ကျောက်ကပ်ရောဂါဝေဒနာရှင်များအတွက် ကျောက်ကပ်ဆေးခြင်းနှင့်အတူသင့်တင့်မျှတသော အစားအစာစားသုံးခြင်းတိုသည် သွေးတွင်းရှိ အညစ်အကြေးပမာဏကိုလျှော့ချရာတွင်များစွာအထောက်အကူပြုသည်။ကျောက်ကပ်ဆေးနေရသူများအတွက်အစားအစာရွေးချယ်ရာတွင် အသားဓာတ်များသော အသား၊ငါးများကိုသင့်တင့်စွာစားသုံးပေးသင့်သည်။ပိုတက်ဆီယမ်များသော ငှက်ပျောသီး၊ လိမ္မော်သီး၊ ဟင်းသီးဟင်းရွက်များ၊ ချောကလက် နှင့်အစေ့အဆန်များကိုထိန်းကာစားသုံးသင့်သည်။

ရေသောက်သုံးမှုပမာဏကိုလျှော့ချသင့်သည်။ ကျောက်ကပ်ပျက်စီးနေချိန်တွင်သင်၏ကိုယ်ခန္ဓာအတွင်းတွင် ရေများစုပုံလာလေ့ရှိသည်။၎င်းအခြေအနေသည် တစ်သျှူးများဖောင်းခြင်း(ဖောခြင်း)နှင့် သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးပြဿနာ၊ ကြွက်တက်ခြင်းနှင့်ကျောက်ကပ်ဆေးနေစဉ်သွေးပေါင်ချိန် ကျခြင်းများကိုဖြစ်ပေါ်စေနိုင်သည်။

နနှင့်နိုထွက်ပစ္စည်းများ၊အစေ့အဆန်များ၊ကိုလာများစားသုံးမှုကိုလျှော့ပါ။၎င်းတိုတွင်ပါဝင်သော ဖော့စ်ဖောရပ်စ် သည်အရိုးကျိုးလွယ်ခြင်းနှင့်အဆစ်ရောင်ခြင်းများကို ဖြစ်ပေါ်စေတတ်သည်။အငန်ရှောင်ပါ။ အငန်များသော အစားအစာများသည်ရေမကြာခဏ ငတ်ခြင်းကိုဖြစ်စေသည့်အပြင် ကိုယ်တွင်း၌ရေများစုပုံခြင်းကိုလည်းအားပေးသည်။

Credit;