ရောင်ရမ်းခြင်းနဲ့ အဆုတ်ထဲချွဲတွေစုနေတာက  အသက်ရှူကြပ်တာ၊ အိပ်ပျော်ဖို့ခက်ခဲတာ နဲ့လည်ချောင်းနာ စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ချွဲသလိပ်တွေစုလာတဲ့အခါ ချောင်းဆိုး ချွဲထွက်တာကို ဖြစ်ပေါ်စေပါတယ်။တချို့ ချွဲထွက်တာပုံမှန်ဖြစ်ပြီး စိုးရိမ်စရာ မဟုတ်ပါဘူး။ဒါပေမဲ့ လူတစ် ဦး က ပုံမှန်ထက် ချွဲတွေ ပြည့်၊ရင်ကျပ် ရင်ဘတ်ထဲ ပြည့်ကျပ်နေရင်၊တခြားရောဂါ လက္ခဏာတွေပါ အတူတွဲပါနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အောက်ပါရောဂါတွေက အဆုတ်မှာချွဲသလိပ်ထစေပါတယ်။

  •  အစာခြေအက်ဆစ် အပေါ်သို့ ဆန်တက်ခြင်း
  •  ဓာတ်မတည့်ခြင်း
  •  ပန်းနာရင်ကျပ်ရောဂါ
  • ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ကူးစက်ခြင်း
  •  နာတာရှည်အဆုတ်လေပြွန်ရောင်ရမ်းခြင်း
  •  နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD)
  •  cystic fibrosis* တခြားအဆုတ်ရောဂါများ
ချွဲထတာကို သက်သာစေဖို့ မိမိအိမ်မှာ လုပ်နိုင်တဲ့ အရာများ
၁။ရေနွေးနွေးသောက်ခြင်း၊ပူနွေးတဲ့ ဖျော်ရည်များသောက်ခြင်း
ရေနွေးနွေး၊သောက်တာက အဆုတ်မှာ ချွဲတွေစုပြုံနေတာက ချက်ချင်းသက်သာစေပြီးရေရှည်အတွက်လည်း သက်သာစေပါတယ်။
ရေနွေးနွေးသောက်တာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ချောင်းဆိုးခြင်းနဲ့အတူ ချွဲတွေထွက်သွားဖို့ ကူညီနိုင်ပါတယ်။၂၀၀၈ ခုနှစ်လေ့လာမှုတစ်ခုအရ ပူနွေးတဲ့ ဖျော်ရည်တွေသောက်တာကနှာချေတာ၊ ချောင်းဆိုးတာ၊လည်ချောင်းနာတာနဲ့ ချမ်းတုန်တာတွေကို သက်သာစေတယ်လို့ သိရပါတယ်။ရေနွေးနွေးဆိုရာမှာ
  • ဟင်းရည်ပူ
  •  လက်ဖက်ရည်နွေး
  •  ဆေးဖက်ဝင်အပင်အရွက်ပါတဲ့ ရေနွေး
  •  ရေနွေးနွေး တွေပါဝင်ပါတယ်
၂။ရေနွေးငွေ့ရှူခြင်း
လေကိုအစိုဓာတ်ထိန်းပေးတာက ချွဲများကိုသိပ်သည်းဆနည်းစေပြီး ချွဲပိတ်တာနဲ့ချောင်းဆိုးတာကို သက်သာစေပါတယ်။ရေနွေးငွေ့ကိုရှူတဲ့အခါ ရေဓာတ်ခမ်းခြောက်တာကိုကာကွယ်ဖို့ ရေသောက်ပေးဖို့ မမေ့ပါနဲ့။
၃။ဆားရေနွေးနဲ့ ပလုပ်ကျင်းခြင်း
ဆားနဲ့ ရေနွေးနွေးရောပြီးပလုတ်ကျင်းတာက
လည်ချောင်းနောက်ဘက်က ချွဲတွေကိုဖယ်ရှားနိုင်ပြီး ရောဂါလက္ခဏာတွေ ကိုသက်သာစေနိုင်ပါတယ်။ရေနွေးတစ်ဖန်ခွက်ထဲသို့ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပါ။ ဆားပျော်သည်အထိမွှေပါ။ လည်ချောင်းနားရောက်တဲ့အထိ ပလုပ်ကျင်းပါ။တစ်နေ့မှာ အကြိမ်များစွာလုပ်လို့ရပါတယ်။
၄။ပျားရည်
ပျားရည်က လူကြိုက်ပြီး အိမ်တိုင်းဆောင်ထားတတ်တဲ့ သဘာဝဓာတ်စာပါ။ပျားရည်မှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းကို ၃ နာရီမှ ၄ နာရီကြား သောက်သုံးနိုင်ပြီးရောဂါလက္ခဏာများမသက်သာမချင်း သောက်နိုင်ပါတယ်။ပျားရည်က အသက် ၁၂ လအောက်ကလေးငယ်များအတွက် မသင့်တော်ပါ။
၅။အစားအစာများ
ချောင်းဆိုးခြင်း၊ အအေးမိခြင်းနဲ့ ချွဲများစုပုံခြင်းကိုသက်သာစေရန် အသုံးများဆုံးအစားအစာတွေကတော့
  •  ကြက်သွန်ဖြူ
  •  ဂျင်း
  •  သံပယိုသီး
  •  ငရုတ်ကောင်းမှုန့်
သုတေသနတချို့အရချွဲပိုထွက်စေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်များကြောင့် ချွဲထခြင်းဖြစ်လာတဲ့အခါ အောက်ပအစားအစာတွေကို စားသင့်ပါတယ်။
  • ဘယ်ရီသီးများ
  •  ဂျင်ဆင်း
  •  မာလကာသီး
  •  သလဲသီး
  •  ဇင့်

ရောဂါအခံတစ်ခုခုရှိပြီး နေ့စဉ် ဆေးစွဲသောက်နေရသူတွေက အထက်ပါ ဖြည့်စွက်စာတွေမသောက်မီဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

၇။အဆီအငွေ့ရှူခြင်း ဒါမှမဟုတ် အဆီကို တိုက်ရိုက်ရှူခြင်း
တချို့ အဆီတွေကို ရေနွေးထဲထည့်ကာ အငွေ့ရှူတာ ဒါမှမဟုတ် ပုလင်းထဲထည့်ကာ တိုက်ရိုက်ရှူရှိုက်တာက အသက်ရှူရလွယ်ကူစေပြီးချွဲတွေကို ပျော်ဝင်စေနိုင်ပါတယ်။တချို့အဆီတွေက အသက်ရှူလမ်းကြောင်း မှာကူးစက်တဲ့ဘက်တီးရီးယားတွေရဲ့အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။သုံးလို့ရတဲ့ အဆီများ
  • ပင်စိမ်းဆီ
  •  သစ်ကြံပိုးခေါက်ဆီ
  •  ယူကလစ်ဆီ
  •  စပါးလင်ဆီ
  • peppermint
  •  rosemary
  •  စမုန်ဖြူ
  •  အော်ရီဂါနို
အဆီတွေကို ပုလင်းထဲထည့် တိုက်ရိုက်ရှူ၍သော်လည်းကောင်း၊diffuserထဲထည့်ပြီးသော်လည်းကောင်းရေနွေးငွေ့ထဲထည့်ပြီး ရှူသွင်းခြင်းဖြင့်လည်းကောင်း ရှူနိုင်ပါတယ်။
၇။ဦးခေါင်းကို မြှင့်ထားခြင်း
ချွဲကျပ်ချောင်းဆိုးကာ အိပ်မရပါကခေါင်းအုံးအပို တစ်လုံးသုံး၍ ခေါင်းကိုမြှင့်ပါ။ချွဲစီးဆင်းမှုကို ကူညီပေးပြီး
ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
၈။ N-acetylcysteine (NAC)
NAC က အသက်ရှူလမ်းကြောင်း၌ချွဲကို နည်းပါးစေပြီးချောင်းဆိုးခြင်းကိုလျှော့ချ ပေးနိုင်တဲ့ ဖြည့်စွက်ဆေးတစ်မျိုးဖြစ်ပါတယ်။ချွဲမကျပ်၊ချွဲမထစေရန်အောက်ပါအကြံပြုချက်များကို လိုက်နာပါ။
၁။ဓာတုပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များနဲ့ ဖုန်မှုန့်တို့လို ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို ရှောင်ပါ။ရှောင်လွှဲ၍ မရပါကနှာခေါင်းစည်းတပ်ပါ။ ထိုနေရာကို လေ ၀ င်လေထွက်ကောင်းအောင်လုပ်ပါ။
၂။ဆေးလိပ်ဖြတ်ပါ၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းမှရှောင်ကြဉ်ပါ။
၃။ဗိုင်းရပ်စ်ကိုကာကွယ်ရန်လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးပါ။ ကူးစက်ခံထားရသူများနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။
၄။လတ်ဆတ်တဲ့ အစားအစာကိုစားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်းနဲ့စိတ်ဖိစီးမှုများကို လျှော့ချတာက ကိုယ်ခံစွမ်းအားကိုကောင်းမွန် စေပါတယ်။
၅။ရောဂါအခံ အထူးသဖြင့် အဆုတ်ရောဂါရှိပါက နားလည်တတ်ကျွမ်းသူပြကာ ကုသပါ။
၆။အအေးမိခြင်းနဲ့ သလိပ်ထခြင်းကိုသက်သာစေရန် ဖြည့်စွက်စာတွေဖြစ်တဲ့ ဗီတာမင်စီ၊ ပရိုဘိုင်အိုတစ်နဲ့ဇင့်တို့ကို မှီဝဲပါ။
Credit-ဟမ်စိုင်း(ဆေး-မန်း)