coviddelta

အနံမ​ပျောက် အရသာမ​ပျောက်Covid 19 လက္ခဏာမပြ နှာ​ခေါင်း အာ​ခေါင်ကို​ကျော်ပြီးအဆုတ်ထဲတိုက်ရိုက်ဝင်တာမျိုးကွဲ Covid-Delta Virus ပါတယ်

​အောက်ဆီဂျင်ကျ​တော့မှပဲတရားခံမိတယ်

Covid-Delta မျိုးစိတ်အသစ်ကို ကာကွယ်နိုင်ရန် Maskနှစ်ထပ်တပ်ဆင်ပါ။

Covid-Delta သည် ကွဲပြားခြားနားစွာ အသက်အန္တရာယ် ရှိပြီး စမ်းသပ်လို့မရနိုင်သော လက္ခဏာရှိသည်။ Covid-Delta virus၏ လက္ခဏာအသစ်မှာ ချောင်းမဆိုး မဖျားပါ။ ဖြစ်တတ်သည်မှာ အဆစ်အမြစ်နာခြင်း၊ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နောက်ကျောနာခြင်း၊ အဆုတ်ရောင်ရောဂါ(နမိုးနီးယား)၊ အားနည်းခြင်း၊အစာ စားချင်စိတ် လျော့နည်းခြင်းတို့ ဖြစ်ပါသည်။

မျိုးစိတ်သစ် Covid-Delta သည် ကူးစက်ပိုမြန်ပြီး သေနှုန်း မြင့်မားပါသည်။ အချိန်တိုတွင်း ရောဂါပြင်းထန်ပြီး တခါတရံ လက္ခဏာ မပြပါ။သို့ပါ၍ ပိုပြီးဂရုစိုက်ကြပါ။ ပိုးသည် အာရုံခံအပိုင်းများတွင် မရှိနေပဲ အဆုတ်ကို တိုက်ရိုက် ထိခိုက်စေပါသည်။ နာကျင်မှုမရှိပဲ အဖျားမရှိတဲ့ပိုးတွေ့လူနာများကို တွေ့ခဲ့ပါ သည်။ သို့သော် X-ray ရိုက်ကြည့်မှသာ နမိုးနီးယားအပျော့စား တွေ့ရှိရသည်။ နှာခေါင်းတို့ဖတ်ယူခြင်းသည် Covid-Delta result ကို Negative သာအပြများပြီး Negative အမှားများ နှာခေါင်းတို့ဖတ်တွင် ပိုများလာသည်။ ၎င်းမှာ Virus ပိုးသည် အဆုတ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး အဆုတ်ယောင်ရောဂါကြောင့်ဖြစ်သော အသက်ရှူရ ခက်ခြင်းကို ဖြစ်ပေါ်စေသည်။

ယခုလိုရှင်းပြရခြင်းမှာ ပိုးသည် ပို၍ပြန့်နှံ့မြန်လာပြီး သေနှုန်းများလာခြင်းကြောင့် ဖြစ်သည်။

  • ပိုပြီးဂရုစိုက်ကြပါ၊
  • လူစုလူဝေးများရှောင်ရှားပါ၊
  • လေဝင်လေထွက်ကောင်းသောနေရာတွင်ပင်1.5m အကွာတွင်နေပါ၊
  • maskနှစ်ထပ်တပ်ပါ၊
  • လက်ကိုမကြာခဏဆေးပါ၊(ချောင်းဆိုးခြင်း၊နှာညှစ်ခြင်းများပြုလုပ်ပြီးတိုင်းလက်ဆေးပါ)။

ယခုလှိုင်းဟာ ပထမလှိုင်းထက်စာလျှင် သေနှုန်းပိုများပါသည်။ ဒါကြောင့်ပိုမိုဂရုစိုက်ပြီး ကြိုတင်ကာကွယ်ထားကြရန် လိုအပ်ပါသည်။