Influencer Marketingကတော့ ကျွန်တော်တို့ နေ့စဥ်အသုံးပြုနေတဲ့ Social Mediaတွေ (ဥပမာ- Facebook , Instagram, Youtube ) လိုမျိုးအရာတွေကနေတစ်ဆင့် စျေးကွက်ချဲ့ထွင်ခြင်း ပုံစံတွေထဲကတစ်ခုပါဒီနေရာမှာ Influencerဆိုတာကတော့ အများစုရင်းနှီးပြီးသား ဖြစ်မှာပါသူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်တွေမှာ အတွေ့အကြုံရှိတဲ့သူတွေ social mediaပေါ်မှာ ပရိတ်သတ်အားပေးမှု ရရှိထားသူတွေပါဝင်ပါတယ်။ဥပမာ – beauty blogger, food blogger, travel bloggerတွေနဲ့ motivational speakersတွေလိုမျိုပေါ့ Influencerတွေဆိုတာ တကယ်တော့ third partyလို့ပြောရမှာပါပဲ။
သူ့ကိုအားပေးနေတဲ့သူတွေရဲ့ အမြင်အပေါ် အနည်းနဲ့အများ လွှမ်းမိုးနိုင်စွမ်းရှိကြပါတယ်. Customerတွေရဲ့ ကုန်ပစ္စည်းအပေါ် အမြင်တွေ ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ချက်တွေကို အကောင်းဘက်ကို ပုံသွင်းကြတယ်လို့ ပြောရင်ပိုမှန်ပါတယ်
(ဥပမာ-ကိုယ်က ပစ္စည်းတစ်ခုကို ဝယ်ဖို့စဥ်းစားနေတယ် အဲ့အချိန်မှာ ကိုယ်အားပေးတဲ့ followထားတဲ့ influencerတစ်ယောက်က ခုနကပစ္စည်းကို ကောင်းကြောင်း သုံးသင့်ကြောင်း recommendပေးထားတာကို တွေ့လိုက်ရတယ်
အဲ့ပစ္စည်းအပေါ် အနည်းနဲ့အများယုံကြည်မှုတိုးချင်တိုးလာမယ် အဆုံးမှာ ဝယ်လိုက်တာမျိုးပေါ့)
Influencerတွေကို အမျိုးအစားခွဲကြည့်ကြရအောင်ပါ …
Market-research နည်းလမ်းတွေကို အသုံးပြုပြီးတော့လဲ ဘယ်လို Influencer မျိုးလဲဆိုတာ ခွဲခြားသတ်မှတ်လို့ရပါသေးတယ်
(1) Activists
(ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တယ် သူတို့တွေကျတော့ အဖွဲ့အစည်းတွေ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပရဟိတလုပ်ငန်းတွေနဲ့ အများဆုံး ပါဝင်ပတ်သက်လေ့ရှိတယ်)
(2) Connected Influencers
(သူတို့တွေမှာတော့ ကြီးမားကျယ်ပြန်တဲ့ Social Networkတွေရှိကြတယ် ဥပမာ Social mediaမှာ followersများတဲ့သူတွေ နာမည်ကြီးတဲ့သူတွေပေါ့)
(3) Authoritative Influencers
(လူအများရဲ့ ယုံကြည်ခြင်းခံရသူတွေကိုဆိုလိုပါတယ်)
(4) Trendsetters
( အသစ်သစ်သော ideaတွေ စိတ်ကူးစိတ်သန်းတွေနဲ့ social mediaပေါ်မှာ Trendတစ်ခုကို ဖန်တီးပေးတတ်သူတွေ )
Influencersတွေဟာ များသောအားဖြင့် customerတွေအပေါ် အာရုံစိုက်ကြရပါတယ်. စီးပွားရေးစျေးကွက်မှာတော့ စားသုံးသူတွေရဲ့ တစ်ဆင့်စကားတစ်ဆင့် ပျံ့နှံ့တာဟာ အရမ်းအရေးကြီးလို့ပါပဲ
Influencersတွေဟာ ပစ္စည်းတစ်ခုရဲ့ ဝယ်လိုအားကို အကျိုးသက်ရောက်မှုရှိတာမှန်တယ်. သို့ပေမဲ့ ဒီကုန်ပစ္စည်းကြီးတစ်ခုလုံးရဲ့ ဝယ်လိုအားဖြစ်စဥ်တစ်ခုလုံးဆိုတာထက် ဝယ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချအောင် နောက်ကတွန်းအားပေးတဲ့ သဘောမျိုးလေးပါပဲ
Influencer တွေကို Follower အနည်းအများပေါ်မူတည်ပြီး Mega, Macro, Micro, Nano ဆိုပြီးလည်း ခွဲခြားနိုင်ပါသေးတယ်
Influencer Marketing မှာတော့ Influencerတွေ ကိုယ်တိုင်က ကုန်ပစ္စည်းကို ထောက်ခံချက်ပေးတာမျိုး ၊ သူတို့ရဲ့ Contentsတွေ videoတွေ photoတွေမှာ ကုန်ပစ္စည်းတွေကို placementသဘောမျိုးနဲ့ သွယ်ဝိုက်ကြော်ငြာတာမျိုးပေါ့
အဓိကရည်ရွယ်ချက်ကတော့ ကုန်ပစ္စည်း စျေးကွက်ချဲ့ထွင်ဖို့ လူတွေရဲ့အာရုံစိုက်မှုရရှိဖို့ပါပဲ
Types of Influencer Campaigns?
ကိုယ့်ရဲ့ ကုန်ပစ္စည်းဟာ သာမန်ထက်ပိုပြီး အာရုံစိုက်မှုပိုလိုချင်တဲ့အခါ Discount ချတာ Giveawayပေးတာလိုမျိုး Campaignတွေ လုပ်ဆောင်လေ့ရှိကြပါတယ်
ဘယ်လို Campaign အမျိုးအစားတွေပါဝင်လဲ ကြည့်လိုက်ကြရအောင်ပါ
Discount Codes and Affiliate Marketing
Discount code အကြောင်း အမြင်သာဆုံးပြောရရင် Grab food တို့လို food delivery လုပ်ငန်းတွေကနေ မှာရင် Discount codeရမယ် စျေးပိုသက်သာမယ်ဆိုတာမျိုးပါ.
Affiliate Marketing လို့ခေါ်တဲ့ လုပ်ငန်းအချင်းချင်း ပူးပေါင်းလုပ်ဆောင်တာမျိုးကလည်း ဒီမှာတစ်ခါတည်းပါပြီးသားပါ
Grab foodလို Delivery service နဲ့ restaurant နဲ့ ပူးပေါင်းလိုက်သလိုပေါ့
Competitions and Giveaways
ဒါတွေကတော့ အခုချိန်မှာ လုံးဝတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ နည်းလမ်းတွေလို့ပြောလဲ မမှားပါဘူး. ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ ပြိုင်ပွဲလေးတွေလုပ်ရင်း လူစိတ်ဝင်စားမှုများအောင် လူသိလာအောင် လုပ်တာမျိုးပါ
Giveaway ဆိုတာလဲ ထိုနည်းလည်းကောင်းပါပဲ။
Credit:-Moe Myint Thidar
