ငါးသလောက် ( ၁ ပိဿာ )ကို
အကြေးထိုး,အူဖောက် သန့်စင်ပီး
ဆား,သကြား,အရသာမှုန့်,နနွင်း,ရှောက်သီးတိုဖြင့်နယ်၍
နာရီဝက်ခန့် နှပ်ထားပေးပါ။
ခရမ်းချဥ်သီး အကွင်းလိုက် လှီးထားပါ။
ကြက်သွန်နီ အကွင်းလိုက် လှီးထားပါ။
ကြက်သွန်ဖြူမွှာလေးများ နှစ်ခြမ်းခွဲထားပါ။
ပငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းကို ရေနဲ့ ရောမွှေထားပါ။
_____________________________________________
ငါးသလောက် ပေါင်းပါတော့မယ်။
***********************************
အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင်
အပူပေးပီး မီးခဏပိတ်ပါ။
ကြက်သွန်နီ ,ခရမ်းချဉ်သီးထည့်မွှေပါ။
ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါ။
ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါ။
မီးအားမပြင်းစေပဲ ၆ နာရီကြာ တည်ထားပါ။
ရေခန်းခါနီးမှာ
ဖျော်ထားတဲ့ ပဲငံပြာရည် ထည့်ပါ။
ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာ
ကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။
ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။
_____________________________________________
မတ်ချက်
************
ဒနည်းက Pressure Cooker မရှိတဲ့သူ, မသုံးတဲ့သူ နဲ့ မသုံးရဲတဲ့သူတွေအတွက်တင်ပေးခြင်း ဖြစ်ပါတယ်။
Pressure Cooker နဲ့ပေါင်းရင်တော့ အချိန် တစ်နာရီခန့်သာ ကြာမြင့်ပါတယ် ။လတိုင်း Pressure Cooker မသုံးကြလိုဒနည်း တင်ပေးတာပါ။
Pressure Cooker နဲ့ပေါင်းမယ်ဆိုရင်
ပါဝင်ပစ္စည်းအားလုံး Pressure Cooker ထဲထည့်ပါ။
ရေ ၁ လီတာ ထည့်ပါ။
Timer ၁ နာရီပေးပြီး W 2000 နဲ့ ပေါင်းပေးပါ။
၁ နာရီဆို ရပါပြီ။ အဖုံးမဖွင့်ပဲ နှပ်ထားပါ။
အအေးခံပြီးမှ အဖုံးဖွင့် သုံးဆောင်ပါ။
ငါးသလောက်ပိဿာချိန် များများပေါင်းရင်တော့
ဒန်အိုးအောက်ခြေမှာ ဝါးကပ်ခံပြီး
မးသွေးမီးဖို နဲ့ ဆီများများထည့်ပြီး ပေါင်းရပါတယ်။
ကျမ ငါးသလောက်ပေါင်းရင်
ဂျင်း,စပါးလင် မထည့်ပါဘူး။
ငပြာရည် ( လုံးဝ ) မသုံးပါဘူး။
ကြိုက်သူများအတွက် တော့ ထည့်လိုရပါတယ်။
ဒါပေမယ့် တူးမှာစိုးရင်တော့ ဒန်အိုးအောက်ခြေမှာ
ဝါးကပ်/ စပါးလင်/ ကြံရွက် ခံလိုရပါတယ်။
ရှောက်သီးက
အသားတင်းစေရန်နဲ့ အအီပြေစေရန် ထည့်ပါတယ်။
ချိုမြမြ အရသာ ရရှိစေဖို နဲ့
အရောင်လှစေဖို အတွက်
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပေးပါတယ်။
ကြက်သွန်ဖြူခွဲခြမ်းလေးတွေကတော့
ကြိုက်လို ထည့်တာပါ။
မထည့်ချင်ရင်လည်း ရပါတယ်။
ငါးသလောက်ပေါင်းရင်
အမြန် နူးချင်ဇောနဲ့ မီးပြင်း မတိုက်ရပါဘူး။
မီးအားအနေတော်နဲ့ ၆ နာရီခန့် ပေါင်းပေးရပါမယ်။
ငါးသလောက်ကို ရေမြုပ်အောင်ထည့်ပြီး Digital မီးဖိုကို မီးအား 400 W နဲ့ပေါင်းပါ။
တစ်ရည်ခန်းနဲ့ပဲ ရပါတယ်။
မီးအားပြင်ပြင်းနဲ့ ရေခန်းလိုက်ရေထပ်ထည့်လိုက်နဲ့ ငါးသလောက်ပေါင်းရင်ငါးသလောက်က နူးပေမယ့် အတုံး သိပ် မလှဖြစ်သွားတတ်ပါတယ်။
အိုးချခါနီးရင် ရေကျန်နေချိန်မှာ အရသာမြည်းကြည့်ပီးအချို,အငံ အရသာ ချိန်ဆပါ။
အီနေရင်တော့ ရှောက်သီး ထပ်ညှစ်ထည့်ပေးပါ။
ဟင်းအနှစ် အနည်း အများအတွက်ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ကိုမိမိ လိုသလောက် ချိန်ဆထည့်ပါ။
အရသာတွေ စိမ့်ဝင်နေတဲ့ ခရမ်းချဥ်သီးဖပ် အိအိကြီးထွေးထွေးကြီးတွေ ကြက်သွန်ဖပ် ချိုချိုကြီးတွေကိုငါးသလောက်အသားနဲ့အတူ တွဲဖက်ပြီးဝါးစားရတာ အရမ်းကို အရသာရှိလှပါတယ်။
တစ်ကယ်လို အနှစ်နဲ့ ငါးသလောက်တစ်သားတည်း ကျနေစေချင်ရင်တော့ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို ကွင်းမထည့်ပဲ ကြိတ်ထည့်လို ရပါတယ်။
ရေးသူ-ပဲခူး ဒေါ်ထွေးရီ
