ဆရာရှင့်၊ ကျွန်မအသက် ၃၄ နှစ်၊ ကိုယ်ဝန် ၁၄ ပါတ်ပါရှင့်၊ ဆရာကြီး ရေးထားတဲ့ Dettol နဲ့ပတ်သက်တဲ့စာ ဖတ်ရလို့ သိချင်တာလေး မေးခွင့်ပြုပါရှင့်၊ ကျွန်မတို့အိမ်မှာ အတူနေသူ တဦးက COVID သံသယ ရှိတာကြောင့် သူအိမ်သာ သွားပြီးတိုင်း Dettol ဖျန်းပါတယ်ရှင့်၊ Dettol အနံ့ကိုရှုမိရင် ကိုယ်ဝန်ဆောင်စဉ် အထဲက ကလေးကို ထိခိုက်နိုင်လား သိပါရစေရှင့်။
Dettol အနံ့ကိုရှုမိရင် ကိုယ်ဝန်ဆောင်ကို ဆိုးကျိုးမဖြစ်စေနိုင်။
နေအိမ် ရုံး အလုပ်နေရာ မျက်နှာပြင်တွေကို ဘယ်လိုသန့်ရှင်းပေးမလဲ
စားပွဲ ကုလားထိုင် ထိုင်ခုံ တခါးလက်ကိုင်နေရာ မီးခလုတ် ရေအိမ်သာ ပိုက်ခေါင်း လက်ဆေးခွက် စတာတွေ။
၁။ သန့်ရှင်းရေးလုပ်တဲ့သူ လက်အိတ်သုံးရမယ်။ နှာခေါင်းစည်းလိုမယ်။
၂။ သန့်ရှင်းရေးလုပ်နေချိန်မှာ လေဝင်လေထွက် ကောင်းရမယ်။
၃။ သန့်ရှင်းရေးလုပ်ရတဲ့ အကြိမ်ရေ နည်းအောင် မလိုအပ်တာတွေ အသုံးမပြုပါနဲ့။
၄။ နေမကောင်းနေသူနဲ့ တတ်နိုင်သမျှ အနီးကပ် မနေပါနဲ့။ သီးခြားထားပေးပါ။ လူနာအတွက် သီးသန့် တစ်ရှူး လက်ဆေးရည် ဆပ်ပြာ စတာတွေ ထားပေးပါ။
၅။ အိမ်ရှိလူကုန် စည်းကမ်းလိုက်နာပါ။ ရုံး အလုပ်နေရာရှိ လူကုန် စည်းကမ်းလိုက်နာပါ။
Surfaces မျက်နှာပြင်
• လက်အိတ်သုံးပါ။ တခါသုံးတစုံ။ ပြန်သုံးလို့ရတာဆိုရင် အဲလိုအလုပ်အတွက် သီးသန့်သတ်မှတ်ထားပါ။
• လက်အိတ်ချွတ်ပြီး ချက်ချင်းလက်ဆေးပါ။
• မျက်နှာပြင်က ညစ်ပေနေရင် ဆပ်ပြာသုံးပြီး အရင်ဆေးပါ။ ပြီးမှ ပိုးသေဆေးသုံးပါ။
• ပိုးသေဆေးမှာ အယ်လ်ကိုဟော ရ၀% ပါတာကောင်းတယ်။
• ချွတ်ဆေး ခေါ် ကလိုရင်းပါ ဘလိချ်ကို ရေရောသုံးနိုင်တယ်။ အသုံးပြုနိုင်တဲ့ နေ့စွဲစစ်ပါ။
• အဲဒီဆေးကို အမိုးနီးယားပါတာနဲ့ မရောပါနဲ့။ တခြားသန့်ရှင်းဆေးရည်တွေနဲ့လည်း မရောပါနဲ့။
Bleach ဘလိချ်ကို ရေရောနည်း
၁။ 5 tablespoons (1/3rd cup) bleach per gallon of water လက်ဖက်ရည်ဇွန်း ၅ ဇွန်း + ရေတဂါလံ သို့မဟုတ်
၂။ 4 teaspoons bleach per quart of water လက်ဖက်ရည်ဇွန်း ၄ ဇွန်း + ရေတကွာတ။
Hand hygiene လက်သန့်ရှင်းရေး
လက်ကို ရေးနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာဆေးပါ။ ဆပ်ပြာသုံးချိန်မရှိရင် မလိုလောက်ရင် အယ်လ်ကိုဟော ၆၀% ပါ hand sanitizer လက်ဆေးရည်သုံးပါ။ လက်ကညစ်ပေနေတာကို မျက်စိနဲ့မြင်နိုင်တာတိုင်းကိုတော့ ဆပ်ပြာနဲ့သာ ဆေးပါ။
ဘယ်အချိန်မှာ လက်ဆေးရမလဲ
• ချောင်းဆိုးပြီးတိုင်း
• နှာချေပြီးတိုင်း
• ထမင်မချက်မီတိုင်း
• အစာမစားမီတိုင်း
• သန့်စင်ခန်းက ထွက်လာတိုင်း
• အိမ်မွေးတိရစ္ဆာန်ကို ကိုင်ပြီးတိုင်း
• လူနာ သို့မဟုတ် ကလေးငယ်ကို ပြုစု လုပ်ကိုင်ပေးပြီးတိုင်း
• မဆေးရသေးတဲ့လက်နဲ့ မျက်နှာ ပါးစပ် မျက်စိ နှာခေါင်းနေရာတွေကို ထိကိုင်တာ မလုပ်ပါနဲ့။
Disinfectants to Control the COVID-19 Virus ပိုးသေဆေး
ပိုးသေဆေးစိုထိုင်းနေချိန်မှာသာ ကိုရိုနာဗိုင်းရပ်စ်စတဲ့ပိုးတွေ ကင်းရှင်းနေပါမယ်။ Surface wipes ဝိုက်အစ ထပ်သုံးလိုက်ရင် ခြောက်တာ မြန်စေမယ်။ စိုနေချိန်ကြာပါစေ။
အခြားလိုအပ်ချက်များ
• ကော်ဇောတို့လို အရာတွေကို သီခြား သန့်ပေးရမယ်။
• လျှော်လို့ရတာတွေကို အဝတ်လျှော်စက်မှာ လျှော်ပါ။
• အဲတာတွေလုပ်တိုင်း လက်အိတ်သုံးပါ။ လက်ဆေးပါ။
• ညစ်ပေနေတာတွေကို လေထဲမှာ မခါပါနဲ့။
• အခန်းအနံ့အသက် စူးရှနေတာ မကောင်း။
• ပြူတင်းပေါက်တွေ သင့်တဲ့အချိန်မှာ ဖွင့်ပါ။
• ပန်ကာ လိုတဲ့အချိန်မှာ ဖွင့်ပါ။
• ကလေးတွေကို ပိုးသေဆေးပါတာတွေ မထိကိုင်ပါစေနဲ့။
• လက်ဆေးရန် disinfectant wipes နဲ့ baby wipes တွေမသုံးပါနဲ့။
• အမှိုက်ပုံး စနစ်တကျစွန့်ပါ။ အမြဲဖုံးထားပါ။ ကိုင်ပြီး လက်ဆေးပါ။
• အိမ်ကို လူဝင်လူထွက် နည်းပါစေ။
Outdoors အပြင်မှာ ဘယ်လိုသန့်မလဲ
၁။ sodium hypochlorite ခေါ် bleach အိမ်သုံးချွတ်ဆေးကို ရေနဲ့ရောသုံးနိုင်တယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ အပြင်အကာကို ဖျက်ဆီးနိုင်သလား မသေချာ။ Bleach ဟာ နေရောင်ထဲက UV light နဲ့တွေ့ရင် ပျက်စီးတယ်။
၂။ ကံကောင်းတာက အဲဒီ UV light က ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တယ်။
၃။ လူတွေကလည်း အိမ်ပြင်မှာ ရှိတာတွေကို ထိကိုင်တာ နမ်းတာ မလုပ်ကြပါ။
သတိထားရမှာက
၁။ ဘလိချ်ကို ရှူမိရင် နေမထိထိုင်မသာ ခံစားရတယ်။ အဲတာကလည်း အသက်ရှူလမ်းကို ဒုက္ခပေးတယ်။ တချို့ ပန်းနာထတယ်။
၂။ အိမ်ပြင်နေရာတွေကို ခဏခဏပိုးသေဆးဖြန်းတာ မှုတ်တာ မသင့်ပါ။
ကိုဗစ်-၁၉ ဗိုင်းရပ် ဘယ်နေရာမျိုးမှာ ဘယ်လောက်ကြာ ရှင်နေနိုင်သလဲ
၁။ လေထဲမှာ ၃ နာရီကြာ၊
၂။ သံမဏိနဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၂-၃ ရက်ကြာ၊
၃။ နောက်သုတေသနတခုအရ သံမဏိနဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်ကြာအထိရှင်တာတွေ့ရတယ်။
၄။ နောက်သုတေသနတခုအရ လူ့အညစ်အကြေးထဲမှာလည်းပါနေနိုင်လို့ တကိုယ်ရေသန့်ရှင်းရေး အရေးကြီးတယ်။
၅။ အမေရိကန် CDC အဆိုအရ သောက်ရေ၊ ရေကူးကန်၊ ရေချိုးကန်တွေကနေ မကူးစက်ပါ။
ရေးသားသူ ဒါက်တာတင့်ဆွေ
