Healing လုပ်တယ် ဆိုတာ မိမိတို့ရဲ့ ကိုယ် စိတ် နှလုံး သုံးပါး Body, Mind & Spirit မှာ ရရှိနေတဲ့ ဒဏ်ရာတွေကို ကုစားတာ ဖြစ်ပါတယ် … ဒီလို ကုစားနိုင်ဖို့ အတွက် ဆိုရင် ပထမဉီးစွာ မိမိတို့ ကိုယ်တိုင် အမှန်တရားကို ရင်ဆိုင်နိုင် ရဲတဲ့ သတ္တိ လိုအပ်ပါတယ် …
ဒါ့အပြင် ကိုယ့်ကိုယ်ကို ကုစားမှု Healing လုပ်နေတဲ့ အချိန် တပြိုင်နက်ထဲမှာပဲ လွှတ်ချခြင်း Letting Go Process ကိုလဲ ပြုလုပ်ရမှာ ဖြစ်ပါတယ် …
မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ, စိတ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်ရာ, Energetically Level မှာအထိ မလိုအပ်ပဲ ကပ်ညှိနေတဲ့ … မိမိတို့ ဘဝအတွက် အသုံးမဝင်တော့ပဲ စွဲကိုင်ထားမိတဲ့ အပြုအမူ ပုံစံအဟောင်းတွေ, ခံစားချက်တွေ, ခံယူချက်တွေ, ယုံကြည်မှု အမှားတွေ စတာတွေကို လွှတ်ချ Let go လုပ်နိုင်ရမှာပဲ ဖြစ်ပါတယ် …
ဒါမှသာ မလိုအပ်ပဲ သယ်ဆောင်ထားမိတဲ့ စိတ်ဒါဏ်ရာ Trauma တွေ … ကိုယ့်ကိုယ်ကို ကန့်သတ်ထားတဲ့ ယုံကြည်ချက် Limiting Belief တွေ … မာနတွေ … ခွင့်မလွှတ်နိုင်ခြင်းတွေ … ဒေါသတွေ အစရှိတဲ့ မကောင်းတဲ့ အရာ အားလုံးဟာ လွတ်ကျသွားပြီး မိမိဟာလဲ ပေါ့ပါးသွားကာ ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ဆီကို ရှေ့ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ် …
ဒါ့ကြောင့် စိတ်ဒဏ်ရာတွေ, ပိတ်မိနေတဲ့ ကိုယ့်ရဲ့ ယုံကြည်ချက် Limiting Believe တွေကနေ Heal ဖြစ်သွားတယ် ဆိုတာ မိမိကိုယ် မိမိ ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်မှ လွတ်မြောက်ခြင်း တစ်မျိုးပါပဲ …
ဒီလိုဆိုရင် ကိုယ့်ကိုယ်ကို ကုစားရတာက လွယ်ကူလား ဆိုပြီး မေးစရာ ရှိလာပါလိမ့်မယ် … Healing က တစ်ခါတလေကျတော့ အကြောင်းအကျိုးတွေ တိုက်ဆိုင်သွားတဲ့ ဖြစ်ရပ်တွေ ဖြစ်သွား ကြုံသွားရတဲ့ အခါ လွယ်လွယ်ကူကူ Heal ဖြစ်စေနိုင်ပါတယ် …
တစ်ခါတလေ ပုံမှန်ထက် ပိုမို နာကျင်တဲ့ ခံစားချက် အတွေ့အကြုံတွေကို ရရှိပြီးမှ Healing ဖြစ်သွားတာ, ကုစားသွားနိုင်တာမျိုးတွေလဲ ရှိပါတယ် …
ဘာကြောင့်လဲ ဆိုတော့ မိမိတို့ ရင်မဆိုင်ချင်ပဲ ကိုယ်ဘာသာ ရှောင်လွှဲနေမိတဲ့ … ခံစားချက်တွေ, အတွေးတွေ, မိမိတို့ရဲ့ မကောင်းတဲ့ အစိတ်အပိုင်းတွေ, စိတ်ဒါဏ်ရာ အနာတရတွေကို တည့်တည့် ရှာဖွေ ဖော်ထုတ်ကြည့်ရလို့ ပိုမို နာကျင်ရတာပဲ ဖြစ်ပါတယ် …
Healing ဖြစ်ဖို့ အမှန်တရားကို ရှောင်ပြေး မနေပဲ သတ္တိရှိရှိ ထိပ်တိုက် ရင်ဆိုင်ကြရလို့ပါ … လက်ခံစိတ် Acceptance နဲ့ လက်မခံချင်တာတွေ အားလုံးကို လက်ခံလိုက်ရလို့ … ခွင့်မလွတ်ချင်တာတွေ အားလုံးကို ခွင့်လွှတ်လိုက်ရလို့ … ရင်မဆိုင်ချင်တာ အားလုံးကို ရင်ဆိုင်လိုက်ရလို့ … စသည်ဖြင့် အများကြီးပါပဲ …
ဒါပေမဲ့ အပေါ်ယံ လက်ခံလိုက်တယ် … အပေါ်ယံ ခွင့်လွှတ်လိုက်တယ် … အပေါ်ယံ ရင်ဆိုင်လိုက်တယ် ဆိုတာမျိုးလောက်နဲ့တော့ မရပါဘူး … ကုစားခြင်း Healing Process မှာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာထားတာက အဆိုးဝါးဆုံး ဖြစ်စဉ်ပါပဲ …
ကျွန်တော်တို့က ငယ်စဉ်မှ စလို့ ယခု အရွယ်ထိ ဘဝ တလျောက်လုံးမှာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာ ဖြေသိမ့်ပြီး စိတ် ဒဏ်ရာ ဒဏ်ချက် အနာတရတွေ အားလုံးကို မေ့ချင်ယောင်ဆောင် ဖုံးကွယ်ကြခဲ့ ပြီးပြီလေ …
ဒါတွေကို အနာဂါတ်အတွက် ဘာလို့ အလေးခံပြီး သယ်နေတော့မှာလဲ … အဓိက,က ကိုယ့် ဘဝရဲ့ အရေးကြီးတဲ့ နောက်ဆုံး အချိန်အထိ … နောင်တတွေ, ဒေါသတွေ, မောဟတွေ, လိပ်ပြာမလုံ Guilty ဖြစ်နေတာတွေ, ခွင့်မလွှတ်နိုင်တာတွေနဲ့ အဆုံးသတ်သွားလို့ မဖြစ်ပါဘူး … အရမ်း အရမ်းကို အရေးကြီးပါတယ် …
ယခုခေတ်မှာ ကုစားပေးနိုင်တဲ့ Energy Healer တွေ, စိတ်ပညာ ကျွမ်းကျင်သူ Psychologist တွေ, Spiritual Teacher တွေ အများကြီး ပေါ်ပေါက်လာသလို မိမိတို့ရဲ့ စိတ်ကို ကုစားခြင်းနဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတ Knowledge တွေ, နည်းလမ်း Technic တွေ ဝေမျှပေးနေတဲ့ ဆရာ, ဆရာမတွေလဲ အများကြီး ရှိနေပါပြီ …
ဒါ့ကြောင့် မိမိတို့ ယုံကြည် အားကိုးတဲ့ ကျွမ်းကျင်သူ Professional တွေရဲ့ အကူအညီနဲ့ ကုစားတာမျိုး လုပ်လို့ ရသလို … Energy ကိုက်ညီတဲ့ စာရေး ဆရာ, ဆရာမတွေရဲ့ စာတွေ ဖတ်ပြီးတော့လဲ Healing လုပ်လို့ ရပါတယ် … ဒါ့အပြင် မိမိကိုယ် မိမိလဲ ကိုယ်တိုင်ကုစားခြင်း နည်းလမ်း Self Healing Technique တွေကို အသုံးပြုပြီး ကုစား Heal လုပ်လို့ ရပါတယ် …
Healing ဆိုတာက ရွေးချယ်မှု တစ်ခုပါပဲ … မိမိကိုယ်သာ အားကိုးရာမို့ … မိမိတို့ရဲ့ ကိုယ်, စိတ်, နှလုံး သုံးပါဟာ ဘယ်လောက်ထိ ပြန်လည်ကောင်းမွန် Repair ဖြစ်တယ်, ဘယ်လောက်ထိ လွတ်မြောက်တယ်, ဘယ်လောက်ထိ Heal ဖြစ်တယ် ဆိုတာတွေက မိမိတို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ် …
ဒါ့ကြောင့် အရိုးရှင်းဆုံး Self Healing နည်းလမ်းအချို့ကို ဝေမျှပေးရမယ် ဆိုရင်တော့ …
 ပထမဉီးစွာ … မိမိကိုယ်မိမိ သေသေချာချာ ချစ်မြတ်နိုးခြင်း Self Love, မိမိကိုယ်မိမိ မေတ္တာထားနိုင်ခြင်း, မိမိကိုယ်မိမိ ကောင်းစွာ ပြုစု စောင့်ရှောက်နိုင်ခြင်း Self Care အစရှိတဲ့ အချက်တွေပါပဲ …
မိမိတို့ ကိုယ် စိတ် နှလုံး သုံးပါး Body, Mind & Spirit ရဲ့ ကျန်းမာ ကြံ့ခိုင်ခြင်းကို ဉီးစားပေးပြီး စောင့်ရှောက်နိုင်ရမှာပါ … မိမိအကျိုးကို သေသေချာချာ ဆောင်ရွက်ထားနိုင်သူတွေကမှသာ အများအကျိုးကို ကောင်းကောင်းမွန်မွန် သေသေချာချာ ကူညီ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်လို့ပါပဲ …
Self Love & Self Care လုပ်ရာမှာ တကိုယ်ရည် သန့်ရှင်းမှုကို ဉီးစားပေးခြင်း, စိတ်ရောကိုယ်ပါ သေသေချာချာ အနားယူခြင်း, ဝါသနာပါရာ Activity တစ်ခုခုကို အချိန်ပေးခြင်း, Mindfulness Practice များ ပြုလုပ်ခြင်း, တရားထိုင်ခြင်း, နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူခြင်း, အချိန်မှန်မှန် အာဟာရနဲ့ ပြည့်ဝသော အစားအသောက်များ စားခြင်း, မိမိအတွက် အကျိုးရှိသော စာပေများ ဖတ်ရှုခြင်း, ကိုးကွယ်ရာ ဘာသာအလိုက် တရားစာပေများ ဖတ်ရှုခြင်း, သဘာဝတရားနှင့် ထိတွေ့ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါတယ် …
ဒုတိယ အနေနဲ့ … ကျေးဇူးတရား Gratitude မှတ်တမ်းရေးခြင်း ဟာလဲ Healing ကို ရရှိ စေနိုင်ပါတယ် … ဘဝမှာ ကြုံဆုံလာရသမျှ လူတိုင်း, ကြုံတွေ့ရတဲ့ ကိစ္စရပ်တိုင်းဟာ ကောင်းချီး Blessing နဲ့ သင်ခန်းစာ Lesson တွေကို သယ်ဆောင်လာတာ ဖြစ်လို့ အဖြစ်အပျက်တိုင်းဟာ ကျွန်တော်တို့အတွက် သင်ယူတတ်ရင် အကျိုးရှိပြီး ကျေးဇူးတင်စရာ ကောင်းလှပါတယ် …
ကျွန်တော်တို့ဟာ ကောင်းချီးတွေကိုတော့ သဘောကျကြပြီး ပြသနာတွေကိုတော့ လုံးဝ အလို မရှိတတ်ကြပါဘူး … ပြသနာဆိုတာက တကယ်တမ်းတော့ မိမိအတွက် အသုံးချတတ်ရင် နောက်တဆင့်ကို တတ်နိုင်ဖို့ သင်ခန်းစာကောင်း တစ်ခုပါပဲ …
ပြသနာတိုင်းဟာ ဘဝရဲ့ လက်ဆောင်တွေ ဖြစ်ပါတယ် … ပြသနာမရှိရင် ကျွန်တော်တို့လဲ ဖွံ့ဖြိုး တိုးတတ်လာမှာ မဟုတ်ပါဘူး … ပြသနာတွေ ပိုပြီး များများ ကြုံဖူးတဲ့ သူတွေက အခြားလူတွေထက် ပိုပြီး ဖွံဖြိုး တိုးတတ် ရင့်ကျက်လာတတ်ကြပါတယ် …
ဒါ့ကြောင့် မိမိတို့ ဘဝမှာ ကိစ္စ အသေးအမွှားလေးက အစ ကျေးဇူးတင်စရာ ကောင်းလှပါတယ် … ကျေးဇူးတရား လက်ကိုင်ထားခြင်းက Positive Thinking ကို ဖြစ်ပေါ်နိုင်စေသလို … ကျေးဇူးတင်တတ်တဲ့ စိတ်ထား ရှိခြင်း အားဖြင့် ဘဝမှာ အခွင့်အလမ်း Opportunity တွေကို ပိုပြီး မြင်လာနိုင်စေမှာ ဖြစ်ပါတယ် …
ကျေးဇူးတရား မှတ်တမ်း ရေးတဲ့ အလေ့အကျင့် လုပ်ခြင်းအားဖြင့် Healing ရစေသလို … ဘဝအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ဆောင်ကျဉ်းပေးလာနိုင်တယ် ဆိုတာ Gratitude Journal Practice လုပ်ဖူးတဲ့ သူတွေ အသိဆုံးပါပဲ …
တတိယပိုင်း အနေနဲ့ မိမိတို့ရဲ့ အတ္တ, မာန, ဒေါသ, မောဟ, လောဘ စသည်တို့ကို လွှတ်ချထားနိုင်ခြင်း … အခြားသူများကို ခွင့်လွှတ်ပေးနိုင်ခြင်း … မိမိကိုယ် မိမိ ခွင့်လွှတ်ပေးနိုင်ခြင်း စတာတွေ ကလဲ Healing ကို အထောက်အကူ အများကြီး ဖြစ်စေပါတယ် …
လူတစ်ယောက်ကို ဒေါသထွက်နေတယ် ဆိုတာကိုက အခြားလူတစ်ယောက်ကို သေစေချင်တဲ့ စိတ်နဲ့ ကိုယ့်ဘာသာ အဆိပ်သောက်နေတာနဲ့ အတူတူပါပဲတဲ့ … ( Positive Messages for You စာအုပ်မှာ ရေးဖူးပါတယ် ) ဟိုဘက်လူက သိချင်မှ သိမယ် … ခံစားချင်မှ ခံစားရလိမ့်မယ် … ဒါပေမဲ့ ကိုယ်ပဲ အဓိက ခံစား နာကျင်နေရတဲ့ သူ ဖြစ်နေမှာ အမှန်ပါ …
ဒီလိုပဲ ခွင့်လွှတ်ပေးခြင်း ဆိုတာကလဲ အခြားသူ ငြိမ်းချမ်းသွားတယ် ဆိုတာထက် … ခွင့်လွှတ်ပေးလိုက်နိုင်တဲ့ စိတ် ဖြစ်သွားတဲ့ သူ ကိုယ်တိုင်ကပဲ တကယ် အေးချမ်းသွားရတာပါ …
ဒါ့အပြင် မိမိကိုယ်ကို ကုစားခြင်း Self Healing လုပ်တယ် ဆိုတာ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှု ဒဏ်ရာတွေကို Deep လက်ခံလိုက်ပြီး … မိမိကိုယ်တိုင်က ရင်ဆိုင်နေရတဲ့ ဒဏ်ရာတွေကို ရှောင်တိမ်း ထွက်ပြေးနေတာ မဟုတ်တော့ပဲ ၎င်းနာကျင်မှု စိတ်ဒဏ်ရာတွေနဲ့ အတူ ပူးပေါင်း ပါဝင်ပြီး ငြိမ်းချမ်းရာ နည်းလမ်းတွေကို ရှာဖွေခြင်းလဲ ဖြစ်ပါတယ် …