—ခွဲမွေးရမှာလား
—remdesivir ပေးရင် safe ဖြစ်လား
—မွေးပီး နို့တိုက်လို့ရလား
အခုလို COVID-19 third wave ဆိုးရွားလာတဲ့အချိန်မှာ special consideration တစ်ခုဖြစ်တဲ့ COVID-19 in Pregnancy အကြောင်းကို တတ်သလောက်မှတ်သလောက် ရှာဖွေဖတ်ပြီး ပြန်ရေးထားတာလေးကို ဝေမျှပေးချင်ပါတယ်။ ယခုအခြေအနေအတွက် အလွယ်ကူဆုံး အလိုအပ်ဆုံးကို ရေးထားပေမယ့် နည်းနည်းတော့ ရှည်မယ် !
Covid-19 in pregnancy လို့ပြောရင် management of pregnancy in COVID-19 pandemic နဲ့ management of COVID-19 in pregnancy ဆိုပြီး ၂ ပိုင်းရှိပါတယ်။ အခုဖြစ်ပွားနေတဲ့ အခြေအနေအရ pregnancy မှာ COVID-19 ဖြစ်လာရင် ဘယ်လိုကုရမလဲ ဆိုတဲ့အပိုင်းကိုပဲ ဝေမျှပေးသွားမှာဖြစ်ပါတယ်။
COVID-19 ရဲ့ severity ကို asymptomatic, mild, moderate, severe, critical ဆိုပြီး ခွဲနိုင်ပါတယ်။ စာရှည်သွားမှာစိုးလို့ ပုံမှာကြည့်ပေးပါ။ ကိုယ်ဝန်ဆောင်မှာဖြစ်ရင် symptomatic သမားတွေက ပုံမှန်သူတွေထက် ပိုပြီးဆိုးတတ်ပါတယ်။ ဒါပေမယ့်လည်း severe နဲ့ critical သမားတွေသာ adverse perinatal outcome ရတာတွေ့ရပြီး mild-moderate တွေက asymptomatic တွေနဲ့ တူတူပဲ adverse outcome နည်းတာကိုတွေ့ရပါတယ်။
ကလေးအနေနဲ့ကြည့်ရင် COVID-19 ကိုယ်ဝန်ဆောင်တွေမှာ လမစေ့ဘဲမွေးတာ၊ ကလေးအသေမွေးတာတွေ ပိုများနိုင်တာကိုတွေ့ရပါတယ်။ လမစေ့ဘဲမွေးတာက COVID-19 ရောဂါလက္ခဏာ ပြသူတွေမှာပဲ ပိုများတတ်ပါတယ်။ အမေကနေ ကလေးကို ကူးနိုင်လားဆိုရင်တော့ ကူးနိုင်ပါတယ်။ ဒါပေမယ့် ရှားပါတယ်။
ဆေးရုံဆေးခန်းတွေ သွားရတာ မလွယ်ကူတဲ့ကာလ ဖြစ်တဲ့အလျောက် COVID-19 ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နီးစပ်ရာ ကျန်းမာရေးအကူအညီတောင်းခံဖို့ လိုအပ်မလဲဆိုလျှင်
၁။ အသက်ရှူခက်ခဲလာမယ်
၂။ အသက်ရှူမြန်လာမယ်
၃။ အဖျားကျဆေးသောက်သော်လည်း အဖျားက ၁၀၂.၂ °F အောက်ကို မကျဘူး
၄။ အစားမဝင် / ဆေးမဝင်ဘူး
၅။ သွေးတွင်းအောက်ဆီဂျင် ၉၅% အောက်ရောက်မယ်
၆။ ရင်ဘတ်တွေတောင့်မယ်
၇။ ကယောင်ကတမ်းတွေဖြစ်လာမယ်
၈။ နှုတ်ခမ်း၊ မျက်နှာ၊ လက်ချောင်းထိပ်တွေပြာနှမ်းလာမယ်
၉။ လမစေ့ဘဲ ဗိုက်နာမယ်၊ သွေးဆင်းမယ်၊ ကလေးအလှုပ်နည်းမယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်း (သို့) Online consultation ကို အမြန်ဆုံးဆက်သွယ်ပြီး ကုသမှု အကြံဥာဏ် တောင်းသင့်ပါတယ်။
ကိုယ်ဝန်ဆောင်တွေအနေနဲ့ COVID-19 ရောဂါ ကူးစက်ခံရပါက ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ သွေးတွင်းအောက်ဆီဂျင်တို့ကို ၄ နာရီခြား (သို့) ၈ နာရီခြားတစ်ခါ တိုင်းသင့်ပါတယ်။ အသက်ရှူနှုန်းကိုလည်း ရေသင့်ပေမယ့် ကိုယ်တိုင်ရေဖို့ အဆင်မပြေနိုင်တာကြောင့် ဘေးကနေ ရေပြီးမှတ်ပေးနိုင်မယ့်သူရှိရင် မှတ်ထားသင့်ပါတယ်။
ဘယ်အချိန်မှာ အခြေအနေ ဆိုးလာတာကို သိနိုင်မလဲ
၁။ အောက်ဆီဂျင်ရှူရတဲ့ပမာဏ ပိုပိုများလာမယ်၊ တိုးရှူပေမယ့် လိုအပ်တဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို မရောက်ဘူး
၂။ အောက်ဆီဂျင် ရှူနေသော်လည်း အသက်ရှူမြန်လာမယ် (တစ်မိနစ် ၂၅ ကြိမ်နှင့်အထက်) (သို့) ရုတ်တရက် အသက်ရှူမြန်လာမယ်
၃။ ဆီးသွားနည်းလာမယ်
၄။ ကိုယ်လက်ကိုက်ခဲတာတွေ အရမ်းပိုဆိုးလာမယ်
၅။ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကောင်းနေလျက်နှင့် မှိန်းနေမယ် ဆိုလို့ရှိရင်တော့ အခြေအနေဆိုးလာဖြစ်လို့ ပိုပြီးထိရောက်တဲ့ ကုသမှုတွေ လိုအပ်မှာဖြစ်ပါတယ်။
ကုသမှုတွေအနေနဲ့
၁။ Oxygen supplement
Target saturation က ၉၄-၉၈% ပါ။ ၉၄% အောက်ရောက်ပြီဆို အောက်ဆီဂျင်လိုအပ်ပါမယ်။ ဘယ်လောက်လိုသလဲကတော့ ဘယ်လောက်ကျလဲဆိုတာပေါ် မူတည်ပါမယ်။
၂။ IV Fluid
အဓိကကတော့ neutral fluid balance ဖြစ်ဖို့လိုပါတယ်။ IV fluid ပေးမယ့်သူတွေကို hourly intake/output chart တင်ထားပေးရပါမယ်။ လိုအပ်ရင် crystalloid 250-500ml bolus ပေးလို့ရပါတယ်။ ထပ်လိုရင်တော့ fluid overload ဖြစ်မဖြစ် သေချာ assess လုပ်ပြီးမှ ပေးရပါမယ်။
၃။ Antibiotics
Superimposed bacterial infection (community acquired pneumonia) တွဲတယ်ထင်ရင် ပေးရပါမယ်။ pregnancy မှာတော့ ceftriaxone + azithromycin (or) ceftraixone alone ပေးလို့ရပါတယ်။
Severe disease or resistant cases တွေမှာတော့ cefepime, meropenem, piperacillin-tazobactam, linezolid, vancomycin စတာတွေက pregnancy မှာ safe ဖြစ်ပါတယ်။
၄။ Thromboprophylaxis
Pregnancy ရော COVID-19 ကရော hypercoagulable ဖြစ်လို့ additive effect ရှိပါတယ်။
COVID-19 ကိုယ်ဝန်ဆောင်တိုင်းကို VTE risk assessment လုပ်သင့်ပါတယ်။
ဆေးရုံတက်ရတဲ့သူတွေကိုတော့ prophylactic dose ပေးဖို့ recommendation ရှိပါတယ်။ Home-isolation သမားတွေကိုလည်း indiviual risk assessment လုပ်ပြီး လိုအပ်ပါက ပေးလို့ရတယ်လို့ RCOG guideline မှာ ဖော်ပြထားပါတယ်။
Risk assessment လုပ်တဲ့နေရာမှာ COVID-19 ကို transiemt risk factor တစ်ခုအနေနဲ့ ထည့်တွက်ဖို့လိုပါမယ်။
၅။ Corticosteroids
RECOVERY trial အရ severe case တွေမှာ systemic corticosteriod က 28-day mortality ကို ကျစေတယ်လို့ သိရပါတယ်။
RCOG guideline ကတော့ RECOVERY trial အရ ကိုယ်ဝန်ဆောင်မှာ oral prednisolone 40mg od or IV hydrocortisone 80mg bd ပေးဖို့ recommend လုပ်ပါတယ်။
WHO နဲ့ ACOG MFM, NIH တို့ကတော့ oral/IV dexamethasone 6mg od ပေးဖို့ recommend လုပ်ပါတယ်။
Antenatal steriod ပေးခြင်း/မပေးခြင်းပေါ်မူတည်ပြီး ဘယ်လိုပေးမလဲကတော့ အောက်ကပုံမှာ ဖတ်ကြည့်နိုင်ပါတယ်။
Aysmptomatic/mild/moderate cases တွေမှာ မပေးရပါဘူး။
၆။ IL-6 receptor blocker
ဒါကတော့ WHO ရဲ့ July,2021 guideline မှာ mortility benefit ရှိလို့ severe and critical cases တွေမှာ corticosteriod နဲ့အတူ ပေးသင့်တယ်လို့ recommend လုပ်တဲ့ဆေးပါ။
Pregnancy အတွက် data limited ဖြစ်ပေမယ့် teratogenic / fetotoxic မဖြစ်စေဘူးလို့ RCOG က ဆိုထားပါတယ်။
Dose အသေးစိတ်ကိုတော့ ပုံမှာဖတ်ကြည့်နိုင်ပါတယ်။
၇။ Remdesivir
Pregnancy မှာ အရမ်းအကျိုးရှိမယ်လို့ မယူဆရင် မသုံးသင့်ဘူးလို့ RCOG ကဆိုပါတယ်။
WHO ကလည်း July,2021 အရ patient-important outcomes ကောင်းစေတယ်လို့ လုံလောက်တဲ့ evidence မရှိတဲ့အတွက် COVID treatment မှာသုံးဖို့ကို recommend မလုပ်ထားပါဘူး (recommendation against)။
၈။ မှောက်အိပ်ခြင်း (Prone positioning)
ကိုယ်ဝန်ဆောင်အတွေရော မွေးပြီးမိခင်တွေ အနေနဲ့ရော လိုအပ်ရင် မှောက်အိပ်လို့ရပါတယ်။
မမှောက်နိုင်တဲ့ ကိုယ်ဝန်ဆောင်များအနေနဲ့ ဘေးစောင်းအနေအထားနဲ့ နေနိုင်ပါတယ်။
ဘေးပဲစောင်းစောင်း မှောက်ပဲမှောက်မှောက် အနေအထားတစ်ခုကို ၂ နာရီလောက်စီ နေပေးနိုင်ရင် အကျိုးသက်ရောက်မှုရှိတာ တွေ့ရပါတယ်။
မွေးပြီးမိခင်တွေအနေနဲ့ ကလေးကို မိခင်နို့ တိုက်လို့ရပါတယ်။
ကိုယ်တိုင်မတိုက်နိုင်ရင် နို့ကို ညှစ်ပြီး အခြားသူတစ်ယောက်ကို တိုက်ခိုင်းလို့ရပါတယ်။
ကလေးကို နို့တိုက်ကျွေးတဲ့အခါ
၁။ ကလေးကိုမကိုင်ခင်/ နို့မညစ်ထုတ်ခင်/ နို့ဘူး/ခွက်များမကိုင်ခင် လက်ကိုသေချာဆေးကြောဖို့လိုပါမယ်
၂။ ကလေးနို့တိုက်နေစဥ် ကလေးအပေါ်သို့ နှာချေခြင်း၊ ချောင်းဆိုးခြင်း မပြုရ
၃။ မိခင် (သို့) ကလေးနို့တိုက်သူ သည် နှာခေါင်းစည်းကို သေချာစွာ တပ်ဆင်ထားရမည်
၄။ ကလေးကို နှာခေါင်းစည်းတပ်ပေးခြင်း မျက်နှာပေါ် တစ်ခုခုဖြင့် အုပ်ထားခြင်းမျိုး မလုပ်ရ။ ကလေးအသက်ရှူ မွန်းတတ်သည်။
ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဘယ်အချိန် self-isolation လုပ်တာရပ်မလဲဆိုရင်
၁။ ရောဂါလက္ခဏာမပြသူတွေအနေနဲ့ test positive ဖြစ်ပြီး ၁၀ ရက်
၂။ mild-moderate cases အနေနဲ့ ရောဂါပြပြီး ၁၀ရက်ရှိပြီး အဖျားကျဆေးမပါဘဲ အဖျားကျတာ အနည်းဆုံး ၂၄ ရှိရမယ့်အပြင် ချောင်းဆိုး၊ အသက်ရှုခက်ခဲ စတဲ့ လက္ခဏာတွေလည်း သက်သာလာမယ်
၃။ severe-critical cases နဲ့ ရောဂါပြပြီး ခုခံအားကျတဲ့သူတွေ အနေနဲ့ကတော့ ရောဂါပြပြီး ရက် ၂၀ ရှိပြီး အဖျားကျတာ အနည်းဆုံး ၂၄ နာရီအပြင် လက္ခဏာတွေ သက်သာလာမယ်
၄။ ရောဂါလက္ခဏာမပြတဲ့ ခုခံအားကျတဲ့သူတွေအနေနဲ့ကတော့ test positive ဖြစ်ပြီး ရက် ၂၀
အများနားလည်လွယ်အောင် အတိုရေးထားတာဖြစ်လို့ အသေးစိတ် အတိအကျ သိရှိလိုပါက အောက်ကပုံတွေမှာ ဖတ်ဖို့ အကြံပြုလိုပါတယ်။
Dr. Ye Lin Htut
References
- NIH Covid-19 treatment guidelines, assessd 11-7-21
- ACOG COVID-19 FAQs for OBGYN, assessed 11-7-21
- WHO, Therapeutics & COVID-19, living guideline, 6-7-21
- RCOG, COVID-19 infection in pregnancy, version 13, 19-2-21
- ACOG MFM management considerations for pregnant patients with COVID-19, 2020
- Management of COVID-19 infection in pregnant women: Statewide, (health.wa.gov.au), 31-8-20







