နေမကောင်းတဲ့အချိန်မှာ ထမင်းလဲ မစားနိုင်ဆန်ပြုတ်လဲ စားရတာ များလာရင် ဆက်မစားချင်တော့ဘူးဆိုရင် ဘာတွေ ချက်ကျွေးကြမလဲ?


(၁) မြူစွမ်ပြုတ် – တော်တော်လေးပျော့ပျောင်းပြီး အလွယ်တကူ ဗိုက်ထဲ ဝင်နိုင်တဲ့ အစားအစာပါ။
(၂) ကြေးအိုးပြုတ် လိုမျိုး အိမ်လုပ် ကြာဇံပြုတ်
(၃) အိမ်လုပ်ခေါက်ဆွဲပြုတ်
(၄) ဖက်ထုပ်ပြုတ်
ဒါပေမယ့် အာဟာရရှိအောင် ချက်တတ်ဖို့လိုပါတယ်။

ကြက်သားတောက်တောက်စင်း သို့မဟုတ် ကြိတ်ထားတာ ထည့်ပါ။

ကြက်ဥ တစ်လုံး ခေါက်ပြီး ပွတ်ပွတ်ဆူမှ မွှေထည့်ပါ။

ဆီ လက်ဖက်စားဇွန်း (၂) ဇွန်း ထည့်ပါ။

အနံ့ မွှေးအောင် ကြက်သွန်ဖြူကြော်၊ ကြက်သွန်မိတ်ထည့်ပါ။

နှမ်းဆီမွှေးရှိရင် ထည့်ပါ (အနံ့ပျောက်နေရင်တော့ ထည့်လဲ သိပ်တော့မထူးလှပါ၊ အနံ့ပြန်ရသူတွေမှာတော့ ပိုပြီးစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်)