယ်။ Fructophobia လို ခေါ်ပါတယ်။ အဖြစ်နည်းပေမယ့် တကယ်ရှိပါတယ်။

ဒါကြောင့် သူများရဲ့ Phobia ကို ဘယ်တော့မှ မလှောင်မိစေပါနဲ့။ ကိုယ့်အတွက် အဆင်ပြေတဲ့ ပုံမှန်အရာတစ်ခုဟာ တစ်ပါးသူမှာ အသည်းအသန် ကြောက်လန့်စရာ ဖြစ်နေတတ်တာကို လက်ခံပေးပါ။ လူတိုင်းမှာ Phobia ရှိပါတယ်ဗျ။
ရေးသူ-AD Secret Diary