ကိုရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ထမင်းသုတ်တမျိုးဖြစ်ပါသည်။ တချိုကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။

ပါဝင်သောပစ္စည်းများ

  • အမဲသား(သို) ဝက်သား ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ချက်ပြီသား ထမင်း ဆန်နိုဆီဗူး ၁လုံးခွဲ
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)
  • မုန်လာဥနီ [carrot] ၁ဥ (အရှည်လိုက်လှီးပါ)
  • မှိခြောက် [wild mushroom] ၄ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)
  • သခွာသီး [cucumber] ၁ခု (အခွံမနွာပဲ အရှည်ပါးပါး လှီးပါ)
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် [spring onion] ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ကြက်ဥ [egg] ၁လုံး
  • ဟင်းနုနွယ်ရွက် (သို) ဆလက်ရွက် [salad] လက်တဆုတ်စာ (ပါးပါးလှီးပါ)
  • နှမ်း [seasame seed] စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ [seasame oil] စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား [salt]
  • သကြား [sugar] လက်ဖက်ရည်ဇွန်း ၁ဇွန်းချက်ပြုတ်နည်း

၁။ အမဲသားစဉ်းကောကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ပဲငံပြာရည်အချို(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(အနည်းငယ်) ထည့်နုယ်ပါ။

၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီး အမဲများ ကျက်သည်အထိကြော်ပေးပါ။ ပြီးလျှင် ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ နှမ်းဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိခြောက် အားလုံးကို တလှည့်စီ အရောင်ပြောင်းသည်အထိထည့် ကြော်ပေးပါ။

၄။ ထိုနောက် ရေပွက်ပွက်ဆူသော အိုးထဲသို ပဲပင်ပေါက်များထည့်၍ ဆားအနည်းငယ်ထည့်ပေးပြီ ၃မိနစ်ခန့် တည်ထားပေးပါ။ ပြီနောက် ပြန်ဆယ်ပြီ ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနုယ်ထားပါ။

၄။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း မြေအိုးတစ်ခုထဲသို (ထမင်း၊ အမဲသား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊  ဆလတ်ရွက်၊ ကြက်ဥ) တိုကို စီထည့်ထားလိုက်ပါ။

၅။ ပြီမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား တိုကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၆။ အရသာအပေါ့အငံ့မြည်းပြီး အနေတော်လျှင် မြေအိုးကို အဖုံးအုပ်ပြီ မီးအပူဖြင့် ၂မိနစ်ခန့် တည်ထားပေးပြီ ပူပူလေး သုံးဆောင် နိုင်ပါပြီ။

ရ။ တချိုက ကြက်ဥကို ဖောက်မထည့်ပဲ ကြော်၍ထည့်ပါက မီးအပူပေးရန် မလိုပဲ အသင့်စားသုံးနိုင်ပါသည်။

၈။ ကိုရီးယားထမင်းသုတ် (Bibimbap)ကို မြိန်းရှပ်စွာ စားသုံးနိုင်ပါပြီ