အနံမပျောက် အရသာမပျောက်Covid 19 လက္ခဏာမပြ နှာခေါင်း အာခေါင်ကိုကျော်ပြီးအဆုတ်ထဲတိုက်ရိုက်ဝင်တာမျိုးကွဲ Covid-Delta Virus ပါတယ်
အောက်ဆီဂျင်ကျတော့မှပဲတရားခံမိတယ်
Covid-Delta မျိုးစိတ်အသစ်ကို ကာကွယ်နိုင်ရန် Maskနှစ်ထပ်တပ်ဆင်ပါ။
Covid-Delta သည် ကွဲပြားခြားနားစွာ အသက်အန္တရာယ် ရှိပြီး စမ်းသပ်လို့မရနိုင်သော လက္ခဏာရှိသည်။ Covid-Delta virus၏ လက္ခဏာအသစ်မှာ ချောင်းမဆိုး မဖျားပါ။ ဖြစ်တတ်သည်မှာ အဆစ်အမြစ်နာခြင်း၊ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နောက်ကျောနာခြင်း၊ အဆုတ်ရောင်ရောဂါ(နမိုးနီးယား)၊ အားနည်းခြင်း၊အစာ စားချင်စိတ် လျော့နည်းခြင်းတို့ ဖြစ်ပါသည်။
မျိုးစိတ်သစ် Covid-Delta သည် ကူးစက်ပိုမြန်ပြီး သေနှုန်း မြင့်မားပါသည်။ အချိန်တိုတွင်း ရောဂါပြင်းထန်ပြီး တခါတရံ လက္ခဏာ မပြပါ။သို့ပါ၍ ပိုပြီးဂရုစိုက်ကြပါ။ ပိုးသည် အာရုံခံအပိုင်းများတွင် မရှိနေပဲ အဆုတ်ကို တိုက်ရိုက် ထိခိုက်စေပါသည်။ နာကျင်မှုမရှိပဲ အဖျားမရှိတဲ့ပိုးတွေ့လူနာများကို တွေ့ခဲ့ပါ သည်။ သို့သော် X-ray ရိုက်ကြည့်မှသာ နမိုးနီးယားအပျော့စား တွေ့ရှိရသည်။ နှာခေါင်းတို့ဖတ်ယူခြင်းသည် Covid-Delta result ကို Negative သာအပြများပြီး Negative အမှားများ နှာခေါင်းတို့ဖတ်တွင် ပိုများလာသည်။ ၎င်းမှာ Virus ပိုးသည် အဆုတ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး အဆုတ်ယောင်ရောဂါကြောင့်ဖြစ်သော အသက်ရှူရ ခက်ခြင်းကို ဖြစ်ပေါ်စေသည်။
ယခုလိုရှင်းပြရခြင်းမှာ ပိုးသည် ပို၍ပြန့်နှံ့မြန်လာပြီး သေနှုန်းများလာခြင်းကြောင့် ဖြစ်သည်။
- ပိုပြီးဂရုစိုက်ကြပါ၊
- လူစုလူဝေးများရှောင်ရှားပါ၊
- လေဝင်လေထွက်ကောင်းသောနေရာတွင်ပင်1.5m အကွာတွင်နေပါ၊
- maskနှစ်ထပ်တပ်ပါ၊
- လက်ကိုမကြာခဏဆေးပါ၊(ချောင်းဆိုးခြင်း၊နှာညှစ်ခြင်းများပြုလုပ်ပြီးတိုင်းလက်ဆေးပါ)။
ယခုလှိုင်းဟာ ပထမလှိုင်းထက်စာလျှင် သေနှုန်းပိုများပါသည်။ ဒါကြောင့်ပိုမိုဂရုစိုက်ပြီး ကြိုတင်ကာကွယ်ထားကြရန် လိုအပ်ပါသည်။
