တစ်ခါတစ်ရံ ဘဝမှာ “ဒီအရာက ငါ့အတွက် မဖြစ်နိုင်ဘူးထင်တယ်…” ဆိုတဲ့ အတွေးလေးတွေ ဝင်လာတတ်ပါ တယ်။
အခက်အခဲတွေ တိုးလာတဲ့အချိန်၊ ကြိုးစားထားတာ မမြင်သာသေးတဲ့အချိန်၊ အခြားသူတွေကို နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို လျော့နည်းမြင်မိတဲ့အချိန် ဒီလိုအခါမျိုးမှာ ရှေ့ဆက်ဖို့ စိတ်ခွန်အား လိုအပ်ပါတယ်။
အောက်ပါနည်းလမ်းတွေက“မဖြစ်နိုင်ဘူး” လို့ ထင်နေချိန်တောင်သင့်ကို တစ်လှမ်းခြင်း ရှေ့ဆက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
၁။ “မဖြစ်နိုင်ဘူး” ဆိုတဲ့ အတွေးကို စိစစ်ကြည့်ပါ
အရင်ဆုံး ကိုယ့်ကိုယ်ကို မေးကြည့်ပါ
တကယ်မဖြစ်နိုင်တာလား? ဒါမှမဟုတ် ကြောက်လို့ ထင်နေတာလား? တစ်ခါရှုံးနိမ့်ဖူးတာကြောင့် အမြဲမဖြစ်နိုင် တော့ ဘူးလို့ ယူဆနေတာလား? အများအားဖြင့် “မဖြစ်နိုင်ဘူး” ဆိုတာ အမှန်တရားမဟုတ်ဘဲ စိတ်ရဲ့ အကန့်အသတ် တစ်ခုသာ ဖြစ်တတ်ပါတယ်။အတွေးကို ပြန်လည်စိစစ်နိုင်ရင်လမ်းအသစ်တွေကို မြင်လာနိုင်ပါ တယ်။
၂။ အကြီးစားမဟုတ်ပဲ အနည်းဆုံး တစ်လှမ်းပဲ ရှေ့ဆက်ပါ
တောင်ကြီးတက်ရမယ်ဆိုရင်တောင်ထိပ်ကို မကြည့်ဘဲ ရှေ့မှာရှိတဲ့ တစ်လှမ်းကိုပဲ ကြည့်ပါ။
ဒီနေ့ ဘာလေး တစ်ခု လုပ်နိုင်မလဲ? ၁% တိုးတက်ဖို့ ဘာလုပ်နိုင်မလဲ? အောင်မြင်မှုတွေဟာ အကြီးစား ဆုံးဖြတ်ချက်တွေထက် သေးသေးလေး လုပ်ဆောင်ချက်များကနေ စတင်တတ်ပါတယ်။
၃။ ကိုယ့်အတိတ်ထဲက အောင်မြင်မှုလေးတွေကို သတိရပါ
အရင်တုန်းကလည်း မဖြစ်နိုင်ဘူးထင်ခဲ့တဲ့အရာတစ်ခုကို သင် ဖြတ်ကျော်ခဲ့ဖူးပါလိမ့်မယ်။ စာမေးပွဲတစ်ခု အလုပ်အခက်အခဲတစ်ခု၊ ဆက်ဆံရေးပြဿနာတစ်ခု သင်ဟာ မသိမသာ အားကြီးလာခဲ့သူတစ်ယောက်ပါ။
အတိတ်က အောင်မြင်မှုလေးတွေကို သတိရခြင်းက ယနေ့အတွက် စိတ်ခွန်အား ဖြစ်စေပါတယ်။
၄။ နှိုင်းယှဉ်မှုကို ခဏရပ်ထားပါ
Social Media ခေတ်မှာ သူများရဲ့ အောင်မြင်မှုတွေကို မြင်နေရတာကြောင့် ကိုယ့်လမ်းကို သံသယ ဝင်တတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Chapter 10 ကို ကိုယ့် Chapter 1 နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။
သင့်လမ်းက သင့်အတွက် သီးသန့်ပါ။ နှိုင်းယှဉ်မှုနည်းသွားလေလေ ယုံကြည်မှု တိုးလာလေလေ ဖြစ်ပါတယ်။
၅။ ရပ်မသွားတာကပဲ အောင်မြင်မှုရဲ့ အစ
အောင်မြင်မှုဆိုတာ အမြဲအနိုင်ရခြင်း မဟုတ်ပါဘူး။ ရှုံးနိမ့်သော်လည်း စိတ်ကျသော်လည်း သံသယဝင်သော်လည်း
ရပ်မသွားဘူးဆိုတာကိုယ်တိုင်က အောင်မြင်မှုရဲ့ အစဖြစ်ပါတယ်။ တစ်ခါတစ်ရံ မင်းလုပ်နိုင်တာက “မရပ်ဘဲ ဆက်သွားခြင်း” ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါပဲ လုံလောက်ပါတယ်။
မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားလုံးဟာ တကယ်တော့ အဆုံးမဟုတ်ပါဘူး။ တစ်ခါတစ်ရံ စမ်းသပ်မှုတစ်ခုသာ ဖြစ်ပါတယ်။
မင်းယနေ့ ခြေလှမ်းသေးသေးလေးတစ်ခု လှမ်းနိုင်ခဲ့ရင် မင်းရဲ့ မနက်ဖြန်ဟာ ယနေ့ထက် ပိုမိုနီးကပ်လာ ပါလိမ့်မယ်။
မင်းမသိသေးတဲ့ အားတစ်ခု မင်းထဲမှာ ရှိနေပါတယ်။ ဒီနေ့ သင် ရပ်ချင်နေတဲ့အရာတစ်ခုရှိပါသလား?
ရပ်မသွားပါနဲ့။ တစ်လှမ်းလောက်ပဲ လှမ်းကြည့်ပါ။ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။
