sleeping

• ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝပြောင်းလဲဖြစ်စဉ်များဟာကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရပြီးအရည်လောင် ကျွမ်းမှုဟာအဆိပ်အတောက်ဖြစ်ပေါ်စေပါတယ်။

• သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများဟာကျန်းမာရေးအဆိုးများပါတယ်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်၀န်မရရှိနိုင်ခြင်းရောဂါများပိုမိုဖြစ်တတ်ပါတယ်။

၁။ ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှားဆုံးအချိန်(စာကျက်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်)

၂။ ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (ကလေးသူငယ်များရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်ရင် ကောင်းပါတယ်။)

၃။ ည ၁၁-နာရီမှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥတည်ဆောက်ချိန်

၄။ နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်းရဲ့အချိန်

၅။ နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှူစနစ်အတွက်အချိန်

၆။ နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်းအနှေးဆုံးအချိန်(နံနက် ၄နာရီဟာ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်တဲ့အချိန်ဖြစ်ပါတယ်။ ဘိုးဘွားများနံနက် ၅-နာရီကျော်မှလမ်းလျှောက်ထွက်သင့်ပါတယ်။)

၇။ နံနက် ၅-နာရီ မှ နံနက် ၉-နာရီ = အူမကြီးနဲ့ အစာအိမ်အလှုပ်ရှားဆုံးအချိန်(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာ စားသင့်ပါတယ်)

• ခဏခဏအိပ်ရေးပျက်ခံသူဟာ ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်တဲ့ ရောဂါမျိုးထက် ငါးဆပိုဖြစ်ပါတယ်။

• • • ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီအိပ်ရမည်။

• • • မဖြစ်မနေ ညအလုပ် လုပ်ရန်ရှိသည်ဆိုလျှင်လည်း (အသားမပါသော) ညလယ်စာ စားထားပေးရန် လိုအပ်ပါတယ်။

ရေးသားသူ ပါမောက္ခ ဒေါ်ခင်ဖြူ