အစေ့ကို တစ်ရက်နေလှန်းပြီး ပျိုးပင်ဖောက်ပါ။ အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါ ခွဲစိုက်မယ့်နေရာကို –

(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲတူးပြီး တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။

(၂) အပင်စိုက်မယ့် တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီး ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်စုပုံထားကြတဲ့ နှပ်ပြီးသားအချိုခြောက်အဖတ်တွေကိုယူ နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။ ပြီးလျှင် တွင်းထဲသို့ တစ်ထွာခန့်ထပ်ဖြည့်ပါ။ ၄င်း အပေါ်မှထပ်မံ၍ မြေဆွေးအပြည့်ထည့်လိုက်ပြီး ပျိုးပင်ကိုစိုက်ပျိုးပါ။

(၄) ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။ နံနက်စောစောနှင့်နေဝင်ပြီးချိန်၌ တစ်နေ့နှစ်ကြိမ် ရေမှန်မှန်လောင်းရပါမယ်။

မှတ်ချက်

အဝါရောင်အသားရှိတဲ့သင်္ဘောသီးကို အနီရောင်ဖြစ်စေချင်ရင်တော့ အောက်ခြေမှာဖြူးထားတဲ့ထုံးမှုန့်ကို မီးသွေးအမှုန့်နဲ့အတူရောစပ်ပြီးစိုက်ပါ။

Credit;thai agriculture magazine