လူငယ်တွေအတွက် ခက်ခဲတဲ့ အရာတစ်ခုကိုဆိုရင် ပြောပါဆိုရင် အသက်မွေးဝမ်းကြောင်းတစ်ခုမှာ အောင်မြင်ခြင်းပါပဲ။ အောင်မြင်ဖို့ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းမှုကို ရှာဖွေနိုင်မှသာ ရရှိမှာပါ။ ကျွန်တော် page က ပညာသင်ဆုnewsတွေသင်ပေးတော့ တချို့ညီ၊ညီမတွေကလာမေးကြတယ်ဗျ…Undergraduate တုန်းကမိဘအတင်းယူခိုင်းလို့၊ ဘာစိတ်ဝင်စားမှန်းမသိလို့ ဒီmajor ကိုယူလိုက်တယ်…ယခုmasterကျ ကျွန်တော်စိတ်ဝင်စားတာဘဲတတ်ချင်တယ်။
ဟာ…ဟုတ်လေးညီလေး။ ကောင်းတယ်ချကွာ။
ဘာတက်ချင်တာတုန်းလဲဆိုရော…ကျွန်တော်က Chemical Engineer ပါ…master ကို Accounting တက်ချင်တာ။ ဟမ်….စပါပြီ အကြံပေးရမယ့်ကိုယ်တောင်ဆွံအ

သူသင်ယူခဲ့တဲ့လိုင်းတဲ့…ယခုတက်ချင်တဲ့လိုင်းက တောင်တလိုင်း၊မြောက်တလိုင်း
အဲ့လိုမျိုးကျောင်းသားတွေက တစ်ယောက်၊ နှစ်ယောက်မဟုတ်ဘူးဗျ…တော်တော့်ကိုများတာပါ။ အရေးကြီးဆုံးက university🏛 မရွေးခင်…မိမိကိုယ်ကိုအောက်ပါမေးခွန်းများပြန်လည်မေးပါ။

၁) ကိုယ်ဘာကိုစိတ်ဝင်စားလဲ
သေချာမသိဘူးဆိုရင် အနည်းဆုံးကိုယ်ဘာလုပ်နေရရင်ပျော်လဲဆိုတာကိုဆန်းစစ်ပါ။ အဲ့ဒါနဲ့ပတ်သတ်တဲ့ အသက်မွေးဝမ်းကြောင်း 4 ခုလောက်ကို List လုပ်ပါ။ ဥပမာ ကိုယ်က ပုံဆွဲရတာကြိုက်ရင် computer နဲ့ဆွဲမလား (Graphic Designer), အကျီပုံ(Fashion Designer), အိမ်ပုံ(Architect) စသဖြင့် အနီးစပ်ဆုံး ၃ ခု ၄ခုလောက်ချရေးလိုက်ပါ။

၂) ကိုယ့်မှာဘာအားသာချက်ရှိလဲ
ကိုယ်စိတ်ဝင်စားတာတွေထဲမှာ ကိုယ်အကျွမ်းကျင်ဆုံး အပိုင်းက ဘယ်ဟာလဲ၊ စာရေးရတာ ကျွမ်းကျင်သူတစ်ယောက်လား၊ ပန်းချီဆွဲရတာ ကျွမ်းတာလား၊ ဒါမှမဟုတ် နည်းပညာပစ္စည်းတွေအကြောင်းပိုသိတာလား။ ကိုယ်အကြောင်းကို ကိုယ်သေချာသိတာက ဘယ်အသက်မွေးဝမ်းကြောင်းကိုရွေးချယ်ရမလဲ ၊ ဘယ်ဟာကိုတော့ မရွေးချယ်သင့်ဘူးဆိုတာကို ကူညီပေးပါလိမ့်မယ်။ ကိုယ်ဘာသာ ဆုံးဖြတ်ရခက်နေတယ်ဆိုရင်လည်း Online မှာ Self-Assessment Test တွေ လိုက်ဖြေကြည့်ပါ။

၃) ဘာကိုကျွမ်းကျင်လဲ
ကိုယ့်ကျွမ်းကျင်မှုက ဟာသတွေပြောတတ်တာလား၊ ကွန်ပျူတာ သုံးတတ်တာလား၊ ဓာတ်ပုံရိုက်တာကို ကျွမ်းကျင်တာလား စသဖြင့် ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်နဲ့ ကိုက်ညီတဲ့ကိုယ်ရည်ကိုယ်သွေး မရှိသေးဘူးဆိုရင်လည်းး ယခုတည်းကလေ့လာဖို့ပြင်ဆင်ပါ။

၄) Be Realistic.
မဖြစ်နိုင်တဲ့အရာကိုတော့ စိတ်ကူးမယဉ်ဖို့ကို ဆိုလိုတာပါ။ ဥပမာ- အာကာသယာဉ်မှူး ဖြစ်ချင်တယ်၊ သင်နိုင်ငံမှာ အဲ့သည့်အလုပ်မရှိသလို၊သင်ပေးနိုင်တဲ့ကျောင်းလည်းမရှိပါဘူး။ ကိုယ်ကိုယ်တိုင်လည်း နိုင်ငံခြားကိုသွားပြီး မလေ့လာနိုင်ရင်တော့ မဖြစ်နိုင်ဘူးလို့ပြတ်ပြတ်ဘဲပြောပြရစေ။

၅) ရွေးချယ်မှုပြုလုပ်ခြင်း။
နောက်ဆုံးအထက်အပါအချက်တွေနဲ့စမ်းစစ်ပြီးရင် ကို်ယ်နဲ့အနီးစပ်ဆုံးအလုပ်အကိုင် ၃ခုလောက်ထွက်လာပါလိ့မ်မယ်။အဲ့ကျရင် တစ်ခုချင်းစီရဲ့ အားသာချက်၊အားနည်းချက်၊စတာတွေကိုတွက်ချက်ကြည့်ပါ။ တချို့ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ income ကိုဖယ်ခဲ့လို့ရပါတယ်။

ကိုယ့်ဘဝအတွက်အရေးကြီးဆုံးကဘာလဲ..ဝါသနာလား
တချို့ကျမိဘကိုပြန်ကြည့်ရမှာ ဘာညာရှိတဲ့သူတွေလည်း income, time ကိုသေချာပြန်စမ်းစစ်ပါ
ဒါတင်မဟုတ်ဘဲ အဲ့ career နဲ့ပတ်သတ်တဲ့ကျောင်းကိုတက်ရင် ငွေကြေး(ကျောင်းလခ) ဘယ်လောက်ကုန်မှာလဲ၊ ဘယ်နနှစ်တက်ရမှာလဲ ကအထိ compare ပါ။ ပြီးမှကိုယ်နဲ့အသင့်တော်ဆုံးကိုရွေးပါ…ဒီstep ကတော့မိမိဘာသာတစ်ဦးတည်းဆုံးဖြတ်သင့်တဲ့step မို့ တခြားသူအကူအညီမယူပါနဲ့လို့အကြံပေးပြရစေ
ဆုံးဖြတ်ပြီးတဲ့ career ကိုစိတ်ရော၊ကိုယ်ရောပေါက်မြောက်အောင်လုပ်နိုင်ကြပါစေ
#takeyourtimebyeric