oxygennrm

🍀 ဘယ်​တော့ စ​ပေးမလဲ?
SPO2 92% ​အောက်ကျရင် စ​ပေးပါ

🍀 ဘယ်​လောက်က စ​ပေးမလဲ?
2L/min က စ​ပေးပါ (ပုံ​သေနည်း မသိရင်)
ခဏအကြာ ပြန်တိုင်းကြည့်၊ လိုချင်တဲ့ Target မ​ရောက်​သေးရင် ​1L/minစီ တစ်ရစ်ချင်း တိုးပါ

🍀 ဘယ်​လောက်%ထိ ​ပြန်တက်အောင်​ပေးရမလဲ
ပုံမှန်လူ – 90% ​ကျော်
ကိုယ်ဝန်​​ဆောင် – 92% ​ကျော်
COPD – ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ
(နာတာရှည် အဆုတ်​ရောဂါ)

🍀 ဒေါက်တာ​ရေ! 94%ထိ မဟုတ်ဘူးလား?
O2 အလုံအ​လောက်ရှိရင် ​ပေးတာ​ကောင်းပါတယ်၊ ချွေတာဖို့လိုရင် အနည်းဆုံး ဒီ % ထိ​အောင်​ ရှိ​နေရမယ်လို့ ဆိုလိုပါတယ်

🍀 ဘာနဲ့​ပေးရမလဲ?
1 – 6L/min => Nasal Canula
6 – 10L/min => Simple Mask
10 – 15L/min => Non rebreathing Mask
(NRM)
( ဆိုလိုတာက O2 6L/min ​​ပေးတာ​တောင်မှ SPO2 90% ​ကျော် မတက်လာ​သေးလို့ O2 ထပ်တိုးရ​တော့မယ်ဆို Nasal Canula ကိုဖြုတ်၊ Simple Mask ​ပြောင်းတပ်ပါ၊ 10L/min ​ပေးရ​တော့မယ်ဆို NRM ပြောင်းပါ၊ ဒီနည်းအတိုင်းပေးမှ အဆုတ်ထဲကို ​အောက်စီဂျင် ထိထိမိမိ ​ရောက်ပါတယ်၊ O2 ​တော်​တော်ကျတဲ့လူနာဆို ဒီ ၃မျိုးလုံး ဝယ်ထားရပါမယ်)

🍀 ​သတိထားရန်

👉🏻 O2 ​ပေးထားတဲ့လူနာဆီက COVID ပိုး​တွေ ၁​ပေခွဲအထိ ပျံ့​ပါတယ်၊ လူနာကို Surgical Mask တပ်​ပေးထားရပါမယ်

👉🏻 NRM ရဲ့ ​ဘေးတစ်ဘက်တစ်ချက်မှာ အဆို့ရှင် ပါရဲ့လား၊ ပြုတ်ထွက်​နေလား စစ်ပါ

👉🏻 NRM ရဲ့ ပလပ်စတစ်အိတ်က ​ဖောင်း​နေရပါမယ်