ဘဝမှာ ဆိုးအတူ ကောင်းအတူ ရှိနေပေးခဲ့တဲ့သူငယ်ချင်းမျိုး ၊ မိုင်ထောင်ချီဝေးနေလည်း အခင်အမင်မပျက်ပဲ ရှိနေတဲ့သူငယ်ချင်းမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် မတွေ့တာ နှစ်တွေချီနေလည်း ပြန်တွေ့တဲ့အခါ မနေ့တနေ့ကလိုပဲ ဟီလောင်တွေထလို့ရတဲ့ သူငယ်ချင်းမျိုးရှိခြင်းဟာလည်း ဘဝရဲ့ တန်ဖိုးအရှိဆုံးဆုလာဒ်တစ်မျိုးပဲဖြစ်ပါတယ်။

– ကျောင်းတက်နေတုန်း အိမ်ကပိုက်ဆံမပို့သေးလို့ ဘာစားရမှန်းကိုမသိပဲ တူတူငတ်ခဲ့ရတာမျိုး၊ ပို့လိုက်ပြန်ရင်လည်း အမှတ်မရှိပဲ ရှေ့မကြည့်နောက်မကြည့် တူတူသုံးပစ်ကြတဲ့သူမျိုး
– အခြားသူတစ်ယောက်ရဲ့ တလွဲလုပ်ရပ်တွေကို မြင်လိုက်ရလို့ လှမ်းကြည့်လိုက်တဲ့အခါ သူကလည်း ကိုယ့်ကိုကြည့်ပြီး တူတူဟားရန် အဆင်သင့်ဖြစ်နေတာမျိုး
– ရဲစခန်းမှာ ညထဲကနေမနက် ၇ နာရီထိုးတဲ့အထိ နေနေရတာတောင် ဟီလောင်တိုက်နေ နိုင်သေးတာမျိုး
– တကယ်လိုလို့ ပိုက်ဆံချေးတဲ့အခါ ပိုက်ဆံပြန်မရမှာထက် သူဘဝမှာ ဘာပြသာနာတွေ ကြုံနေရလည်း ဆိုတာ ပိုစိုးရိမ်ပေးတတ်သူမျိုး
– အရက်မူးပြီး ရှောပင်စင်တာ ဒုတိယလွှာမှာ Taxi ၂ ယောက်တူတူလိုက်ရှာနေတာမျိုး
– ဘယ်နှခေါက်မှန်းမသိ ကွဲလိုက်ရတဲ့ အသဲတွေအတွက် အတူရှိပေးခဲ့ရတာမျိုး
– မနက်ရောက်မှ သူငယ်ချင်း ငါညက ဘာတွေလုပ်ခဲ့သေးလို့ လှမ်းမေးရတဲ့သူမျိုး
– ကဲတုန်းကကဲပြီး အလုပ်လုပ်တဲ့အခါကြလည်း နှစ်ရှည်လများ လုပ်ငန်း တည်တံ့အောင်မြင်အောင် တိုက်ပွဲအတူတူဝင်ရတာမျိုး
– ဘဝမှာ အရေးကြီးဆုံးသောအရာတွေ ဆုံးရှုံးတဲ့အခါ အတူတူ ရှိနေတတ်သူမျိုး
– ကိုယ်သူငယ်ချင်းမှားနေမှန်းသိသော်လည်း တလောကလုံးကို ရင်ကော့ပြီး ကာကွယ်ပေးတတ်သူမျိုး
– ကိုယ်ဖတ်ချင်တဲ့စာအုပ်လေးကို ၁၅ နှစ်အကြာမှာတောင် သတိမမေ့ပဲ ဝယ်ပေးတတ်သူမျိုး
– ဖေ့စ်ဘွတ်ပေါ်မှာ ဘာပုံမှ ရေရေရာရာ တူတူရိုက်ပြီး တင်ထားတာမရှိတာတောင် ပြောမကုန်အောင် ပေါက်ကရတွေ အတူတူလုပ်ခဲ့သူမျိုး
– ဝက်သားတုတ်ဒိုးစားပြီး ပိုက်ဆံမလောက်တော့ရင် လှမ်းခေါ်လို့ရတဲ့သူမျိုး
– ကိုယ်မကြိုက်တဲ့သူမို့ သူပါလိုက်မကြိုက်တတ်တော့တဲ့သူမျိုး
– အမြဲတမ်း ပုံမှန်တွေ့နေရသော်ငြား တခါတလေ စကားပြောရင်း မနက်မိုးလင်းသွားတာမျိုး
– ဖင်ပါမက တစ်ကိုယ်လုံးပါကျုံ့ နေအောင်အေးသော တောင်ပေါ်သို့ တက်ချင်တယ်ဆိုလည်း ချကွာတက်ကြမယ်ဆိုတဲ့သူမျိုး
ဘဝမှာ ဆိုးအတူ ကောင်းအတူ ရှိနေပေးခဲ့တဲ့သူငယ်ချင်းမျိုး ၊ မိုင်ထောင်ချီဝေးနေလည်း အခင်အမင်မပျက်ပဲ ရှိနေတဲ့သူငယ်ချင်းမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် မတွေ့တာ နှစ်တွေချီနေလည်း ပြန်တွေ့တဲ့အခါ မနေ့တနေ့ကလိုပဲ ဟီလောင်တွေထလို့ရတဲ့ သူငယ်ချင်းမျိုးရှိခြင်းဟာလည်း ဘဝရဲ့ တန်ဖိုးအရှိဆုံးဆုလာဒ်တစ်မျိုးပဲဖြစ်ပါတယ်။
ထိုကဲ့သို့သော သူငယ်ချင်းအစစ်တွေ ဘဝမှာ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။