ချစ်ခြင်းမေတ္တာဆိုတာ ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ ခရီးတစ်ခုပါပဲ။ ပျော်ရွှင်ပြီး ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ ကံတရားတစ်ခုတည်းအပေါ် မူတည်တာမဟုတ်ဘဲ၊ မေတ္တာနဲ့ အချိန်ယူပြီး တည်ဆောက်ရတဲ့ အနုပညာတစ်ခုပါ။ Hug Myanmar က အကောင်းဆုံးသော Relationship တစ်ခုကို ထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ် (၅) ခုကို ဆွေးနွေးပြောပြသွားပါမယ်။
၁။ ပွင့်လင်းပြီး ထိရောက်သော ဆက်သွယ်ပြောဆိုမှု (Open Communication)
ဆက်သွယ်ပြောဆိုမှုဆိုတာ ချစ်သူနှစ်ဦးကြားက သွေးကြောနဲ့တူပါတယ်။ သွေးကြောမကောင်းရင် ခန္ဓာကိုယ် တစ်ခုလုံး မကျန်းမာသလိုပဲ၊ စကားပြောဆိုမှု မပြေလည်ရင်လည်း ဆက်ဆံရေးက အားနည်းလာပါလိမ့်မယ်။
အမှန်အတိုင်း ပွင့်လင်းပါ- သင့်ရဲ့ ခံစားချက်၊ ကြောက်ရွံ့မှု၊ လိုအပ်ချက်နဲ့ ဆန္ဒတွေကို ရိုးသားပွင့်လင်းစွာ ဖော်ပြပါ။ တစ်ဖက်လူက သင့်စိတ်ထဲ ဘာတွေရှိလဲဆိုတာ ခန့်မှန်းနေစရာ မလိုပါဘူး။
“ငါ့” စကားလုံးကို သုံးပါ (Use “I” Statements)- ပြဿနာတစ်ခုခုကို ဆွေးနွေးတဲ့အခါ တစ်ဖက်သားကို “မင်းက ဒီလိုလုပ်လို့” လို့ စွပ်စွဲတာမျိုးထက်၊ “ဒီလိုဖြစ်တော့ ငါကတော့ စိတ်မကောင်းဖြစ်မိတယ်/ စိတ်ဖိစီးမှု ခံစားရတယ်” စသဖြင့် သင့်ခံစားချက်ကို အခြေခံပြီး ပြောဆိုပါ။ ဒါက အပြစ်တင်တာမျိုး မဟုတ်ဘဲ နားလည်မှုကို ပိုရစေပါတယ်။
နားထောင်သူကောင်း ဖြစ်ပါ (Be a Good Listener)- စကားပြန်ပြောဖို့ (သို့မဟုတ်) ချေပဖို့ နားထောင် တာမျိုးထက်၊ တစ်ဖက်သားရဲ့ စကားကို နားလည်သဘောပေါက်အောင် အာရုံစိုက် နားထောင်ပေးပါ။ သူတို့ရဲ့ ခံစားချက်ကို တန်ဖိုးထားကြောင်း ပြသတာဟာ ဆက်သွယ်မှုကို ပိုနက်ရှိုင်းစေပါတယ်။
၂။ အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှု (Mutual Respect & Trust)
ချစ်ခြင်းမေတ္တာ တည်မြဲဖို့အတွက် လေးစားမှုနဲ့ ယုံကြည်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။
တန်ဖိုးထားပါ- သင့်ချစ်သူရဲ့ စွမ်းရည်၊ အောင်မြင်မှု၊ ကိုယ်ပိုင်အရည်အသွေးတွေကို တန်ဖိုးထားပါ။ သူတို့ကို သူတို့ဖြစ်နေတဲ့အတိုင်း လက်ခံပေးပါ။ ပြောင်းလဲဖို့ ကြိုးစားနေတာမျိုး မလုပ်ပါနဲ့။
နယ်နိမိတ်တွေကို လေးစားပါ (Respect Boundaries)- ချစ်သူနှစ်ဦးစလုံးမှာ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်ဝါသနာတွေ ရှိသင့်ပါတယ်။ တစ်ဖက်လူရဲ့ ပုဂ္ဂိုလ်ရေး နယ်နိမိတ်ကို လေးစားပေးခြင်းဟာ ဆက်ဆံရေးကို ပိုမိုကျန်းမာစေပါတယ်။
ယုံကြည်မှု တည်ဆောက်ပါ- ရိုးသားမှုနဲ့ ကတိတည်မှုဟာ ယုံကြည်မှုရဲ့ အခြေခံပါ။ သေးငယ်တဲ့ ကိစ္စလေးတွေ မှာတောင် ရိုးသားခြင်းက နှစ်ဦးကြားက ခိုင်မာတဲ့ နှောင်ကြိုးကို ဖြစ်ပေါ်စေပါတယ်။
၃။ အချိန်ပေးခြင်းနှင့် ဂရုစိုက်မှု (Quality Time & Appreciation)
နှစ်ပေါင်းကြာလာတဲ့အခါ ချစ်ခြင်းမေတ္တာကို အမှုမဲ့အမှတ်မဲ့ မထားမိဖို့ အရေးကြီးပါတယ်။
တန်ဖိုးရှိတဲ့ အချိန်ကို ဖန်တီးပါ- အတူတူရှိနေတဲ့အခါ ဖုန်းတွေ၊ အခြားအလုပ်တွေကို ခဏထားပြီး တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်ပါ။ နေ့စဉ် ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေ (ဥပမာ- ညစာအတူစားတာ၊ လမ်းလျှောက်တာ) ကိုတောင် ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးပါ။
ကျေးဇူးတင်ကြောင်း ဖော်ပြပါ- တစ်ဖက်သားရဲ့ အပြုအမူလေးတွေ၊ အကူအညီပေးတာတွေအတွက် ကျေးဇူးတင်ကြောင်း စကားနဲ့ဖြစ်စေ၊ အပြုအမူနဲ့ဖြစ်စေ မကြာခဏ ဖော်ပြပါ။ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလုံးလေးဟာ ဆက်ဆံရေးကို အားကောင်းစေပါတယ်။
ချစ်ခြင်းမေတ္တာပြသမှု (Affection) ကို မမေ့ပါနဲ့- ပွေ့ဖက်တာ၊ လက်တွဲတာ၊ ဒါမှမဟုတ် နှစ်ယောက်တည်း အချိန်ပေးတာမျိုးဟာ ရင်းနှီးမှုကို ထိန်းသိမ်းရာမှာ အရေးပါပါတယ်။
၄။ ပဋိပက္ခကို ကျန်းမာစွာ ဖြေရှင်းခြင်း (Healthy Conflict Resolution)
ပြေလည်တဲ့ ဆက်ဆံရေးဆိုတာ ရန်မဖြစ်တာ မဟုတ်ပါဘူး။ အငြင်းပွားမှုတွေ၊ စိတ်ကသိကအောက် ဖြစ်တာတွေဟာ ဘယ် Relationship မှာမဆို ရှိနိုင်ပါတယ်။ အရေးကြီးတာက ဘယ်လို ဖြေရှင်းမလဲဆိုတာပါပဲ။
ဆွေးနွေးပါ၊ မတိုက်ခိုက်ပါနဲ့- ဒေါသထွက်နေချိန်မှာ ကိုယ်ချင်းစာစိတ်ပျောက်ပြီး မပြောသင့်တာတွေ မပြောမိအောင် သတိထားပါ။ ငြိမ်သက်စွာနဲ့ အဆင်ပြေပြေ ဆွေးနွေးပါ။
အတိတ်ကို မတူးဆွပါနဲ့- လက်ရှိပြဿနာကိုသာ အာရုံစိုက်ပြီး အရင်ဖြစ်ဖူးတဲ့ ကိစ္စဟောင်းတွေကို ပြန်ဆွဲထုတ်ခြင်းက ရှုပ်ထွေးမှုကို ပိုဖြစ်စေပါတယ်။
အလျှော့အတင်း လုပ်ပါ (Compromise)- အမြဲတမ်း ကိုယ်မှန်တယ်လို့ ယူဆမနေဘဲ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အဖြေတစ်ခုကို ရှာဖွေဖို့ အလျှော့ပေးနိုင်တဲ့ စိတ်ဓာတ်ရှိဖို့ လိုပါတယ်။
၅။ တစ်ဦးချင်း လွတ်လပ်မှုကို ထိန်းသိမ်းခြင်း (Maintaining Individuality)
Relationship ထဲမှာ ရှိနေပေမယ့် ကိုယ်ပိုင် ဘဝကို မဆုံးရှုံးဖို့လည်း လိုပါတယ်။
တစ်ဦးချင်း ဝါသနာ (Individual Hobbies)- ကိုယ့်ချစ်သူမပါဘဲ လုပ်ချင်တဲ့ ကိုယ်ပိုင် ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေကို ဆက်လက် လုပ်ဆောင်ပါ။
အပြင်က ဆက်ဆံရေးများ (Outside Relationships) – သူငယ်ချင်းကောင်းတွေ၊ မိသားစုနဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားပါ။ ဒါက Relationship အပေါ်မှာ ဖိအားတွေ အလွန်အကျွံ မသက်ရောက်စေဘဲ လန်းဆန်းစေပါတယ်။
ပျော်ရွှင်စရာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ဆိုတာ နှစ်ဦးသားရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နားလည်ပေးနိုင်တဲ့ မေတ္တာတို့ လိုအပ်ပါတယ်။ ဒီအခြေခံအုတ်မြစ် (၅) ခုကို ခိုင်မာအောင် တည်ဆောက်နိုင် မယ်ဆိုရင် သင်တို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာခရီးဟာ ပိုမိုလှပပြီး ခိုင်မာလာပါလိမ့်မယ်။
Hug Myanmar ပရိသတ်ကြီးလည်း ချစ်သူနဲ့အတူ ပျော်ရွှင်စရာ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။
