medical box

ဆေးဝယ်လို့ရလျှင် ဆောင်ထားကြပါ။

ဖျားလျှင်

Paracetamol 500mg
မနက် နေ့ ည or ၆ နာရီခြား
(၂ လုံး ၆ နာရီခြားထိ တိုက်နိုင်ပါသည်)
ရေဝတ်တိုက်ပါ။
၂၄ နာရီ တိ တိ မဖျားလျှင် ရပ်ပါ။
(ကလေးဆိုလျှင် 10-15mg/kg 4 times /day)
or
Paracetamol Suppository 500mg စအိုထဲ ထည့်ပါ
၆ နာရီခြား အထိ ထည့်နိုင်သည်။
or
Diclofenac suppository 100mg ကို စအိုထဲ ထည့်ပါ။
ကျောက်ကပ်နှင့် အစာအိမ် ရောဂါ မရှိသူများ ၈နာရီခြား ထည့်နိုင်သည်။
သွေးယိုသော လက္ခဏာ ရှိလျှင်မသုံးပါနှင့်။
ကလေးနှင့် ကိုယ်ဝန်ဆောင် များ မပေးရ။

ကိုယ်လက်ကိုက်ခဲလျှင်

paracetamol 500mg
မနက် နေ့ ည or ၆ နာရီခြား
or
Aclofenac 100mg မနက် ည
(အစာစားပြီးမှ သောက်ပါ)
or
Ibupeofen 200-400mg
မနက် ည or မနက် နေ့ ည
(အစာ စားပြီးမှ သောက်ပါ)
or
Diclofenac 100mg suppository
မနက် နေ့ ည စအို ထဲ ထည့်နိုင်သည်
(ကျောက်ကပ်ရောဂါ ရှိလျှင် မသုံးသင့်ပါ)

နှာရည်ယိုနှာပိတ်လျှင်

cetrizine မနက် ည
or
levocetrizine မနက် ည
(သက်သာလျှင်ရပ်ပါ)
မသက်သာလျှင်…
Affrin Nasal drop ကို နှာခေါင်းထဲ မနက် ည ၂ စက် စီ ထည့်ပါ။ (ရက်ရှည် မထည့်သင့်ပါ)

ချောင်းဆိုးလျှင်

Presco or Detussin or Atussin or Dextrocough or Tussolid or Bronchest မနက် နေ့ ည သောက်ပါ
(မဆိုးတော့လျှင် ရပ်ပါ)

သလိပ်ရှိလျှင်၊#လည်ချောင်းနာလျှင်

ပိုးသတ်ဆေး (Antibiotics) သောက်ရန်လိုပါသည်။
(ဆရာဝန်၏ ညွှန်ကြားချက် ဖြင့်သာသောက်ရန်)
Amoxicillun 500mg ၂ကဒ်
မနက် နေ့ ည ရ ရက် ။
or
Azithromycin 250 mg
မနက် ည ၃ မှ ၆ရက် အ ထိ ။
or
Coamoxiclav 625mg 2ကဒ်
မနက် နေ့ ည ရရက်
နှင့်

လည်ချောင်းနာလျှင်

Strepsil or Degirol or Mybacin ငုံးဆေးပြား
မနက် နေ့ ည ငုံပါ
(သက်သာလျှင်ရပ်ပါ)

ဝမ်းလျှောလျှင်

ဓာတ်ဆား (ORS) တိုက်ပါ။
ချွေးထွက်လျှင် တိုက်ပါ။
ဝမ်းသွားလျှင် တိုက်ပါ။

အန်လျှင်

Domperidone 10mg
မနက် နေ့ ည
အစာ မစားမီ နာရီဝက် ခန့် ကြို သောက်ပါ ။
(မအန်တော့လျှင် ရပ်ပါ)
ဓာတ်ဆား သောက်ပါ

Cevit 100mg ၂၀လုံး ဝယ်ပါ

မနက် ည ၂ လုံးစီ သောက်ပါ
(တတ်နိုင်လျှင် Nat C or Vitacee or Enervon C or Vicee တရက် တလုံးသောက်ပါ)
(တိုင်နိုင်မှ သောက်ကြပါ)

သက်စောင့်ဓာတ်အားဆေး တရက် တလုံး

(တတ်နိုင်မှ သောက်ကြပါ)
Supravit
Zincovit
Becozinc
Nutrivita
Revicon max
ကို​ယ်တတ်နိုင်တာ တစ်မျိုး သောက်ပါ။
(သောက်ကို သောက်ရမည် မဆိုလိုပါ၊ အစာမဝင်မှသာ လိုပါသည်)

အသားဓာတ်အားဆေး တရက် တလုံးသောက်ပါ

Protinet
(သောက်ကို သောက်ရမည် မဆိုလိုပါ၊ အစားမဝင်မှ သာ လိုပါသည်)

ဆောင်ရန်

အာဟာရ ဖြစ်တာအကုန်စားပါ
ဝအောင်အိပ်ပါ
စိတ်ကျန်းမာအောင်နေပါ
ပျော်ပျော်နေပါ
ပြန်လည
Mask တပ်ပါ
မလိုအပ်ပဲ အိမ်ပြင် မထွက်ပါနဲ့

မောလျှင် ဆေးရုံ တက်ပါ။

အိမ်မှာကုသူများ Pulse oximeter (သွေးတွင်း အောက်ဆီဂျင် ဆိုင်း ကိရိယာ) ဝယ်ထားစေချင်ပါသည်။
95 အထက်ဆိုလျှင် ကောင်းသည်။
90 အောက်ကျလျှင် ဆေးရုံ တက်သင့်သည်။အောက်ဆီဂျင် ရှုသင့်သည်။မှောက်လျက်နေပါ။
Covid ကာကွယ်ဆေးထိုးရန် မဖြစ်နိုင်သည့် အနေအထား ဖြစ်၍ Mask တပ်၊ လက်ဆေးခြင်း သည်သာ အဓိက ကာကွယ်ရေး လက်နက်ဖြစ်သည်
အားလုံး ကိုဗစ်ရန်မှ ကင်းဝေးကြပါစေ။