မဟာဗောဓိမြိုင်ဆရာတော်

ယနေ့မြန်မာပြည်မှာ ကျနော်အကြည်ညိုဆုံးသံဃာတော်တစ်ပါးဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးပေးတဲ့ အနန္တရေအကြောင်းကိုမိတ်ဆွေတို့အတွက် မျှဝေပေးပါရစေ။ အခုအချိန်အခါအရလည်း မျှဝေဖို့တကယ်လိုအပ်နေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးငယ်စဉ်အခါအသက်လေးဆယ်ဝန်းကျင်လောက်တုန်းက သမထကိုအလွန်ပြင်းထန်တဲ့ဓူတင်တွေနဲ့လုံ့လကြီးစွာအားထုတ်ခဲ့ပါတယ်။ နေသဇ္ဇိကဓူတင်နဲ့အားထုတ်ကျင့်ကြံရာမှာ အနေ၊အစား၊အအိပ်တွေမမှန်တော့တဲ့အတွက် တစ်နေ့တစ်ခြားကျန်းမာရေးချို့ယွင်းလာပါတော့တယ်။ နောက်ဆုံးမှာတော့ သွေးဝမ်းတွေပါလာပြီး လူကမျော့မျော့ပဲကျန်ပါတော့တယ်။

တစ်ညမှာတော့ အိပ်ရင်းနဲ့ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ပါတယ်။ အိပ်မက်ထဲမှာဆရာတော်လောင်းကို နယ်ပြောင်းခိုင်းတာပါ။ အောက်မြန်မာပြည်ကနေ အထက်မြန်မာပြည်ဘက်ကိုပြောင်းပြီး တရားကျင့်ဖို့ပြောတာဖြစ်တယ်။ ဒါနဲ့ဆရာတော်လည်းပြောင်းရတော့တာပေါ့။အထက်မြန်မာပြည်ကို ခရီးသွားရင်းနဲ့မြေလတ်ဒေသမုန်တိုင်ဆည်နားမှ ာခရီးတစ်ထောက်နားတုန် းဥပတိရုပ်ကောင်းကောင်းနဲ့ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်။ ဆရာတော်ကိုဦးချပြီးလျှောက်ထားပါတယ်။

သူလျှောက်ထားတာကိုအတိုချုံးပြီးပြောပြရရင်တော့-`အရှင်ဘုရားမြေတို့မည်သည်ရေနှင့်မကင်းကောင်းပါဘုရား၊အရှင်ဘုရားရဲ့ကိုယ်မှာလည်းမြေဓာတ်၂၀နဲ့တည်ဆောက်ထားလေတော့ရေကိုများများသောက်ပေးဖို့လိုနေတယ်ဘုရား။သောက်နည်းကိုတပည့်တော်ပေးပါရစေ။

၁။ပထမတစ်ကျိုက်သောက်ရင်-ဗုဒ္ဓဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ကဘုရားဂုဏ်တော်ကိုမှန်း။

၂။ဒုတိယတစ်ကျိုက်သောက်ရင်-ဓမ္မဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကတရားဂုဏ်တော်ကိုမှန်း။

၃။တတိယတစ်ကျိုက်သောက်ရင်-သံဃဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကသံဃဂုဏ်တော်ကိုမှန်း။

၄။စတုတ္ထတစ်ကျိုက်သောက်ရင်-မာတာပိတုဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကအမိအဖမျက်နှာကိုမှန်း။

၅။ပဉ္စမတစ်ကြိုက်သောက်ရင်၊အာစရိယဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကမိမိကိုအကျိုးများစေခဲ့တဲ့ဆရာရဲ့မျက်နှာကိုမှန်း။

အဲဒီနည်းနဲ့တတ်နိုင်သလောက်နေ့စဉ်ရေသောက်ပေးပါ၊ အနန္တရေဖြစ်တယ်၊ဒီလိုသာစွဲစွဲမြဲမြဲသောက်ပေးသွားရင်ဆေးမလိုပဲ ရှေးပုဂ္ဂိုလ်တွေလိုအရည်အသွေးအလိုလိုပြည့်မှီလာပါလိမ့်မယ်ဘုရားလို့လျှောက်ထားပြီးနောက်ဆရာတော်လောင်းကိုဦးချပြီးထွက်သွားပါတယ်။

အထက်မြန်မာပြည်ရောက်သွားတော့ဆရာတော်လည်းအဲဒီနည်းအတိုင်းအနန္တရေကိုစသောက်ပါတယ်။ရေသောက်လို့၅ရက်ပြီးမြောက်တဲ့နေ့မှာပဲ၅နှစ်တာခံစားခဲ့ရတဲ့တစ်ကိုယ်လုံးကရောဂါဝေဒနာတွေယူပစ်သလိုပျောက်ကင်းသွားပါတယ်။

ဒီလိုနဲ့တရားအားထုတ်လာခဲ့လိုက်တာယနေ့အချိန်မှာတော့ဆရာတော်ကြီးဟာရဟန္တာကြီးတစ်ဆူအဖြစ်တောင်သမုတ်နေကြပြီမဟုတ်ပါလား။ အနန္တရေဟာအင်မတန်အစွမ်းကြီးပါတယ်။ ဘာကြောင့်လဲဆိုရင်လောကမှာ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့ရဲ့ဂုဏ်ကျေးဇူးနဲ့မေတ္တာဂရုဏာတွေဟာအတိုင်းအဆမရှိမရေတွက်နိုင်လောက်အောင်ကြီးမားလှပါတယ်။

အဲဒီဂုဏ်တွေကမျက်စိနဲ့မမြင်ရပေမဲ့ ရေခွက်ထဲကရေထဲကိုဝင်ရောက်သွားတဲ့အခါမှာ အလွန်စွမ်းတဲ့ဆေးတစ်ခွက်ဖြစ်သွားပြီးမိမိကိုကောင်းကျိုးပြုပေးပါတယ်။ အဲ့လိုရွတ်ပြီးသောက်တာကြာလာလေထုံလာလေအစွမ်းကြီးလေအကျိုးပေးလေပါပဲ။ မိမိကိုယ်တိုင်သာသီလလုံပါစေ၊ အနန္တရေနေ့စဉ်သောက်ရင်ကျန်းမာစေရုံမကအန္တရာယ်လည်းကင်းစေပါတယ်။

မိတ်ဆွေတို့တစ်သက်လုံးသောက်သွားရမယ့် ဆရာတော်ကြီးပေးတဲ့အနန္တရေပဲဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ယ္ခုလည်းအထက်မြန်မာပြည်တစ်နေရာမှာသီတင်းသုံးလျှက်ရှိနေပါတယ်။

ညစဉ်(၇)နာရီတိတိမှာတစ်လောကလုံးကိုမေတ္တာပို့ပါတယ်။ ဆရာတော်ကြီးရဲ့မေတ္တာခံယူချင်တယ်ဆိုရင်ည(၇)နာရီတိတိမှာဆရာတော်ကြီးကိုအာရုံပြုပြီး`ဆရာတော်ပို့သသောမေတ္တာကိုတပည့်တော်မှခံယူပါ၏´ လို့မိမိစိတ်ထဲကနေရွတ်ပေးပါ။ ပို့သတဲ့မေတ္တာကိုရပါလိမ့်မယ်။ဆရာတော်ကြီးပေးတဲ့နည်းကအင်မတန်ရိုးရှင်းလွယ်ကူလှပါတယ်။ စွဲစွဲမြဲမြဲလုပ်သွားရင်အကျိုးကျေးဇူးတွေအများကြီးခံစားရမယ်ဆိုတာကိုကိုယ့်တွေ့နဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးကျန်းမာ၍အသက်ရာကျော်ရှည်ပါစေ။ မိတ်ဆွေအပေါင်းတို့လည်းထာဝရကျန်းမာရွှင်လန်းကြပါစေ။