သင့် ဘဝမှာ အခက်ခဲဆုံးက ဘာဝါသနာပါမှန်းမသိတာ ဖြစ်နိုင်ပါတယ် 🌚 တကယ်ပါ.. ဝါသနာပါတဲ့အလုပ်ကိုသာ Professional လုပ်ခွင့်ရခဲ့ရင်လေ.. Life is so so happy ပါ..✨
အခုကာလတော့ မပြောတတ် But Anyway..
ဒီ blog က အရင်ကရေးခဲ့ဖူးတဲ့ blog တစ်ခုကို copy ပြန်တင်ပေးတာပါ..၊ Career အကြောင်း လာမေးတဲ့သူတွေ များလို့..ဒီမှာ တစ်ခါတည်း လာဖြေတာ..xD
စာတော့ရှည်တယ် ၊ ဖတ်ပြီးရင် တစ်ခုခုကျန်မယ်..
ဖတ်ချင်မှ ဖတ်..
အတည်ရေးထားတာက ဒီက စတယ်
ကိုယ်နဲ့ သင့်တော်တဲ့ အသက်မွေးဝမ်းကျောင်း ( Career) ရွေးချယ်ရတာဟာ အင်မတန် ခက်ခဲပါတယ်
အသက်မွေးဝမ်းကျောင်း အလုပ်ဆိုတာ တစ်ခုအဆင်မပြေတိုင်း နောက်အလုပ်တစ်ခု ပြောင်းလုပ်ဖို့ရာ မလွယ်ပါဘူး…
ကိုယ့်အတွက် မဟုတ်တဲ့ career ကို ရွေးချယ်မိတဲ့အခါ..
↗ လုပ်ငန်းခွင်မှာ မပျော်မွေ့ခြင်း
↗ productivity အလုပ်လုပ်နိုင်တဲ့စွမ်းရည် ကျဆင်းခြင်း
↗ စိတ်ဖိစီးမှု များလာခြင်း
↗ အဆိုးဆုံးကတော့ useless ဖြစ်တယ်လို့
ခံစားရတတ်ပြီး Depression ရခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်..
ဒါကြောင့် ဒီနေ့မှာတော့..
သင်နဲ့ သင့်တော်တဲ့ career တစ်ခုကို ရွေးချယ်နိုင်မယ့် အချက် ( ၇)ချက်ကို မျှဝေပေးလိုက်ပါတယ်..
သင်က…
– သင်နဲ့ သင့်တော်တဲ့ အလုပ်ကို ရှာဖွေနေတဲ့သူလား?
ဒါမှမဟုတ်…
– လက်ရှိလုပ်နေတဲ့ အလုပ်ကနေ နောက်အလုပ်တစ်ခုကို ပြောင်းလုပ်ချင်နေတဲ့သူ တစ်ယောက်လား?
ဒါမှမဟုတ်…
– တိုးတက်ကြီးပွားလိုတဲ့ လူငယ်တစ်ယောက်လား?
ကဲ… သင်နဲ့ သင့်တော်တဲ့ career ကို အခုပဲ
ရှာဖွေကြည့်ရအောင်..
☑ ( ၁) သင် ဘာကိုဝါသနာပါလဲ ?
အားလုံးသိကြတဲ့အတိုင်းပါပဲ ..
ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့သူဟာ အောင်မြင်နိုင်ချေများပါတယ် ၊ ဒါကြောင့် သင်ဘာကို ဝါသနာပါလဲ
ဆိုတာ အရင်စဥ်းစားပါ ။ ဒါပေမယ့်..
တစ်ခါတစ်လေမှာကျ ကိုယ် ဘယ်အလုပ်ကို ဝါသနာပါမှန်း ကိုယ်ကိုယ်တိုင်တောင် မသိ ဖြစ်နေတတ်ပါတယ်…
အဲ့ဒီလိုအချိန်မျိုးမှာ ကိုယ့်ဝါသနာကို ရှာဖွေတဲ့အနေနဲ့
– ကိုယ်စိတ်ဝင်စားနေတဲ့ အလုပ်တစ်ခုကို
စမ်းလုပ်ကြည့်ပါ
– လုပ်ရင်းနဲ့ ပျော်လာတယ် ၊ ဒီအလုပ်ကြောင့်
ကိုယ့်ကိုကိုယ် Confidence ရှိလာတယ်ဆိုရင် ဒါဟာ
သင့်ရဲ့ ဝါသနာပါရာ အလုပ်လို့ သတ်မှတ်လို့ရပါတယ်…
ဘယ်သူမဆို ကိုယ်သာ တကယ် ဝါသနာပါရင် ဘယ်လောက်ခက်ခဲ ၊ ခက်ခဲ သည်းခံပြီး အလုပ်လုပ်နိုင်တဲ့အပြင် ဒီအလုပ်လုပ်နေရရင်ကို ပျော်နေတတ်ပါတယ်…။
☑ ( ၂) သင် ဘာကို အကောင်းဆုံးလုပ်နိုင်လဲ?
တကယ်လို့ သင့်မှာ ဝါသနာပါတဲ့အလုပ်တွေ များပြီး..ဘယ်အလုပ်ကို ရွေးချယ်ရမလဲ ဝေခွဲရခက်နေတဲ့အခါမျိုးမှာ …
သင် ဘာကို အကောင်းဆုံးလုပ်နိုင်လဲ ?
ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ကြည့်ပါ…
သင် ဝါသနာပါတဲ့အလုပ်ကို အရင်လုပ်ကြည့်ပြီးမှ …
သင်နဲ့ ဒီအလုပ်ဟာ သင့်တော်ရဲ့လား?
ဒီအလုပ်ကို တကယ်ရော ဝါသနာပါရဲ့လား? စဥ်းစားပါ..
တစ်ခါတစ်လေမှာ ..
ဝါသနာပါတယ်လို့ သင်ထင်ခဲ့ပေမယ့်..တကယ်တမ်းလုပ်ကြည့်တဲ့အခါမှာ သင့်အထင်ဟာ လွဲနေတတ်ပါတယ်..။
☑ ( ၃) Volunteer
သင် ဘာကို အကောင်းဆုံးလုပ်နိုင်လဲ သိရဖို့အတွက်..
Volunteer ခေါ်တဲ့အလုပ်တွေဟာ အသင့်တော်ဆုံးပါပဲ၊
Professional တော်တော်များများမှာ volunteer တွေခေါ်ကြပါတယ်…
Volunteer ဆိုတဲ့အတိုင်း သင့်အတွက် အခကြေးငွေ အကျိုးအမြတ်တွေတော့ မရနိုင်ပါဘူး…
ဒါပေမယ့် ငွေပေးပြီး ဝယ်လို့မရတဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေ နဲ့ စီနီယာတွေဆီက ပညာတွေကို
အလုံအလောက် ရနိုင်ပါတယ်…
နောက် volunteer အလုပ်တွေကြောင့် ကိုယ် career ယူမယ့် နယ်ပယ်မှာ အသိမိတ်ဆွေ ပိုတိုးစေပါတယ်
သင် ဟာ မိသားစုကိုထောက်ပံ့နေရတဲ့သူ မဟုတ်ဘူး ၊
ဒါမှမဟုတ် တစ်ခြားဝင်ငွေရတဲ့ အလုပ်လည်း ရှိနေတယ်ဆိုရင်တော့ ဒီလိုမျိုး ရက်အပိုင်းအခြားနဲ့ volunteer အလုပ်တွေမှာ ဝင်ကူညီပေးပြီး…
သင်နဲ့ အလိုက်ဖက်ဆုံး career ဟုတ် ၊ မဟုတ် စမ်းသပ်ကြည့်လို့ ရပါတယ်… ။
☑ ( ၄) တိုင်ပင်ဆွေးနွေးပါ..
အလုပ်တစ်ခုကို စလုပ်တော့မယ်ဆိုရင်..
လက်တွေ့မှာ ဒီအလုပ်ကို လုပ်နေတဲ့သူတွေနဲ့ တိုင်ပင်ပါ၊
သူတို့ဆီက နှစ်ပေါင်းများစွာ အတွေ့အကြုံတွေနဲ့ သတင်းစကားတွေဟာ beginner တစ်ယောက်အတွက် သိပ်ကို တန်ဖိုးရှိပါတယ်…
သို့မဟုတ် career counselor တွေနဲ့ တိုင်ပင်ကြည့်နိုင်ပါတယ်…။
☑ ( ၅) Freelance (or) Temporary jobs
သင့်အတွက် အကောင်းဆုံး career ကို ရွေးချယ်နိုင်ဖို့ဆိုတာ စာချုပ်နဲ့ လုပ်ရတဲ့အလုပ်တွေထက် freelance အလုပ်တွေ နှစ်ခု ၊ သုံးခု လုပ်ကြည့်ခြင်းက
ပိုသင့်တော်ပါတယ် …
အချိန်ဖြုန်းတယ်လို့ မမြင်ပါနဲ့… ၊ ကိုယ်စိတ်မဝင်စားတဲ့ အလုပ်မှာ နှစ်နှစ် ၊ သုံးနှစ် ကြိတ်မှိတ်လုပ်ပြီး အချိန်ဖြုန်းနေရမယ့်အစား Freelance အလုပ်တွေက သင့်ရဲ့ productivity စွမ်းရည်ကို ပိုတိုးလာစေပြီး..
သင့် career အတွက် အကောင်းဆုံး အုတ်မြစ်တစ်ခု ဖြစ်လာစေမှာပါ…။
☑ ( ၆) အလုပ်သင် ကာလ
” Internships are a great way to understand the working ”
အလုပ်သင်ဟာ အလုပ်တစ်ခုမှာ ကျွမ်းကျင်စေတဲ့ အကောင်းဆုံး နည်းလမ်းပါပဲ…၊ သီအိုရီထက် လက်တွေ့က ပိုထိရောက်တာကို ဘယ်သူမှ ငြင်းကြမယ် မထင်ပါဘူး..။
ဘယ်အလုပ်မှာမဆို အလုပ်သင်ကာလ ( ၆) လ ပြီးဆုံးသည်အထိ ရနိုင်သမျှ ပညာတွေ ၊ အတွေ့အကြုံတွေကို ယူကြည့်ပါ…၊ ( ၆) လ ပြီးတဲ့အခါ သင်ဟာ ဒီအလုပ်မှာ ပျော်လာတာလည်း ဖြစ်နိုင်ပါတယ်…။
☑ ( ၇) သတ္တိရှိပါ..
သင့်မှာ အပြောင်းအလဲ နဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်တဲ့ သတ္တိရှိဖို့ လိုပါတယ်..
ဘယ်အလုပ်မဆို အစပိုင်းက ခက်ခဲတာပါပဲ ..
အလုပ်တစ်ခုကို စလုပ်ကြည့်ဖို့ပဲ လိုတာပါ ၊ စလုပ်ကြည့်ပြီးတာနဲ့ လွယ်လွယ်လေးပါကွာ ဆိုတာမျိုး ဖြစ်သွားတတ်တာ
ချည့်ပဲ မဟုတ်လား…
အလုပ်တစ်ခုကို ကိုယ်လုပ်ချင်တာ သေချာပြီဆိုရင်..
– မတွေဝေပါနဲ့
– စတင်ဖို့အတွက် အရင်ဆုံး လေ့လာလိုက်ပါ
လက်ရှိအလုပ်က ထွက်မှ ၊ ကျောင်းပြီးမှ ၊ ဘာလုပ်ပြီးမှ ဆိုတာမျိုးဟာ မသေချာတဲ့ဆင်ခြေတွေပါပဲ…
ဒီနေ့ ၊ ဒီအချိန် ၊ လက်ရှိ ပစ္စုပ္ပန်ကာလဟာ..
သင့် career ကို ရှာဖွေဖို့ အကောင်းဆုံး အချိန်ပါပဲ..
professional ကျကျ မလုပ်နိုင်သေးရင်တောင်မှ လေ့လာမှုတွေကို မရပ်တန့်ပစ်ပါနဲ့လို့…တိုက်တွန်းရင်း
အသင့်တော်ဆုံး career မှာ အောင်မြင်မှုတွေရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်…✨
#FREEDOM
#career_choices
CRD – Freedom Marketing
