စာလေ့လာတဲ့အခါ အာရုံထွေပြားစေမယ့် အရာတွေ အကုန်လုံးကို ပိတ်ထားပါ။
အချိန်အကြာကြီးစာလုပ်မှ ၊ အများကြီးလေ့လာမှ စာရတယ်ဆိုတာ မဟုတ်ပါဘူး
တစ်နေ့ကို ဘယ်နာရီလုပ်မယ်ဆို သတ်သတ်မှတ်မှတ်ထားပြီး လုပ်ခြင်းဟာ အာရုံတွေပျံ့လွင့်ပြီး အကြာကြီး ထိုင်လုပ်နေတာထက် ပိုကောင်းပါတယ်။
တစ်နေ့ကို သုံးနာရီ စာလေ့လာမယ်ဆို အဲ့ဒီအချိန်အတွင်းမှာ social media notification တွေ အကုန်ပိတ်ထားပါ။
Laptop နဲ့ study ပြီး internet လိုကိုလိုအပ်တယ်ဆိုရင် မလိူတဲ့ app တွေက notifications တွေကို အကုန် off လုပ်ထားပါ။

25 မိနစ်တစ်ခါ 5 မိနစ် break ပေးပါ။
Jim KWIK ရဲ့ learn anything faster ဆိုတဲ့ program လေးထဲမှာ လူတစ်ယောက်ဟာ ပထမဆုံး 25 မိနစ်မှာ သင်ယူလေ့လာသမျှ အရာတွေ အကုန်လုံးကို မှတ်မိပါတယ်။ 25 မိနစ်နောက်ပိုင်း လေ့လာတဲ့အရာတွေဟာ long term memory ထဲကို ဝင်ရောက်ဖို ခက်ခဲပါတယ်။
Break ၅ မိနစ်ပေးလိုက်တာဟာ
ဦးနှောက်ထဲက neurons တွေကို လေ့လာသင်ယူတဲ့အရာတွေlong term memory ထဲကို ပိုပေးချိန်ခဏပေးလိုက်တာဖြစ်ပါတယ်။
အဲ့တာကြောင့် တစ်ခါတစ်လေ one night one sub လုပ်ပြီး တစ်ညတည်းနဲ့ အကုန်လေ့လာမှတ်တဲ့အခါ short term memory ထဲကိုပဲရောက်ပြီး ဖြေပြီး နောက်တစ်ရက်နှစ်ရက်လောက်နေတဲ့အခါ အကုန်မေ့သွားတာဖြစ်ပါတယ်။
ဒါ့အပြင် ၅ မိနစ်တစ်ခါ break ပေးလိုက်ရင် နောကါတစ်ခါ ပြန်စတဲ့အခါ ကိုယ့်ရဲ့ အာရုံစူးစိုက်အားဟာ အစက ပြန်ဖြစ်သွားပါတယ်။

Food
ပိုပြီး မှတ်မိလွယ်ပြီး အာရုံစူးစိူက်အား ကောင်းစေတဲ့ နေရာမှာ အစားအသောက်ဟာလည်း အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပါတယ်။ You are what you eat ဆိုတဲ့အတိုင်း မင်းစားတဲ့ အစားအသောက်ဟာ မင်းကို define လုပ်ပါတယ်။

Plan in advance
စာလုပ်တော့မယ်လို ဆုံးဖြတ်ပြီးရင် ဒီနေ့ ဘာလုပ်မယ်ဆိုတာ ကြိုတင် အစီအစဉ်ချထားပါ။ စာကြည့်စားပွဲမှာထိုင်လိုက်ပြီးမှ ဘယ်က စလုပ်ရမှန်းမသိရင် စာတကယ်လေ့လာတဲ့ဆီ မရောက်ခင်မှာဘဲ ပျင်းရိသွားတတ်ပါတယ်။ ဖြစ်နိုင်ရင် တစ်ပတ်စာ ကို လုပ်စရာရှိတာ ကြိုပြီး ချရေးထားပါ။ ရေးတဲ့အခါ အများကြီး ရေးတာမျိုးမဟုတ်ဘဲ ကိုယ်တကယ်လုပ်နိုင့်မယ့် realistic ဖြစ်တဲ့ goal ကိုပဲ သေချာချရေးထားတတ်ပါတယ်။
အများကြီး ချရေးပြီး မလုပ်ဖြစ်ရင် ကိုယ့်ကိုကိုယ်ပိုပြီး အားမရဖြစိပြီး လုပ်ချင်စိတ်တွေ ကုန်သွားတတ်ပါတယ်။

Meditate
ကိုယ့်ရဲ့ ဦးနှောက်ဖွံဖြိုးမှုနဲ့ အာရုံစူးစိုက်အားကောင်းစေမယ့် နောက်တစ်နည်းကတော့ တရားထိုင်ခြင်း ဖြစ်ပါတယ်။ စာမလေ့လာခင်မှာ အနည်းဆုံး ၁၀ မိနစ်တရားထိုင် ဝင်လေထွက်လေ မှတ်ပြီးမှ လေ့လာကြည့်ပါ။ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

နားလည်အောင် အရင်လေ့လာ ပါ။
ငယ်ငယ်က တိုတွေ ဘာကိုပြောလဲ နားမလည်ပေမယ့် အလွတ်ကျကိခဲ့ရတာတွေ ရှိပါတယ်။ အခုဆို အဲ့လို ကျက်ခဲ့တာတွေ အကုန် ဦးနှောက်ထဲမှာ မေ့သွားလောက်ပါပြီ။ ဘာကြောင့်လဲဆို သင်ခန်းစာကို ကိုယ်တိုင် အပြည့်အဝနားလည်မှသာ ရေရှည် မှတ်မိနိုင်တာဖြစ်ပါတယ်။ သဘောတရားကို နားမလည်ဘဲ ဘယ်လောက် အလွတ်ကျက်သည်ဖြစ်ပါစေ short term memory အရ မှတ်မိနိုင်ပေမယ့် ကြာလာတဲ့အခါ မေ့သွားပါတယ်။
တစ်ခုခုကို လေ့လာတဲ့အခါ သူရဲ့ key point တွေ၊ သူပေးတဲ့ message တွေကို နားလည်အောင်ကြည့်ပြီး ကိုယ့်နားလည်သလို ချရေးပါ။ အရေးကြီးတဲ့ သင်ခန်းစာကို တကယ် နားလည်သွားတဲ့အခါ အလွတ်ကျက်စရာမလိုဘဲ မှတ်မိသွားပါလိမ့်မယ်။

ရေးသူ-elysian