ပရိုတင်းဟာ ဗိုက်ပြည့်စေတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ အသားကရတဲ့ ပရိုတင်းထက် အသီးအနှံ၊ ဟင်းသီးဟင်းရွက် အထူးသဖြင့် ပဲ အမျိုးမျိုးကရတဲ့ ပရိုတင်းဓာတ်ဟာ အဆာကြာကြာခံစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ဒန်းမတ်သုတေသီများ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသား ၄၃ ဦးကို မနက်စာ အမျိုးမျိုး ကျွေးပြီးစမ်းသပ်ခဲ့ပါတယ်။ မနက်စာ စားပြီးနောက် ဗိုက်ပြည့်ရဲ့လား၊ ဘယ်လောက် တင်းတိမ်မှုရှိသလဲ မေးခွန်းများကို မေးမြန်းခဲ့ပါတယ်။

မနက်စာ အမျိုးမျိုးထဲမှာမှ ပဲအမျိုးမျိုး အခြေခံတဲ့ မနက်စာကိုစားသုံးသူများဟာ အခြားသူများထက် နေ့လယ်စာလျော့နည်းစွာ စားသုံးတာကို တွေ့ရှိခဲ့ပါတယ်။

ပဲပြုတ်ထမင်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာဖြစ်အမျိုးမျိုးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်နေလို အစာစားပြီးနောက် ဗိုက်ပြည့်ကာ ကျေနပ်တင်းတိမ်သော ခံစားမှုကို ပိုမိုပေးစွမ်းနိုင်ပါတယ်။ ပဲအမျိုးမျိုးထဲမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပြီး အူလမ်းကြောင်းရှိ ဗက်တီးရီးယားများအတွက် ကောင်းမွန်သော အစားအစာတစ်မျိုးလည်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် မနက်တိုင်း ပဲပြုတ်နဲ့ ထမင်းကို ပဲဆီမွှေးမွှေးလေးနဲ့ နယ်ကာ စားတတ်လေ့ ရှိသောသူများအတွက် သတင်း ကောင်းတစ်ခုဖြစ်ပါတယ်။

Credit:-