Balanitis ဆိုတာကတော့ အမျိုးသား ၂၀ မှာ ၁ ယောက်လောက် ဖြစ်တတ်တဲ့ လိင်အင်္ဂါထိပ် အရေပြားလေး ရောင်တာကိုပဲခေါ်ပါတယ်.. တစ်နည်းဆိုရမယ်ဆိုရင်တော့ ထိပ်ဖူးကလေးရောင်တာပေါ့ ဒီလိုမျိုး ထိပ်ဖူးရောင်တဲ့အခါမှာ တအားနာတာမျိုး ဖြစ်နိုင်ပေမယ့် အရမ်းကြီး စိုးရိမ်ရတဲ့ ပြသနာမျိုးမဟုတ်ပဲ လိမ်းဆေးနဲ့တင် သက်သာသွားတတ်ပါတယ်..။
ဘာကြောင့် ဖြစ်ရသလဲ?
ထိပ်ဖူးရောင်တာဟာ လိင်အင်္ဂါထိပ်ဖျား မဖြတ်ရသေးတဲ့သူတွေမှာ ပိုပြီးတော့ ဖြစ်တတ်ပြီး ဘက်တီးရီးယားပိုးဝင်လို့ အဖြစ်များပါတယ်..တချို့တွေမှာလည်း အနေထိုင်မဆင်ခြင်တာရယ် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့အခါမျိုးတွေမှာရယ် ပိုဖြစ်တတ်ပါတယ်.. လိင်အင်္ဂါကို မတော်တဆထိခိုက်မိတာမျိုးတွေမှာလည်း ရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်… လိင်အင်္ဂါအရေပြားတဝိုက်မှာ မတည့်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မိရင်လည်း ရောင်ရမ်းနိုင်ပါတယ်.. ဥပမာ မတည့်တဲ့ ဆပ်ပြာနဲ့ ဆေးမိတာမျိုးပေါ့.. တခြားသောအခြေအနေတွေကတော့..
ဆီးချိုရှိတဲ့သူတွေ.. ကာလသားရောဂါ ဆီးပူညောင်းကျဖြစ်နေတဲ့သူတွေမှာ ပိုပီးတော့ဖြစ်တတ်ပါတယ်…။
ရောဂါလက္ခဏာများ
တကယ်လို့များ လိင်အင်္ဂါထိပ်မှာ နီရဲပြီး ရောင်နေပီ ဆိုရင်တော့ Balanitis ရဲ့ ရောဂါလက္ခဏာပေါ့..တခြား အနေနဲ့ကတော့..
– ပြည်တွေထွက်တာမျိုး
– လိင်အင်္ဂါယားတာမျိုး
– လိင်အင်္ဂါအရေပြားတင်းနေတာမျိုး
– လိင်အင်္ဂါနာကြင်နေတာမျိုး တွေပဲဖြစ်ပါတယ် ..
တခါတလေမှာဆိုရင်တော့ ဆီးသွားရင်း နာကြင်တာမျိုးလည်းရှိနိုင်ပါတယ်
ဘယ်လိုမျိုးကုသမလဲ?
ယားယံခြင်းကိုဖြစ်စေတဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ဆပ်ပြာတွေ အသုံးပြုတာကို ချက်ချင်းရပ်လိုက်ပါ.. ။
ဖြစ်နိုင်မယ်ဆိုရင် လိင်အင်္ဂါကို ရေနွေးနဲ့ပဲ ဆေးသင့်ပါတယ်.. ပိုဆိုးလာမယ် ပိုရောင်လာမယ် နာလာမယ် ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြသင့်ပါတယအရောင်ကျဆေး အနာသက်သာဆေး ပိုးသတ်ဆေးနဲ့ ယားတာသက်သာတဲ့ လိမ်းဆေးတွေလိမ်းခြင်းအားဖြင့် သက်သာလာနိုင်ပါတယ်..။
မဖြစ်အောင်ဘယ်လို ကာကွယ်ကြမလဲ?
တစ်ကိုယ်ရည်သန့်ရှင်းအောင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်.. သင်လိင်ဆက်ဆံပြီးရင် လိင်အင်္ဂါကိုဆေးကျောပစ်တာမျိုးက အမြဲ ပြုလုပ်သင့်ပါတယ်… မတည့်တဲ့ အမွှေးနံ့သာတွေ ဆပ်ပြာတွေကို မသုံးပဲ ရှောင်ကြဉ်ရပါမယ်..ဒီလိုသာဆိုရင်တော့ ထိပ်ဖူးလေးက ပုံမှန်တိုင်းဖြစ်ပြီး ဘယ်တော့မှရောင်မှာမဟုတ်တော့ပါဘူး..
credit-Dr.Han (ဆေးမန်း)
