ခရမ်းသီးကို စားစရာ တစ်ခုအနေနဲ့ပဲ မြင်နေတုန်းလား! ဒါဆိုရင်တော့ ခရမ်းသီးကို အသားအရေ လှပစေဖို့လည်း သုံးပေးလို့ ရတယ်ဆိုတာကို အသိပေးချင်ပါတယ်။

ခရမ်းသီး ဆိုတာ

ခရမ်းသီး ဆိုတာက ခရမ်းရောင်၊ အစိမ်းရောင်၊ အဖြူရောင် အခွံလေးတွေနဲ့ အရောင်အသွေး အမျိုးမျိုး ရှိနေပါတယ်။ ခရမ်းသီးဆိုတာက အပြင်မှာ အရောင်အသွေးစိုစို အခွံ ရှိပြီး အတွင်းသားကတော့ ဖော့လေးလို ပွပွလေးနဲ့ အစေ့လေးတွေပါပါတယ်။

ခရမ်းသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!

ခရမ်းသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ဗီတာမင် C
  • ဗီတာမင် K
  • ဗီတာမင် A
  • ဗီတာမင် B6
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • ကော့ပါး စတာတွေ ပါဝင်နေပါတယ်။

ခရမ်းသီး အသားအရေ လှစေသလား! ဆိုတော့ အသားအရေ လှစေပါတယ်။ ခရမ်းသီး စားပေးလို့ ရသလို အသားအရေပေါ်မှာ တိုက်ရိုက် အသုံးပြုပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

ခရမ်းသီးကို စားပေးရင်ဖြစ်ဖြစ် အရေပြားမှာ တိုက်ရိုက်သုံးပေးရင်ဖြစ်ဖြစ် အခုလို ကောင်းကျိုးလေးတွေ ရနိုင်ပါတယ်။

အသားအရေ ကြည်လင်စေတယ်

ဗီတာမင် C ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာက အရေပြားကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှု ကင်းစေသလို အသားအရေကို ကြည်လင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကြည်လင်တဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ဖို့ ခရမ်းသီးကို အားကိုးလိုက်ပါ။

အသားအရေကို glow စေတယ်

Glow skin ပိုင်ချင်တယ်ဆိုရင်တော့ ခရမ်းသီးကို စားပေးလို့ ရသလို အသားအရေကို တိုက်ရိုက် သုံးပေးလို့ ရပါတယ်။ ခရမ်းသီးက ဗီတာမင် C၊ ဗီတာမင် A တို့နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အသားအရေကို Glow စေမှာပါ။

အရေးအကြောင်း ကင်းစေတယ်

ညစ်ညမ်းမှုတွေကြောင့် ဖြစ်ဖြစ် အနေအထိုင် အစားအသောက်ကြောင့် ဖြစ်ဖြစ် ဖြစ်လာတဲ့ အရေးအကြောင်း တွေကို သက်သာစေဖို့ အတွက် ခရမ်းသီးကို စားပေးလို့ ရပါတယ်။ အရွယ်တင်ပြီး အရေးအကြောင်း ကင်းတဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ ခရမ်းသီးကို ပုံမှန်လေး စားပေးလို့ ရပါတယ်။

အမဲစက်တွေနဲ့ အမာရွတ်တွေ သက်သာစေတယ်

မျက်နှာပေါ်မှာ ရှိတဲ့ အမဲစက်တွေနဲ့ အမာရွတ်တွေကို သက်သာစေဖို့အတွက် ခရမ်းသီးကို စားပေးလို့ ရပါတယ်။ ခရမ်းသီးမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက အသားအရေကို အာဟာရပြည့်ဝစေပြီး အရေပြားပေါ်က အမဲစက်တွေ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။

ဝက်ခြံတွေ သက်သာစေတယ်

ခရမ်းသီးက ကော့ပါးနဲ့ ဗီတာမင် C အပြင် အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေတာကြောင့် ခရမ်းသီးက ဝက်ခြံတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံ သက်သာစေဖို့ ခရမ်းသီးကို စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက်သုံးပေးလို့လည်း ရပါတယ်။

ခရမ်းသီးက စားကောင်းရုံတင် မဟုတ်ဘဲ အသားအရေ လှပစေဖို့လည်း အခုလို ထောက်ကူပေးနိုင်ပါတယ်။

ခရမ်းသီးကို စားစရာ တစ်ခုအနေနဲ့ပဲ မြင်နေတုန်းလား! ဒါဆိုရင်တော့ ခရမ်းသီးကို အသားအရေ လှပစေဖို့လည်း သုံးပေးလို့ ရတယ်ဆိုတာကို အသိပေးချင်ပါတယ်။