ဝမ်းချုပ်တယ်။ ဆေးလည်းမသောက်ချင်ဘူး။ သဘာဝအတိုင်းပဲ ဝမ်းမှန်ချင်တယ်၊ ဝမ်းသွားရတာလည်း လွယ်ချင်တယ်ဆိုရင် သင့်ပြဿနာကို ဖြေရှင်း ပေးဖို အစားအသောက်တွေလောက် ကောင်းတဲ့အရာမရှိတော့ပါဘူး။ ဝမ်းဆိုတာလည်း အစားအသောက်တွေရဲ့ နောက်ဆုံးဖြစ် အကြွင်းအကျန်ပဲမဟုတ်လား။

ဘယ်လို အစားအသောက်တွေက သင့်ကို ဝမ်းမှန်စေမှာလဲ။ ။
၁။ ဘယ်ရီသီးများ

အမျှင်ဓါတ်တွေ ကြွယ်ဝတဲ့ ဘယ်ရီသီးတွေကြောင့် သင်ဝမ်းမှန်မယ့်အပြင် ဘယ်ရီသီးတွေမှာ ပါတဲ့ ဗီတာမင် C ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အူမကြီး ကင်ဆြာဖစ်တာကိုလည်း သူတိုက ကြိုတင်ကာကွယ်ပေးဦးမှာပါ။

၂ ။ သစ်တော်သီး

သစ်တော်သီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွကြွယ်ဝတဲ့ အပြင် အမျှင်ဓါတ်နဲ့ ရေဓါတ်လည်း အများကြီးပါတာကြောင့် သင်ဖြစ်နေတဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို သူက အကောင်းဆုံးဖြေရှင်းပေးမှာပါ။ သစ်တော်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ သာပါတဲ့အတွက် ဝိတ်တက်မှာလည်း စိတ်မပူနဲ့နော်။ ။

၃ ။ ပြောင်းဖူးပေါက်ပေါက်

ရုပ်ရှင်ကြည့်မှ ပြောင်းဖူးပေါက်ပေါက်စားရတာ မဟုတ်ပါဘူး။ ပြောင်းဖူးပေါက်ပေါက်ကို အချိုတွေ၊ အငန်ေတွ အများကြီးမထည့်ထားသရွေ့ သူက အချိန်မရွေးစားလိုရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးမှာပါတဲ့ အမျှင်ဓါတ်ကလည်း သင့်ကို ဝမ်းမှန်စေမှာပါ။ ဒါကြောင့် ကိုယ်ကဝမ်းချုပ်တတ်လိုရှိရင် ပြောင်းဖူးပေါက်ပေါက်ကို သရေစာ အဖြစ် စားပေးလိုရပါတယ်။

၄ ။ ဖရဲသီး

ဖရဲသီးမှာ အမျှင်ဓါတ်အများကြီးမပါပေမယ့် ပါဝင်တဲ့ ရေဓါတ် ၉၂ ရာခိုင်နှုန်းက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေမှာပါ။ ဗီတာမင် A C E တိုအပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ဖရဲသီးမှာ ကြွယ်ဝစွာပါပါတယ်။ ဒါ့အပြင် ဖရဲသီးအောက်ခြေနားက အဖြူအသားကို စားပေးရင် ဆီးကျောက်တည်တာကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။

၅ ။ အုတ်ဂျုံ 

အုတ်ဂျုံဟာ လူတိုင်းရွေးချယ်ပြီး စားသင့်တဲ့ မနက်စာတစ်ခုပါ။ သူ့မှာ အမျှင်ဓါတ်တွေ အများကြီးပါတဲ့အပြင် ရေဓါတ်စုပ်ယူမှုကိုလည်း ကောင်းစေလို ဝမ်းမှန်စေပါတယ်။ အစာခြေစနစ်ကို အားပေးလို အစာကြေလွယ်တဲ့အပြင် ပရိုတင်းဓါတ်၊ ကယ်လ်ဆီယမ်နဲ့ သံဓါတ်ေတွလည်း ကြွယ်ဝစွာပါဝင်လို အာဟာရနဲ့ ပြည့်စုံတဲ့ အစားအသောက်တစ်ခုပါ။

၆ ။ အာလူး

အာလူးကြော်ကသာ ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ပြုတ်ထားတဲ့ အာလူးတစ်လုံးမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစီဓါတ်တွေ အများကြီးတဲ့အပြင် အူအတွင်းမှာအကျိုးပြု ဘက်တီးရီးယားတွေ ပိုပေါက်ပွားစေဖိုအတွက်လည်း သူကအားပေးပါတယ်။

၇ ။ ပဲနီလေး

ပဲဆိုတာ အမျှင်ဓါတ်ရော ပရိုတင်းဓါတ်ရော နှစ်မျိုးလုံး ကြွယ်ဝတဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ပဲများများစားရင် ဝမ်းသွားတယ်ဆိုတာ ပြောပြစရာ မလိုအောင်လူတိုင်း သိနေတဲ့ အရာတစ်ခုပါ။

၈ ။ ဒိန်ချဉ်

ဒိန်ချဉ်က အူအတွင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေလို ဝမ်းကို မှန်စေတဲ့ အပြင် ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

၉ ။ ရေ

ဝမ်းသွားဖိုအတွက်ဆို အူမကြီးကနေ ရေတွေကို စုပ်ယူရပါတယ်။ ဒါမှ အူကို လှုဆောင်သလိုဖြစ်ပြီး ဝမ်းထဲလည်း ရေတွေရောသွားလို ဝမ်းသွားရတာလည်း လွယ်ကူစေမှာပါ။ ဝမ်းမှန်စေဖို ရေကို အသောက်ပေးသင့်ဆုံး အချိန်ကတော့ မနက်အိပ်ရာက နိုးနိုးချင်းဖြစ်ပါတယ်။

ဒါတွေကတော့ သင်ဖြစ်နေတဲ့ ဝမ်းချုပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် စူပါ အစားသောက် ၉ မျိုးပဲဖြစ်ပါတယ်။ ကိုယ့်နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဒီ ၉ မျိုးထဲက တစ်နေ့ကို တစ်မျိုးလောက်ထည့်စားပေးရုံနဲ့တင် သင်ဖြစ်နေတဲ့ ပြဿာနာတွေ ပြေလည်သွားမှာပါ။ အစာလည်းဆေး၊ ဆေးလည်း အစာပဲလေနော်။ ။

Credit:-