COVID-19 သံသယလူနာ ချောင်းဆိုးလာရင် ဘာလုပ်ရမလဲ❓ ပိုးသတ်ဆေး သောက်ရမှာလား❓ ချောင်းဆိုးတာ အရမ်းကြာနေပြီ ဘယ််တော့ပျောက် မှာလဲ❓
✅ ချောင်းဆိုးတဲ့အခါမှာ သလိပ် ထွက် မထွက်၊ သလိပ် အရောင်နဲ့ သွေး ပါ မပါကို သတိထားကြည့်ပေးပါ
✅ သလိပ်မထွက်ဘဲ ချောင်းခြောက်ဆိုးတာ၊ သလိပ် အကြည်ပဲ ထွက်တာမျိုးဆို ချောင်းဆိုးပျောက်ဆေးကို တနေ့ နှစ်ကြိမ်/သုံးကြိမ်သောက်ပေးပါ
🟥 သလိပ်ပျစ်လာပြီး အဝါရောင် အစိမ်းရောင်တွေ ပြောင်းလာရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ် ( ပိုးသတ်ဆေးကို ကိုယ့်သဘောနဲ့ ကိုယ် သောက်တာမျိုးလည်း မလုပ်ပါနဲ့ ဆေးမတိုးတော့တာ၊ နှလုံးထိခိုက် မှုရှိတာတွေ ရှိနိုင်လို့ ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးအမျိုးအစားကိုပဲ သောက်ပေးပါ )
🩸 ချောင်းအရမ်းဆိုးတဲ့အခါမှာ သွေးစ ပါလာတာ၊ ရင်ဘတ်အောင့်တာတွေပါ ရှိလာနိုင်ပါတယ်… ချောင်းဆိုးတာများလို့ ဖြစ်နိုင်သလို၊ အဆုတ်ဆီသွားတဲ့ သွေးကြောပိတ်တာလည်း ဖြစ်နိုင်လို့ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ ( လိုအပ်ရင် ဆေးကုသမှု ခံယူရပါမယ် )
🌬️ COVID-19လူနာတွေမှာ တချို့က ကျန်တဲ့ရောဂါလက္ခဏာတွေ ပျောက်သွားပေမယ့် ချောင်းဆိုးမပျောက်ဘဲ နှစ်ပတ်ကျော်ကြာနေတာမျိုး ဖြစ်တတ်ပါတယ်။
😷 ကိုယ်ကနေ သူများဆီကို ပိုးဖြန့်နိုင်ခြေရှိနေသေးလို့ အခြားရောဂါလက္ခဏာတွေ ပျောက်သွားပြီး ချောင်းဆိုးတာတခုပဲ ကျန်နေရင်လည်း သီးသန့်ခွဲနေတာ၊ mask တပ်တာကို ဆက်လုပ်ပေးပါ…
