• Oxygen Concentrator တွေကို Safe Guard ခံပြီးမှ သုံးရပါမယ်
  • Maintenance cleaning လုပ်ပြီးကာစ ရေအစိုဓာတ် ကျန်နေသေးရင် လုံးဝခြေက်သွားမှ ပြန်သုံးပါ
  • စက်ရဲ့ အောက်ခြေမှာ Transport အတွင်းစိတ်ချရအောင် ချည်ထားတဲ့ကြိုးရှိတတ်ပါတယ်မသုံးခင် အဲ့ကြိုးကိုဖြတ်ပါ(အချို့စက်မှာ မပါပါစက်အောက်ခြေကို မ,ကြည့်ပါ)
  • စက်ကို သယ်တဲ့အခါ လှဲပြီးမသယ်ရပါ
  • စက်အမျိုးအစားပေါ်မူတည်ပြီး အဖွင့်ခလုတ် တစ်ခု or နှစ်ခု ပါတတ်ပါတယ်အိမ်ကတလုံးဆို ပထမခလုတ်နှိပ်ပြီး ကွိကွိကွကွစကားပြောသံဆုံးမှ နောက်ခလုတ်ကိုဖွင့်ရပါတယ်
  • ပြီးမှ Flow meter ကို 1L မှစကာ 2L… 3L… ဖြေးဖြေးချင်းတင်သွားပါ။ ဖွင့်ပြီးပြီးချင်း 5L 10L တန်းတင်တာမျိုး မလုပ်ပါနဲ့
  • စက်ပြန်ပိတ်မယ်ဆိုလည်း တဆင့်ချင်းစီ Flow meter ပိတ် ပြီး Off button နှိပ်
  • Humidifier ရေထည့်သည့်ခွက်ထဲကို max နဲ့ mini အမှတ်ကြားရေထည့်ပါ အပြည့်ကြီးမထည့်ပါနဲ့ ရေသန့်ပဲသုံးပါ။ ပူလွန်းသောရေ ရေအေး မဖြစ်ရပါ။ ပုံမှန်ပဲထည့်ပါ
  • ရေကိုတစ်နေ့တစ်ခါလဲပေးရပါမယ်။
  • ခွက်နှင့်ပိုက်ကို တစ်နေ့တစ်ခါ ဆေးပေးရပါမယ်(ရေနွေးနဲ့ ဆပ်ပြာသုံးပြီးဆေးလို့ရပါတယ် သို့ White vinegar တစ်ဆ ရေသုံးဆ ရော ခဏစိမ်ထားပြီး ဆေးလို့လည်းရပါတယ် (Germicide)အနံ့ပျောက်အောင်တော့ သေချာပြန်ဆေး)
  • Filter ကိုသုံးတာကြာလာရင် အရမ်းညစ်ပတ်နေရင် Filter သန့်ရှင်းရေးလုပ်ပါ လဲဖို့လိုအပ်နိုင်ပါတယ်
  • စက်ကို ကော်ဇောပေါ်မတင်ရပါ ကော်ဇောမှဖုန်များစက်မှတစ်ဆင့်ဖြတ်လာနိုင်ပါတယ်
  • နံရံများ ပစ္စည်းများနှင့် အနည်းဆုံး ၂ ပေခန့်ခြားထားပါတတ်နိုင်သမျှ Space ရှိသော နေရာကျယ်ကျယ်မှာထားပါအပူများလွင့်စေရန်အတွက်ပါ (စက် heat ထွက်တဲ့နေရာကိုပန်ကာနဲ့ပါ မှုတ်ထားရင် ပိုအသုံးခံမလားပဲ Computer တွေလိုပေါ့ )
  • စက်ကို ၅ နာရီခန့် သုံးပြီးလျင် ၁ နာရီခန့် အနားပေးပါ (အချို့တေက ဘယ်နှစ်နာရီထိခံတယ် ဘာညာပြောပေမယ့် မသေချာပါ စက်ပျက်ရင် တိုင်ပတ်မှာ ကိုယ်ပါ အာ့ကြောင့် ယုယုယယ ကိုင်တွယ်သုံးစွဲပါ)
  • အောက်စီဂျင်ကို မပြတ်တမ်းရှူဖို့ လိုအပ်နေတဲ့သူဆိုရင် Concentrator အပြင် Cylinder ပါဆေင်ထားရပါမယ်မီးပျက်တဲ့ အချိန် စက်နားတဲ့အချိန် သုံးဖို့ပါ-စက်ကို အသုံးမပြုမီ Manual guidebook ကိုဖတ်ပါ